လူနာ ေတြ ဒီထက္ ပိုမ်ားလာရင္ ေလာ့ေဒါင္း လုပ္တာ အေျဖမွန္ ဟုတ္ပါေတာ့ မလား

အစိုးရ ခုထိ lockdown မလုပ္ေသးတာ မွန္တယ္။ ဒဲ့ပဲ ေထာက္ခံပလိုက္မယ္။ ခုမွ ထလုပ္မယ္ ဆိုရင္ေတာ့ တုံ႔ျပန္တာေႏွးလြန္းလို႔ ဆဲရမွာပဲ (မေန႔ကေတာ့ ရခိုင္ၿမိဳ႕ အခ်ိဳ႕မွာ stay at home စၿပီဆိုတာ ျမင္လိုက္တယ္)။ ဘာလို႔ မလုပ္တာမွန္လဲ?

This photo taken on April 16, 2020 shows a dog (bottom L) resting on a deserted road in Yangon. – The Yangon government announced a 10pm to 4am curfew to begin on April 18 amid fears of the COVID-19 coronavirus pandemic. (Photo by Ye Aung THU / AFP)

အဓိကအခ်က္က အခုပိုးက ေပ်ာ့ပါတယ္။ သက္ေသကေတာ့ စစ္ေတြ ေဆး႐ုံႀကီးက ဆရာဝန္တင္ထားတာရွိပါတယ္။ အခုလူနာေတြထဲမွာ SPO2 လို႔ေခၚတဲ့ ေသြးတြင္း ေအာက္ဆီဂ်င္ေပ်ာ္ဝင္ႏႈန္း က်တဲ့သူ လုံးဝမရွိေသးပါဘူးတဲ့။ အရင္ ကိုဗစ္ပိုးတုန္းက ႏိုင္ငံတကာမွာ အသက္ရႈစက္တင္ရတယ္၊ အဆုတ္ေတြပ်က္ၿပီး ေသတယ္ ဆိုတာရဲ႕အစက SPO2 95% ေအာက္က်ရာက စတာပါ။ သူစၿပီးမက်ရင္ ဘာမွ မျဖစ္ပါဘူး။ ဒီေတာ့ ျဖစ္ရင္ေတာင္ ဖ်ားနာ႐ုံေလာက္နဲ႔ ၉၉% ေသာ လူေတြၿပီးသြားမွာပါ။ ေျပာစရာ ရွိတာ က်န္တဲ့ ၁% က ေသပေစလား၊ လူမဟုတ္လို႔လားလို႔ ကြၽန္ေတာ့္ကိုဆဲရန္ရွိပါတယ္

အဲ့မွာေျပာခ်င္တာ ၿပီးခဲ့တဲ့ Stay at Home ကာလမွာ ေတြ႕ရတဲ့ ကိစၥေတြပါ။ ျပေနၾကေဆးခန္းမဖြင့္လို႔၊ ေဆး႐ုံမသြားရဲလို႔၊ ေဆး႐ုံက လူနာသစ္လက္မခံလို႔ လက္ရွိေရာဂါေတြထိန္းမရျဖစ္ၿပီး ေသသြားတဲ့သူေတြၾကားပါတယ္။ ဘယ္ႏွစ္ေယာက္ေတာင္ရွိမလဲ အတိအက်မသိေပမယ့္ ကိုဗစ္ေၾကာင့္ေသတဲ့သူ ၆ ေယာက္ထက္ နည္းမွာ မဟုတ္ဖို႔ ေသခ်ာသေလာက္ပါ။ ကိုဗစ္ျဖစ္တဲ့ ၆ လ ေလာက္အတြင္းမွာ တျခားေရာဂါေတြနဲ႔ ပုံမွန္ေသေနတာလဲ နည္းတာမဟုတ္ပါ။ လက္ရွိ အခ်က္အလက္မ်ားအရ ေသြးလြန္တုတ္ေကြးေလာက္ေတာင္ ေၾကာက္ဖို႔မေကာင္းေတာ့ပါ။

က်န္းမာေရးအျပင္ တကယ္ႀကီး သက္ေရာက္မႈၾကမ္းတဲ့ စီးပြါးေရးကိစၥေတာ့ လူတိုင္းသိၿပီးျဖစ္လို႔ ထည့္မေျပာေတာ့ပါ။ အစိုးရပါ ဂါေနပါၿပီ၊ အခြန္လိုက္ညႇစ္လဲ ျပည္သူေတြ အလုပ္မလုပ္ရဘဲ ထြက္စရာ မ်ားမ်ားမက်န္ပါ။ ဒီေတာ့ အၿပီးျပန္ပိတ္တာထက္ ကိုဗစ္နဲ႔ ယွဥ္တြဲေနထိုင္ အလုပ္လုပ္ကိုင္ႏိုင္ေရးကိုပဲ အားေပးပါတယ္။ အစိုးရကိုလဲ အဲ့လမ္းပဲသြားေစခ်င္ပါတယ္။ စကတည္းကလဲ အဲဒီလမ္းေၾကာင္းကို ေျပာလာတာပါ။

စစ္ေတြေဆး႐ုံကေတာ့ လူနာရာေက်ာ္ၿပီဆို ဂ႐ုမစိုက္ႏိုင္ေတာ့လို႔ အိမ္မွာပဲ ကြာထားၿပီး အဖ်ားျပင္းမွ ေဆး႐ုံလာေစမယ့္စနစ္ကို ေျပာင္းေတာ့မယ္လို႔သိရတယ္။ ႏိုင္ငံႀကီးတိုင္းသုံးေနတဲ့စနစ္ပါ။ မဟုတ္ရင္ က်န္းမာေရးဝန္ထမ္းေတြ မႏိုင္ပါဘူး။ ဒါလဲ အႀကီးအက်ယ္ေထာက္ခံပါတယ္ မကူးဖို႔ ထိန္းရမွာ ပညာေပးရမွာဆက္လုပ္ပါ။ ဒါေပမယ့္ ေခါင္းေဆာင္ေတြ အေၾကာက္မလြန္ဖို႔ လိုပါတယ္။ အဆဲမခံရေအာင္ အကုန္လိုက္ပိတ္ဖို႔ မလိုပါဘူး။ အရင္အရမ္းေျခာက္ထားတဲ့ဟာ ျပန္ျဖည္ဖို႔ ျပည္သူလူထုကို ေသခ်ာရွင္းျပဖို႔ပဲလိုတာပါ။ အမ်ားႀကီး မကူးဖို႔ ထိန္းရပါမယ္ ပညာေပးရပါမယ္၊ ပိတ္ေတာ့ မပိတ္ရပါဘူး။ လူတိုင္း ကိုယ့္အသိစိတ္နဲ႔ကိုယ္ လုပ္ဖို႔ ေ႐ြးခ်ယ္ခြင့္ေပးရပါမယ္။

Kyaw Kyaw Sai

unicode

လူနာ တွေ ဒီထက် ပိုများလာရင် လော့ဒေါင်း လုပ်တာ အဖြေမှန် ဟုတ်ပါတော့ မလား

အစိုးရ ခုထိ lockdown မလုပ်သေးတာ မှန်တယ်။ ဒဲ့ပဲ ထောက်ခံပလိုက်မယ်။ ခုမှ ထလုပ်မယ် ဆိုရင်တော့ တုံ့ပြန်တာနှေးလွန်းလို့ ဆဲရမှာပဲ (မနေ့ကတော့ ရခိုင်မြို့ အချို့မှာ stay at home စပြီဆိုတာ မြင်လိုက်တယ်)။ ဘာလို့ မလုပ်တာမှန်လဲ?

This photo taken on April 16, 2020 shows a dog (bottom L) resting on a deserted road in Yangon. – The Yangon government announced a 10pm to 4am curfew to begin on April 18 amid fears of the COVID-19 coronavirus pandemic. (Photo by Ye Aung THU / AFP)

အဓိကအချက်က အခုပိုးက ပျော့ပါတယ်။ သက်သေကတော့ စစ်တွေ ဆေးရုံကြီးက ဆရာဝန်တင်ထားတာရှိပါတယ်။ အခုလူနာတွေထဲမှာ SPO2 လို့ခေါ်တဲ့ သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်း ကျတဲ့သူ လုံးဝမရှိသေးပါဘူးတဲ့။ အရင် ကိုဗစ်ပိုးတုန်းက နိုင်ငံတကာမှာ အသက်ရှုစက်တင်ရတယ်၊ အဆုတ်တွေပျက်ပြီး သေတယ် ဆိုတာရဲ့အစက SPO2 95% အောက်ကျရာက စတာပါ။ သူစပြီးမကျရင် ဘာမှ မဖြစ်ပါဘူး။ ဒီတော့ ဖြစ်ရင်တောင် ဖျားနာရုံလောက်နဲ့ ၉၉% သော လူတွေပြီးသွားမှာပါ။ ပြောစရာ ရှိတာ ကျန်တဲ့ ၁% က သေပစေလား၊ လူမဟုတ်လို့လားလို့ ကျွန်တော့်ကိုဆဲရန်ရှိပါတယ်

အဲ့မှာပြောချင်တာ ပြီးခဲ့တဲ့ Stay at Home ကာလမှာ တွေ့ရတဲ့ ကိစ္စတွေပါ။ ပြနေကြဆေးခန်းမဖွင့်လို့၊ ဆေးရုံမသွားရဲလို့၊ ဆေးရုံက လူနာသစ်လက်မခံလို့ လက်ရှိရောဂါတွေထိန်းမရဖြစ်ပြီး သေသွားတဲ့သူတွေကြားပါတယ်။ ဘယ်နှစ်ယောက်တောင်ရှိမလဲ အတိအကျမသိပေမယ့် ကိုဗစ်ကြောင့်သေတဲ့သူ ၆ ယောက်ထက် နည်းမှာ မဟုတ်ဖို့ သေချာသလောက်ပါ။ ကိုဗစ်ဖြစ်တဲ့ ၆ လ လောက်အတွင်းမှာ တခြားရောဂါတွေနဲ့ ပုံမှန်သေနေတာလဲ နည်းတာမဟုတ်ပါ။ လက်ရှိ အချက်အလက်များအရ သွေးလွန်တုတ်ကွေးလောက်တောင် ကြောက်ဖို့မကောင်းတော့ပါ။

ကျန်းမာရေးအပြင် တကယ်ကြီး သက်ရောက်မှုကြမ်းတဲ့ စီးပွါးရေးကိစ္စတော့ လူတိုင်းသိပြီးဖြစ်လို့ ထည့်မပြောတော့ပါ။ အစိုးရပါ ဂါနေပါပြီ၊ အခွန်လိုက်ညှစ်လဲ ပြည်သူတွေ အလုပ်မလုပ်ရဘဲ ထွက်စရာ များများမကျန်ပါ။ ဒီတော့ အပြီးပြန်ပိတ်တာထက် ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင် အလုပ်လုပ်ကိုင်နိုင်ရေးကိုပဲ အားပေးပါတယ်။ အစိုးရကိုလဲ အဲ့လမ်းပဲသွားစေချင်ပါတယ်။ စကတည်းကလဲ အဲဒီလမ်းကြောင်းကို ပြောလာတာပါ။

စစ်တွေဆေးရုံကတော့ လူနာရာကျော်ပြီဆို ဂရုမစိုက်နိုင်တော့လို့ အိမ်မှာပဲ ကွာထားပြီး အဖျားပြင်းမှ ဆေးရုံလာစေမယ့်စနစ်ကို ပြောင်းတော့မယ်လို့သိရတယ်။ နိုင်ငံကြီးတိုင်းသုံးနေတဲ့စနစ်ပါ။ မဟုတ်ရင် ကျန်းမာရေးဝန်ထမ်းတွေ မနိုင်ပါဘူး။ ဒါလဲ အကြီးအကျယ်ထောက်ခံပါတယ် မကူးဖို့ ထိန်းရမှာ ပညာပေးရမှာဆက်လုပ်ပါ။ ဒါပေမယ့် ခေါင်းဆောင်တွေ အကြောက်မလွန်ဖို့ လိုပါတယ်။ အဆဲမခံရအောင် အကုန်လိုက်ပိတ်ဖို့ မလိုပါဘူး။ အရင်အရမ်းခြောက်ထားတဲ့ဟာ ပြန်ဖြည်ဖို့ ပြည်သူလူထုကို သေချာရှင်းပြဖို့ပဲလိုတာပါ။ အများကြီး မကူးဖို့ ထိန်းရပါမယ် ပညာပေးရပါမယ်၊ ပိတ်တော့ မပိတ်ရပါဘူး။ လူတိုင်း ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ဖို့ ရွေးချယ်ခွင့်ပေးရပါမယ်။

Kyaw Kyaw Sai

Add a Comment

Your email address will not be published. Required fields are marked *

5 × five =