“ပရိသတ်တွေ မမြင်ဖူးသေးတဲ့ အမှတ်တရလေးတွေ နဲ့ ခံစားချက်လေး တစ်ချို့ကို ရင်ဖွင်လာသူ ခေးဆက်သွင်”

“ပရိသတ်တွေ မမြင်ဖူးသေးတဲ့ အမှတ်တရလေးတွေ နဲ့ ခံစားချက်လေး တစ်ချို့ကို ရင်ဖွင်လာသူ ခေးဆက်သွင်”

ရုပ်သံဇာတ်လမ်းတွဲများ နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ မင်းသမီး ခေးဆက်သွင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိ ခဲ့ပြီး သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ ပရိသတ်တွေကို အကောင်းဆုံးချပြနိုင်အောင် ကြိုးစားနေသူပဲဖြစ်ပါတယ်.။ ခေးဆက်သွင်ရဲ့ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲထဲက ကာရိုက်တာ နှင်းဆီလေးနဲ့ လိုက်ဖက်လွန်းလို့ ပရိသတ်တွေရဲ့ နှင်းဆီမလေး လို ချစ်စနိုးနဲ့ နာမည်ပြောင်လေးပေးခံရတဲ့အထိကို သရုပ်ဆော င်ကောင်းသူပါ.။

ခေးဆက်သွင်က သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတင်လေ့ရှိသူပါ.။ ပျော်ပျော်နေတတ်သူ ခေးဆက်သွင်လေးက တစ်ခါတစ်လေ စိတ်ကူးပေါက်ရင်း ရေးတဲ့ ခံစားချက်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ ရှိပါသေးတယ်.။ ဒီနေ့ မေလ (၂၄)ရက်နေ့မှာတော့ ခေးက သူမရဲ့ အလှပုံရိပ်လေးတွေနဲ့အတူ “ခင်ဗျားရှိတဲ့မြို့မှာ မနေချင်လို့ ခရီးခဏထွက်သွားတယ်…။ လိုက်ခဲ့လို့မခေါ်ပေမယ့် မျှော်နေသူရယ်ပါလေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ ပါတယ်။

ခေးဆက်သွင်က သူမရဲ့ စိတ်ကူးပေါက်တုန်းရေး တဲ့ စာလေးတွေကို ဆံပင် တိုလေးနဲ့လည်း လှနေတဲ့ သူမရဲ့ အလှပုံရိပ်တစ်ချို့လေးတွေနဲ့ အတူ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ခေးဆက်သွင် ဆံပင်ရှည်နဲ့ ယဉ်ပြီး ဆံပင်တိုလေးနဲ့လည်း တစ်မျိုးလေ ဆွဲဆောင်မှုရှိသူလို့ ပြောရင်မှားမယ် မထင် ပါဘူး.။ ပရိသတ်ကြီးအတွက် လည်း ချစ်စရာကောင်းလွန်းတဲ့ ခေးဆက်သွင်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source: Khay Sett Thwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

10 + 5 =