PPE ဝတ်စုံများ လှူဒါန်းရန် ရန်ပုံငွေ အတွက် ဘီယွန်းစေးနှင့် ဂျေလို တို့ရဲ့ ဂါဝန်တွေ ကို ရောင်း

PPE ဝတ်စုံများ လှူဒါန်းရန် ရန်ပုံငွေ အတွက် ဘီယွန်းစေးနှင့် ဂျေလို တို့ရဲ့ ဂါဝန်တွေ ကို ရောင်း

ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေး ကာလ မှာ ရှေ့တန်းကတိုက်ပွဲ ဝင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် မရှိ မဖြစ်လိုအပ်တဲ့ ဏဏန ဝတ်စုံတွေ လှူဒါန်း နိုင်ဖို့ ပေါ့ပ်အဆိုတော် ဘီယွန်စေးနဲ့ ဂျင်နီဖာလိုပက်ဇ်တို့ရဲ့ ပွဲတက်ဂါဝန်တွေ ကို လေလံတင် ရောင်းချခဲ့တယ်လို့ contactmusic website မှာ ဖော်ပြ ထားပါတယ်။

သူနာပြုတွေ နဲ့ ဆရာဝန်တွေ အတွက် တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံ (PPE) တွေ လှူဒါန်းပေးနေတဲ့ Direct Relief ပရဟိတအဖွဲ့က ပေါ့ပ် ကြယ်ပွင့်တွေရဲ့ ပွဲတက်ဂါဝန်တွေကို ebay နဲ့ ပူးပေါင်းကာ လေလံတင်ခဲ့တာပဲ ဖြစ်ပါတယ်။အဲဒီလို လေလံတင်တဲ့ ဂါဝန်တွေ ထဲမှာ ၂၀၁၈ ခုနှစ် အမေရိကန်တေး ဂီတဆု ပေးပွဲကို တက်ရောက်စဉ်က ဂျင်နီဖာ လိုပက်ဇ် ဝတ်ဆင်ခဲ့တဲ့ဂါဝန်နဲ့ ၂၀၁၈ ဂရမ်မီအကြိုပါတီမှာ ဘီယွန်စေးဝတ်ဆင် ခဲ့တဲ့ဂါဝန်တို့ ပါဝင်ခဲ့တာပါ။

ဂျေလိုနဲ့ ဘီယွန်းစေး တို့ရဲ့ ဂါဝန်တွေ အပြင် ဂျူလီယာရောဘတ်၊ ကိတ်ဘလန် ချက်၊ ဂွမ်စတက်ဖင်နီ၊ ကာဒီဘီတို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ဝတ်စုံတွေလည်း လေလံတင်ရာမှာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုနာမည်ကျော်တွေရဲ့ ဝတ်စုံတွေ ကို လေလံဆွဲ လိုတဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအနေနဲ့ ebay ဝက်ဘ်ဆိုဒ် မှာ မေလ ၂၇ ရက်နေ့အထိ ဈေးပြိုင်ပေးပြီး ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Credit The Voice

Add a Comment

Your email address will not be published. Required fields are marked *

9 + nineteen =