





unicode

ဝေဖန်တိုက်ခိုက်မှုတွေခံနေရတဲ့ ဖြူဖြူထွေးအပေါ် သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ နေခြည်ဦး

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

နေခြည်ဦးကတော့ ဆယ်ကျော်သက်မိန်းကလေးတွေ အရူးအမူး အားပေးနေကြတဲ့ နာမည်ကျော် ဗျူးတီဘလော့ဂါ တစ်ယောက်ပဲဖြစ်ပါတယ် ။ လက်ရှိတော့မှာ ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်ပြီး မင်းသမီးတစ်ယောက်အဖြစ်လည်းရပ်တည်နေပြီပဲဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရင်းနဲ့ ဗျူးတီးဘလော့ဂါဘဝကနေ အခုလိုအောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတယ် ဆိုလည်းမမှားပါဘူးနော်

လက်တလော ဖေ့ဘုတ်စာမျက်နှာ ဖြူဖြူထွေးကို ဝေဖန်အကြံပြုသူ၊ ဝေဖန်သုံးသပ်သူ များနှင့် ဝေဖန်ရှုံ့ချသူ တစ်ချို့လည်း ရှိနေခဲ့တယ်ဆိုတာ ပရိသတ် တွေ သိပြီးဖြစ်မှာပါနော်။
ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ နေခြည်ဦးက ဖြူဖြူထွေးအပေါ် သူ့ရဲ့ အမြင် ကိုပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

နေခြည်ဦးက “ဖြူဖြူထွေး နဲ့ အပြင်မှာ တစ်ခါ မှ မဆုံဖူးပေမယ့် သူ့ ရဲ့ Page ကို Follow လုပ်ထားပါတယ်။ စိတ်ထဲမှာ ငါလုပ်ချင် လိုက်တာ လို့ တွေးလိုက်တဲ့ အရာတိုင်းကို သူက လုပ်သွားနိုင်တယ်။ အရမ်း ပီတိဖြစ် ချီးကျူး မိပါတယ်။ Digital Platform ပေါ်က ဆရာမကြီးကိုလည်း တွေ့ချင် ပါသေးတယ်” လို့ ဖြူဖြူထွေး အပေါ် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြ လာခဲ့တာဖြစ်ပါတယ်

ဆက်လက်ပြီး နေခြည်ဦးက ” အခုချို့တဲ့ နေတဲ့ ဗီဒီယို သရုပ်ဆောင်တွေ ကိုတွေ့ရင် နေခြည်တို့ စိတ်မကောင်းဖြစ်တာပဲရှိတယ် ဘာမှလိုက် မလုပ်ပေးနိုင်ဘူးပေါ့ နောက်ဆုံး လုပ်ပေးနိုင်ရင် ပိုက်ဆံလှူပေးတာပဲ တတ်နိုင်တယ် သူကတော့ အဲ့လိုမဟုတ်ဘူး ကိုယ်တိုင်သွားလှူတယ် သူ့ရဲ့ Video လေးတွေမှာ ထည့်သုံးတယ် အဲ့ဒီလိုကို လုပ်ပေးတာ အဲ့ဒါကို အရမ်းသဘောကျမိတယ် ” လို့ဆိုလာခဲ့တာပါ နေခြည်ဦးကတော့ ဖြူဖြူထွေးအပေါ် သူမရဲ့ အမြင်ကို ပွင့်ပွင်လင်းလင်း ချပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ဖြူဖြူထွေးအပေါ် အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်

Add a Comment

Your email address will not be published. Required fields are marked *

11 + six =