အေမရိကန္စစ္တပ္ အတြက္ ဆန္းသစ္ေခတ္မီ တဲ့ အနာဂတ္ – တိုက္ခိုက္ေရး ရဟတ္ယာဥ္

AVX/L3 “Harris”ကုမၸဏီရဲ႕ Compound coaxial helicopter-(CCH) ဟာ အေမရိ ကန္ ၾကည္းတပ္ (U.S. Army) အတြက္ အနာဂတ္ တိုက္ခိုက္ေရးေလယာဥ္စမ္းသပ္ပုံစံ အစီအစဥ္ကေန တိုးတက္ေျပာင္းလဲမႈရွိေစဖို႔ ဖန္တီးခဲ့တဲ့ နမူနာ သ႐ုပ္ျပ ေလ ယာဥ္အသစ္တစ္စီး (a new demonstrator aircraft) ပဲျဖစ္ ပါတယ္။ သူ႔ကိုလက္ရွိမွာ အရွည္ေကာက္ အေန နဲ႔ future attack reconnaissance aircraft (FARA) လို႔လဲ သတ္မွတ္ ထားပါတယ္။

CCH ရဟတ္ယာဥ္ကို AVX ေလယာဥ္ကုမၸဏီ နဲ႔ L3 နည္း- ပညာကုမၹဏီတို႔က အတူပူေပါင္းၿပီး ဒီဇိုင္းေရးဆြဲ ဖန္တီးျပဳလုပ္ ခဲ့ၾကတာပါ။ ရည္႐ြယ္ခ်က္ကေတာ့ AH-64 Apache ရဟတ္ယာဥ္အုပ္စုရဲ႕ ၅၀ ရာခိုင္ႏုန္းေသာေနရာေတြမွာ အစားထိုး လဲလွယ္သြားႏိုင္ဖို႔ဆိုတဲ့ အစီအစဥ္ရဲ႕ အစိတ္အပိုင္းတရပ္အေနနဲ႔ ျဖစ္ေပၚလာပါတယ္။AVX Aircraft ကုမၸဏီ နဲ႔ L3 Technologie s တို႔ကေန ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ ၎တို႔ရဲ႕ အတူပူးေပါင္းၿပီး FARA competitive prototype ပ႐ိုဂရမ္တစ္ခုကို ေျပာင္းလဲမႈရွိဖို႔ ေဆာင္႐ြက္ေနတဲ့အေၾကာင္း အသိေပးေၾကညာ မႈျပဳခဲ့ပါတယ္။

ေလယာဥ္ရဲ႕ဒီဖိုင္းကိုေတာ့ ၂၀၁၉ ခုႏွစ္ ဧၿပီလ က်မွသာ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ AVX ကုမၸဏီရဲ႕ က်စ္လစ္မာေက်ာတဲ့ အစိတ္အပိုင္းေတြနဲ႔ တည္ေဆာက္ထားၿပီး Low-drag ျဖစ္တဲ့ ေကာက္ေၾကာင္းပုံစံနဲ႔ propose coaxial-rotor ေပါင္းစပ္ စက္ပစၥည္းေတြ ပါဝင္တဲ့ေလယာဥ္ဟာ Sikorsky/Boeing ကထုတ္တဲ့ ပုံစံနဲ႔ေတာင္ တူညီမႈ ရွိေနပါတယ္။

ကုမၸဏီေျပာစကား AVX ကုမၸဏီကေနၿပီး စစ္တပ္ အေနနဲ႔ အသုံးဝင္မႈလည္ းရွိၿပီး အလြန္အင္မတန္ စြဲေဆာင္မႈရွိတဲ့ တိုက္ခိုက္ေရးေလယာဥ္ပုံစံကို အနာဂတ္ေလယာဥ္အုပ္စုအျဖစ္ အလိုရွိေနၿပီး ေဆာင္႐ြက္ေပးဖို႔ အတြက္လည္း အႀကံျပဳတိုက္တြန္းမႈမ်ား ရွိပါတယ္။ အေတြ႕အႀကဳံရွိၿပီးသာ ေလေၾကာင္း ကုမၸဏီအေနနဲ႔ AVX JMR ဒီဇိုင္းပုံစံ အတြက္ ဖြံၿဖိဳးတိုးတက္မႈရွိေစဖို႔ ေဆာက္႐ြက္ ေပးခဲ့ပါတယ္။

ပ႐ိုဂရမ္-အစီ အစဥ္မ်ား အဆုံးသတ္ ၿပီးရင္ေတာ့ အေမရိကန္ ၾကည္းတပ္အေနနဲ႔ လက္ရွိအသုံ းျပဳေနတဲ့ Sikorsky ထုတ္ UH-60 Blackhawk နဲ႔ Boeing ကုမၸဏီရဲ႕ AH-64 Apache ရဟတ္ယာဥ္ ၂ မ်ိဳးလုံးေနရာမွာ အသစ္တစ္မ်ိဳးျဖစ္တဲ့ ယခု တိုက္ခိုက္ေရး Chopper ေတြနဲ႔ အစားထိုး လဲလွယ္သြားဖို႔ ရွိေၾကာင္းလည္း သိရပါတယ္။

#KoPheon (M.W.O)

Credit; #WorldDefenceReview

unicode

အမေရိကန်စစ်တပ် အတွက် ဆန်းသစ်ခေတ်မီ တဲ့ အနာဂတ် – တိုက်ခိုက်ရေး ရဟတ်ယာဉ်

AVX/L3 “Harris”ကုမ္ပဏီရဲ့ Compound coaxial helicopter-(CCH) ဟာ အမေရိ ကန် ကြည်းတပ် (U.S. Army) အတွက် အနာဂတ် တိုက်ခိုက်ရေးလေယာဉ်စမ်းသပ်ပုံစံ အစီအစဉ်ကနေ တိုးတက်ပြောင်းလဲမှုရှိစေဖို့ ဖန်တီးခဲ့တဲ့ နမူနာ သရုပ်ပြ လေ ယာဉ်အသစ်တစ်စီး (a new demonstrator aircraft) ပဲဖြစ် ပါတယ်။ သူ့ကိုလက်ရှိမှာ အရှည်ကောက် အနေ နဲ့ future attack reconnaissance aircraft (FARA) လို့လဲ သတ်မှတ် ထားပါတယ်။

CCH ရဟတ်ယာဉ်ကို AVX လေယာဉ်ကုမ္ပဏီ နဲ့ L3 နည်း- ပညာကုမ္ဖဏီတို့က အတူပူပေါင်းပြီး ဒီဇိုင်းရေးဆွဲ ဖန်တီးပြုလုပ် ခဲ့ကြတာပါ။ ရည်ရွယ်ချက်ကတော့ AH-64 Apache ရဟတ်ယာဉ်အုပ်စုရဲ့ ၅၀ ရာခိုင်နုန်းသောနေရာတွေမှာ အစားထိုး လဲလှယ်သွားနိုင်ဖို့ဆိုတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ဖြစ်ပေါ်လာပါတယ်။AVX Aircraft ကုမ္ပဏီ နဲ့ L3 Technologie s တို့ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ၎င်းတို့ရဲ့ အတူပူးပေါင်းပြီး FARA competitive prototype ပရိုဂရမ်တစ်ခုကို ပြောင်းလဲမှုရှိဖို့ ဆောင်ရွက်နေတဲ့အကြောင်း အသိပေးကြေညာ မှုပြုခဲ့ပါတယ်။

လေယာဉ်ရဲ့ဒီဖိုင်းကိုတော့ ၂၀၁၉ ခုနှစ် ဧပြီလ ကျမှသာ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။ AVX ကုမ္ပဏီရဲ့ ကျစ်လစ်မာကျောတဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားပြီး Low-drag ဖြစ်တဲ့ ကောက်ကြောင်းပုံစံနဲ့ propose coaxial-rotor ပေါင်းစပ် စက်ပစ္စည်းတွေ ပါဝင်တဲ့လေယာဉ်ဟာ Sikorsky/Boeing ကထုတ်တဲ့ ပုံစံနဲ့တောင် တူညီမှု ရှိနေပါတယ်။

ကုမ္ပဏီပြောစကား AVX ကုမ္ပဏီကနေပြီး စစ်တပ် အနေနဲ့ အသုံးဝင်မှုလည် းရှိပြီး အလွန်အင်မတန် စွဲဆောင်မှုရှိတဲ့ တိုက်ခိုက်ရေးလေယာဉ်ပုံစံကို အနာဂတ်လေယာဉ်အုပ်စုအဖြစ် အလိုရှိနေပြီး ဆောင်ရွက်ပေးဖို့ အတွက်လည်း အကြံပြုတိုက်တွန်းမှုများ ရှိပါတယ်။ အတွေ့အကြုံရှိပြီးသာ လေကြောင်း ကုမ္ပဏီအနေနဲ့ AVX JMR ဒီဇိုင်းပုံစံ အတွက် ဖွံဖြိုးတိုးတက်မှုရှိစေဖို့ ဆောက်ရွက် ပေးခဲ့ပါတယ်။

ပရိုဂရမ်-အစီ အစဉ်များ အဆုံးသတ် ပြီးရင်တော့ အမေရိကန် ကြည်းတပ်အနေနဲ့ လက်ရှိအသုံ းပြုနေတဲ့ Sikorsky ထုတ် UH-60 Blackhawk နဲ့ Boeing ကုမ္ပဏီရဲ့ AH-64 Apache ရဟတ်ယာဉ် ၂ မျိုးလုံးနေရာမှာ အသစ်တစ်မျိုးဖြစ်တဲ့ ယခု တိုက်ခိုက်ရေး Chopper တွေနဲ့ အစားထိုး လဲလှယ်သွားဖို့ ရှိကြောင်းလည်း သိရပါတယ်။

#KoPheon (M.W.O)

Credit; #WorldDefenceReview

Add a Comment

Your email address will not be published. Required fields are marked *

3 × 5 =