စစ်တွေမြို့မိုးမီး ထပ်လောင်ပါပြီ Covid-19 ကူးစက်ခံရသော လူနာများထားရှိရာ အဆောင်အတွင်းသို့ သူခိုးဝင်သွား




Mrat Kyaw Khine – fb acc

unicode

စစ်တွေဆေးရုံတွင် Covid-19 ကူးစက်ခံရသော လူနာများထားရှိရာ ယခင်အရိုးဆောင်)တွင် မနေ့ည တစ်နာရီဝန်းကျင်ခန့်က ဖုန်းနှစ်လုံး အခိုးခံရကြောင်း သိရှိရပါသည်။ ထိုလူနာဆောင်(အရိုးဆောင်ဟောင်း)တွင် လက်ရှိ covid ကူးစက်ခံ ရသော ကျန်းမာရေးဝန်ထမ်းများအား ကုသလျှက်ရှိပါသည်။

မနေ့က အခိုးခံရသော ဖုန်းနှစ်လုံး မှာလည်း ရောဂါကူးစက် ခံရသောသူရဲကောင်း သူနာပြုနှစ်ယောက်၏ ဖုန်းဖြစ်ပါသည်။ထို့ကြောင့် ဖုန်းခိုးသွားသူ သူခိုးခင်ဗျား….COVID လူနာမှန်း ခင်ဗျား သိသိ/မသိသိ ခင်ဗျားမှာ ရောဂါကူးစက်နိုင်ခြေ တော်တော်များနေပါပြီ။ခင်ဗျားအပါအဝင် ခင်ဗျားမိသားစုလည်း စိတ်မချရသော အခြေအနေကို ရောက်နေပါပြီ။

ဖုန်းပြန်မပေး ရင်တောင် Quarantine ဝင်ဖို့/ Swab ယူဖို့ လိုအပ်သလို စီမံနိုင်ရန် ကျန်းမာရေး ဝန်ထမ်းများဖြင့် အမြန်ဆုံး ဆက်သွယ်ပါဟု အကြံပြုအပ်ပါသည်။နောင်တွင်လည်း ဆေးရုံတွင် ခိုးစားသောအလုပ်ကိုလုပ်မည်ဆိုပါက အထူးသဖြင့် ယခုလို COVID ကာလတွင် ဘယ်လူနာကို ဘယ်အဆောင်ကိုဖြင့် ပြောင်းသွားပြီ ဆိုတာကို သေသေချာချာ စုံစမ်း အားထုတ်ပြီးမှ လှုပ်ရှားသင့်ပါကြောင်း PS – သူခိုး သိအောင် share ပေးကြပါ

Mrat Kyaw Khine – fb acc

Add a Comment

Your email address will not be published. Required fields are marked *

twelve − four =