



unicode

ကျောင်းတက်နေ တဲ့ သားလေး ကို ပိုက်ဆံတွေ ခိုးလာတယ် ထင်ပြီး မေးကြည့်လိုက်ရာ မှ သိလိုက်ရ တဲ့ အဖြစ်မှန်

မိဘတွေဟာ ကလေးတွေ အပေါ်မှာ အရမ်းစိုးရိမ်ကြီးတတ်ကြပါတယ်။ ဒီလို စိုးရိမ်ကြီး တတ်တာကြောင့် ကလေးငယ်တွေကို တစ်ခါတစ်ရံမှာ အထင်လွဲတတ် ပါတယ်။ ယခု တင်ဆက်ပေးမယ့် သတင်းလေးကတော့ မိမိ ကလေးငယ်ကို ကျောင်းကနေ ပိုက်ဆံ ခိုးလာတယ်လို့ ထင်ခဲ့မိတဲ့ အဖြစ်ပါပဲ။ ဒီအဖြစ်လေး ကတော့ မလေးရှား နိုင်ငံက ကလေးငယ်လေး တစ်ဦးရဲ့ အဖြစ်ပါတယ။ အဆိုပါ ဖြစ်ရပ်လေးကိုလည်း မိခင်ကိုယ်တိုင်က လူမှုကွန်ယက် အကောင့်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ကလေးကို မုန့်ဖိုးအဖြစ် တစ်ရက် ကို ငွေ ၂ ရင်းဂစ် ပေးပါတယ်။ နောက်တစ်နေ့မှာတော့ ကလေးငယ်က သူမကို ၄ ရင်းဂစ် ပြန်ပေးပြီး သူ့အတွက် ပိုက်ဆံ စု ခိုင်းတယ်လို့ ဆိုပါတယ်။ အစပိုင်းမှာတော့ သူမဟာ ကလေးငယ်က ကျောင်းကနေ ပိုက်ဆံတွေ ခိုးလာတယ်လို့ ထင်ပြီး စိတ်ဆိုးပြီး ဆူခဲ့ပါတယ်။ နောက်မှ ဘယ်ကရလဲလို့ မေးတဲ့ အခါမှာ …….

သူမ ထင်သလို မဟုတ်ဘဲ ကလေးက နှံကောင်လေးတွေ ကို ဖမ်းပြီး ရောင်းချလို့ ရတဲ့ ငွေတွေဆိုတာ သိခဲ့ရပါတယ်။ဒီလို အဖြစ်မှန်ကို သိရပေမယ့် လည်း မိခင်ကတော့ စိတ်ဆိုး မပြေနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ကျောင်းမှာ စာသင်ဖို့ လွှတ်လိုက်တာကို ဒီလို စီးပွားရေးလုပ်နေတာကြောင့်ပဲဖြစ်ပါတယ်။သူမရဲ့ မိတ်ဆွေ တချို့ကတော့ ငယ်ငယ်လေးကတည်းက စီးပွားရေး ပညာရှင်လေးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ပရိတ်သတ်ကြီးရော ကလေးကို ဘယ်လို ထင်ကြ ပါသလဲ……….? မိခင် စိတ်ဆိုးတာ ကရော မှန်တယ်လို့ ထင်ကြပါသလား ………?

Add a Comment

Your email address will not be published. Required fields are marked *

14 − one =