ကိုယ်တိုင် စိုက်ပျိုး လို့ရတဲ့ အသီးအနှံတွေကိုပဲ စားချင် လာတော့တယ် ဆိုတဲ့ “ပိုပို”

“ဈေးက အသီးအနှံတွေကို ဝယ်စားရမှာထက် ကိုယ်တိုင်စိုက်ပျိုး လို့ရတဲ့ အသီးအနှံတွေကိုပဲ စားချင်လာတော့တယ် ဆိုတဲ့ ပိုပို”

ခံစားချက်လေးတွေ ကို ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်မလေးပိုပိုနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုပိုရဲ့ထွက်သမျှသီချင်းလေးတွေဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားစေတဲ့ သီချင်းလေးတွေ ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေနဲ့ပဲပျော်ရွှင်စွာဖြတ်သန်းနေတဲ့ Single မလေးပဲဖြစ်ပါတယ်။

ပိုပိုဟာအိမ် မှာနေရင်း ကိုယ်တိုင်အပင်စိုက်ပျိုးရတာကို နှစ်သက် တာမို့ အပင်လေးတွေကိုစိုက်ပျိုးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပိုပိုက “အကြွား ပိုစ့်ပါ ဆေးမဖြန်းတဲ့ Organic လတ်လတ် ဆတ်ဆတ် ရဲ့ အရသာ ကတော့ ပြောမပြတတ်အောင်ပါပဲရှင် ဈေးက အသီး အရွက်တွေ လျှာမတိုးတော့ပါသဖြင့်ဆက်လက် စိုက်ပျိုးပါတော့မယ်”လို့ဆိုကာ သူမကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲ စားသုံးချင်တော့တယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပိုပိုကတော့ ဈေးကအသီးအနှံထက် ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အသီးအနှံကိုပဲ စားချင်လာတဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပိုပိုရဲ့ ခြံထွက်အသီးအနှံလေးတွေကို ကြည့်ကာ ပရိသတ်တွေလည်း ကိုယ်တိုင်စိုက်ပျိုးချင်စိတ်ရှိလာကြမယ် ထင်ပါတယ်။

Soure…. ဝတ်ရည်မိုး

Add a Comment

Your email address will not be published. Required fields are marked *

3 × 5 =