မ်ိဳး႐ိုး ဗီဇေျပာင္းCovid 19 D614G က ပိုၿပီး ကူးစက္ ႏိုင္သလား ဆိုတာ

D614G ဆိုတာ SARS-CoV-2 ရဲ႕မ်ိဳး႐ိုး ဗီဇေျပာင္း ဗိုင္းရပ္စ္ျဖစ္ပါတယ္။ D614 ထက္ ဆယ္ဆပိုျမန္တဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။ အတိအက်ေျပာရရင္ အမိုင္ႏိုအက္ဆစ္ပါတဲ့ 614 ဗိုင္းရပ္စ္ဟာ D (aspartic acid) ကေန G (glycine) ေျပာင္းလဲတဲ့ပုံစံမ်ိဳးျဖစ္ပါတယ္။ မ်ိဳး႐ိုးဗီဇ စတင္ေျပာင္းလဲခဲ့တဲ့ အခ်ိန္ ကေတာ့ ေဖေဖာ္ဝါရီ ၂၂ ရက္ ျဖစ္ပါတယ္။ဇူလိုင္လတုန္းက ၿဗိတိန္ႏိုင္ငံက ပညာရွင္ေတြဟာ ကိုဗစ္ကူးစက္ခံရသူ ၉၉၉ ဆီက ဗိုင္းရပ္စ္နမူနာေတြရယူၿပီး စမ္းသပ္ၾကည့္တဲ့အခါ မ်ိဳး႐ိုးဗီဇေျပာင္းထားတဲ့ D614G ဗိုင္းရပ္စ္ပိုးေတြ ေတြ႕ခဲ့ရပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္မွာရွိတဲ့ WHO ကိုယ္စားလွယ္အဖြဲ႕ကလည္း ဗိုင္းရပ္စ္ ပိုးသစ္ဟာ ဝူဟန္မွာစေတြ႕ခဲ့တဲ့ ပိုးထက္ ဆယ္ဆပိုျမန္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ D614G ဟာ D614 ထက္ကူးစက္ႏႈန္းျမန္ေပမယ့္ ေသဆုံးႏႈန္းနည္းပါးတာကိုေတြ႕ရပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ D614 နဲ႔ D614G ဆက္စပ္မႈမရွိတာမ်ိဳးေတြလည္း ေတြ႕ရပါတယ္။ 614G မွာပါဝင္လာတဲ့ ေသေစႏိုင္တဲ့ ဆဲလ္အင္အားနည္းပါးေနတာေတြ႕ရတယ္လို႔ ေဆးသိပၸံပညာရွင္ေတြက ေျပာပါတယ္။ ၿခဳံငုံေျပာရရင္ ေသဆုံးဖို႔အထိ ျဖစ္ႏိုင္ေျခနည္းပါတယ္။ D614 တုန္းက သက္ႀကီး႐ြယ္အိုေတြအမ်ားဆုံး ကူးစက္ခဲ့ေပမယ့္ 614G မွာ လူလတ္ပိုင္းနဲ႔ လူငယ္ေတြ မ်ားလာတာေတြ႕ရပါတယ္။ ကူးစက္ျမန္ G614 ဟာ ထိန္းခ်ဳပ္ဖို႔ခက္ခဲတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

ကာကြယ္ေဆးေတြ အေျခအေန ဘယ္လိုရွိမလဲ

မ်ိဳး႐ိုးဗီဇေျပာင္းလဲေနတဲ့ ဗိုင္းရပ္စ္ အတြက္ ကာကြယ္ေဆးထုတ္ ရခက္ခဲပါတယ္။ ကမ္းဘရိတ္တကၠသိုလ္ေဆးသိပၸံပညာရွင္အဖြဲ႕ကေတာ့ လက္ရွိေဖာ္စပ္ေနတဲ့ေဆးေတြဟာ G614 အတြက္ ထိေရာက္မႈရွိမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။ လာမယ့္သုံးလအတြင္း ေဆးအသစ္ေပၚထြက္ဖို႔ မလြယ္ဘူးလို႔ လည္း ေျပာပါတယ္။ D614G ဗီဇေျပာင္းလဲျခင္းဟာ ဗိုင္းရပ္စ္ပ႐ိုတိန္းတြင္ျဖစ္ေသာ္လည္း ၎ဟာပ႐ိုတင္းရဲ႕ အစြန္အဖ်ားရွိ receptor-binding domain (RBD) ကိုမေျပာင္းလဲပါ ။ RBD ဟာ လူ႔ဆဲလ္ေတြရဲ႕ ACE2 receptor နဲ႔ဆက္သြယ္ေနၿပီး ကိုယ္ခံအားစနစ္ကို အဓိကပစ္မွတ္ထားပါတယ္။ အႏွစ္သာရအားျဖင့္ D614G ေျပာင္းလဲမႈဟာ ပ႐ိုတင္းေျပာင္းလဲမႈျဖစ္တဲ့အျပင္ အေရးပါေသာ RBD immunogenic အစိတ္အပိုင္းကိုေျပာင္းလဲမႈလည္း ျဖစ္ပါတယ္။

ၿခဳံငုံသုံးသပ္ခ်က္

ေလာေလာဆယ္ တစ္ကမာၻလုံးရင္ဆိုင္ေနရတဲ့ အေျခအေနက D614G ဗီဇေျပာင္းလဲမႈ အစီအစဥ္နဲ႔ တိုက္ဆိုင္ေနပါတယ္။ ဗိုင္းရပ္စ္ဗီဇေျပာင္းလဲ သြားေပမယ့္ ကုသမႈပုံစံက ေျပာင္းလဲလို႔မရေသးပါဘူး။ ကာကြယ္ႏိုင္မယ့္ေဆးေတြလည္း ထုတ္လို႔မရေသးပါဘူး။ ေသေစႏိုင္တဲ့ ဗိုင္းရပ္စ္ အဆင့္က တစ္ဆင့္ေလ်ာ့သြားတာ ကံေကာင္းတယ္လို႔ဆိုရမွာပါ။

Credit WE Media

unicode

မျိုးရိုး ဗီဇပြောင်းCovid 19 D614G က ပိုပြီး ကူးစက် နိုင်သလား ဆိုတာ

D614G ဆိုတာ SARS-CoV-2 ရဲ့မျိုးရိုး ဗီဇပြောင်း ဗိုင်းရပ်စ်ဖြစ်ပါတယ်။ D614 ထက် ဆယ်ဆပိုမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အတိအကျပြောရရင် အမိုင်နိုအက်ဆစ်ပါတဲ့ 614 ဗိုင်းရပ်စ်ဟာ D (aspartic acid) ကနေ G (glycine) ပြောင်းလဲတဲ့ပုံစံမျိုးဖြစ်ပါတယ်။ မျိုးရိုးဗီဇ စတင်ပြောင်းလဲခဲ့တဲ့ အချိန် ကတော့ ဖေဖော်ဝါရီ ၂၂ ရက် ဖြစ်ပါတယ်။ဇူလိုင်လတုန်းက ဗြိတိန်နိုင်ငံက ပညာရှင်တွေဟာ ကိုဗစ်ကူးစက်ခံရသူ ၉၉၉ ဆီက ဗိုင်းရပ်စ်နမူနာတွေရယူပြီး စမ်းသပ်ကြည့်တဲ့အခါ မျိုးရိုးဗီဇပြောင်းထားတဲ့ D614G ဗိုင်းရပ်စ်ပိုးတွေ တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မှာရှိတဲ့ WHO ကိုယ်စားလှယ်အဖွဲ့ကလည်း ဗိုင်းရပ်စ် ပိုးသစ်ဟာ ဝူဟန်မှာစတွေ့ခဲ့တဲ့ ပိုးထက် ဆယ်ဆပိုမြန်တယ်လို့ အတည်ပြုခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ D614G ဟာ D614 ထက်ကူးစက်နှုန်းမြန်ပေမယ့် သေဆုံးနှုန်းနည်းပါးတာကိုတွေ့ရပါတယ်။ တချို့နိုင်ငံတွေမှာ D614 နဲ့ D614G ဆက်စပ်မှုမရှိတာမျိုးတွေလည်း တွေ့ရပါတယ်။ 614G မှာပါဝင်လာတဲ့ သေစေနိုင်တဲ့ ဆဲလ်အင်အားနည်းပါးနေတာတွေ့ရတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ခြုံငုံပြောရရင် သေဆုံးဖို့အထိ ဖြစ်နိုင်ခြေနည်းပါတယ်။ D614 တုန်းက သက်ကြီးရွယ်အိုတွေအများဆုံး ကူးစက်ခဲ့ပေမယ့် 614G မှာ လူလတ်ပိုင်းနဲ့ လူငယ်တွေ များလာတာတွေ့ရပါတယ်။ ကူးစက်မြန် G614 ဟာ ထိန်းချုပ်ဖို့ခက်ခဲတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ကာကွယ်ဆေးတွေ အခြေအနေ ဘယ်လိုရှိမလဲ

မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးထုတ် ရခက်ခဲပါတယ်။ ကမ်းဘရိတ်တက္ကသိုလ်ဆေးသိပ္ပံပညာရှင်အဖွဲ့ကတော့ လက်ရှိဖော်စပ်နေတဲ့ဆေးတွေဟာ G614 အတွက် ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ လာမယ့်သုံးလအတွင်း ဆေးအသစ်ပေါ်ထွက်ဖို့ မလွယ်ဘူးလို့ လည်း ပြောပါတယ်။ D614G ဗီဇပြောင်းလဲခြင်းဟာ ဗိုင်းရပ်စ်ပရိုတိန်းတွင်ဖြစ်သော်လည်း ၎င်းဟာပရိုတင်းရဲ့ အစွန်အဖျားရှိ receptor-binding domain (RBD) ကိုမပြောင်းလဲပါ ။ RBD ဟာ လူ့ဆဲလ်တွေရဲ့ ACE2 receptor နဲ့ဆက်သွယ်နေပြီး ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားပါတယ်။ အနှစ်သာရအားဖြင့် D614G ပြောင်းလဲမှုဟာ ပရိုတင်းပြောင်းလဲမှုဖြစ်တဲ့အပြင် အရေးပါသော RBD immunogenic အစိတ်အပိုင်းကိုပြောင်းလဲမှုလည်း ဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ချက်

လောလောဆယ် တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အခြေအနေက D614G ဗီဇပြောင်းလဲမှု အစီအစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။ ဗိုင်းရပ်စ်ဗီဇပြောင်းလဲ သွားပေမယ့် ကုသမှုပုံစံက ပြောင်းလဲလို့မရသေးပါဘူး။ ကာကွယ်နိုင်မယ့်ဆေးတွေလည်း ထုတ်လို့မရသေးပါဘူး။ သေစေနိုင်တဲ့ ဗိုင်းရပ်စ် အဆင့်က တစ်ဆင့်လျော့သွားတာ ကံကောင်းတယ်လို့ဆိုရမှာပါ။

Credit WE Media

Add a Comment

Your email address will not be published. Required fields are marked *

19 + 17 =