ယေန႔ မနက္ (၈) နာရီ ထုတ္ျပန္ခ်က္မွာပါတဲ့ လူနာအမွတ္ ၅၈၄ မွာ Air KBZ ေလေၾကာင္းလိုင္း ရဲ႕ ဝန္ထမ္း အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး

၁၄ ရက္ေန႔က စစ္ေတြမွ ျပန္လာကာ ၂၆ ရက္ေန႔မွာ အနံ႔မရေတာ့တာေၾကာင့္ သဃၤန္းကြၽန္းေဆး႐ုံႀကီးမွာ တက္ေရာက္ ကုသရင္း ပိုးေတြ႕ရွိ ခဲ့တယ္လို႔

ေတာင္ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း ျပည္နယ္ လႊတ္ေတာ္မဲဆႏၵနယ္ (၂) လႊတ္ေတာ္အမတ္ ဦးသိန္းႏိုင္က အတည္ျပဳပါတယ္။

“၁၂ ရက္ေန႔က သူက စစ္ေတြ သြားတယ္။ ၁၄ ရက္ေန႔က ျပန္လာတယ္။ ၁၇ ရက္ေန႔က်ေတာ့ Air KBZ ႐ုံးကိုသြားတယ္။ ၂၆ ရက္ေန႔က်ေတာ့ အနံ႔တို႔ဘာတို႔ အာ႐ုံေတြ သိပ္မရေတာ့

သူက ေတာင္ဒဂုံမွာရွိတဲ့ Fever Clinic ကို သြားတယ္။ အဲဒီ ကေနၿပီးေတာ့မွ သဃၤန္းကြၽန္းေဆး႐ုံကို ေရာက္တာေပါ့” လို႔ ဦးသိန္းႏိုင္က ေျပာပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးကလည္း အထက္ပါ အတိုင္း အတည္ျပဳ ေျပာၾကားၿပီး လူနာကို မေန႔ညက Swab ယူၿပီး ဒီေန႔မနက္မွာ ပိုးေတြ႕ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“ေတာင္ဒဂုံ ၂၅ ရပ္ကြက္က အမ်ိဳးသမီး တစ္ေယာက္ပါ။ ေလေၾကာင္းလိုင္းတစ္လိုင္းက မန္ေနဂ်ာပါ” လို႔လည္း ေတာင္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးရဲေအာင္က ေျပာပါတယ္။

လူနာဟာ ရပ္ကြက္ထဲမွာ အသြားအလာ အထိအေတြ႕ ရွိသူ မဟုတ္ဘူးလို႔ ဦးရဲေအာင္က ဆိုပါတယ္။

လတ္တေလာမွာေတာ့ လူနာရဲ႕ မိသားစုဝင္ ၃ ဦးကို ေ႐ႊျပည္သာကြန္ပ်ဴတာ တကၠသိုလ္မွာ ကြာရန္တင္းပို႔ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၁၆ ရက္ေန႔ စစ္ေတြမွာ ျပည္တြင္းကူးစက္လူနာမ်ား စတင္ေတြ႕ရွိတဲ့ေန႔ကစၿပီး ရန္ကုန္မွာ ေစာင့္ၾကည့္လူနာအျဖစ္ (သို႔မဟုတ္) ေဆးစစ္ရင္းနဲ႔ ေတြ႕ရွိတဲ့လူနာ ၃ ဦးရွိေနပါၿပီ။

ပထမဆုံးတစ္ဦးက ၾသဂုတ္လဆန္းပိုင္း ကတည္းက ေတာင္ႀကီးၿမိဳ႕ကေန ရန္ကုန္ကိုေရာက္ေနၿပီး ၾသဂုတ္လ ၂၅ ရက္ေန႔က ပိုးေတြ႕ရွိတဲ့ လူနာအမွတ္ ၄၇၇ ျဖစ္ပါတယ္။

ေနာက္တစ္ဦးကေတာ့ သေဘၤာလိုက္ဖို႔အတြက္ က်န္းမာေရး စစ္ေဆးရာမွ ၾသဂုတ္လ ၂၆ ရက္ေက ပိုးေတြ႕ခဲ့တဲ့ လူနာအမွတ္ ၅၀၆ ျဖစ္ပါတယ္။

သူေနထိုင္ရာ ေတာင္ဥကၠလာက တိုက္ကို ေလာ့ေဒါင္း လုပ္ၿပီး သူ႔မိသားစုဝင္မ်ားနဲ႔ ဝန္ထမ္း စုစုေပါင္း ၁၅ ဦးကို ကြာရန္တင္း စင္တာကို ပို႔ေဆာင္ ထားပါၿပီ။

ျမန္မာႏိုင္ငံမွာ ၾသဂုတ္လ ၂၇ ရက္ေန႔ မနက္ပိုင္းအထိ ပိုးေတြ႕လူနာစုစု‌ေပါင္း ၅၈၆ ဦးရွိေနၿပီး ၆ ဦးေသဆုံးကာ ေရာဂါကင္းစင္သူ ၃၄၅ ဦး ရွိပါတယ္။ လက္ရွိကုသမႈခံယူဆဲလူနာက ၂၃၅ ဦး ရွိပါတယ္။

Duwun

unicode

ယနေ့ မနက် (၈) နာရီ ထုတ်ပြန်ချက်မှာပါတဲ့ လူနာအမှတ် ၅၈၄ မှာ Air KBZ လေကြောင်းလိုင်း ရဲ့ ဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး

၁၄ ရက်နေ့က စစ်တွေမှ ပြန်လာကာ ၂၆ ရက်နေ့မှာ အနံ့မရတော့တာကြောင့် သင်္ဃန်းကျွန်းဆေးရုံကြီးမှာ တက်ရောက် ကုသရင်း ပိုးတွေ့ရှိ ခဲ့တယ်လို့

တောင်ဒဂုံမြို့သစ်တောင်ပိုင်း ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးသိန်းနိုင်က အတည်ပြုပါတယ်။

“၁၂ ရက်နေ့က သူက စစ်တွေ သွားတယ်။ ၁၄ ရက်နေ့က ပြန်လာတယ်။ ၁၇ ရက်နေ့ကျတော့ Air KBZ ရုံးကိုသွားတယ်။ ၂၆ ရက်နေ့ကျတော့ အနံ့တို့ဘာတို့ အာရုံတွေ သိပ်မရတော့

သူက တောင်ဒဂုံမှာရှိတဲ့ Fever Clinic ကို သွားတယ်။ အဲဒီ ကနေပြီးတော့မှ သင်္ဃန်းကျွန်းဆေးရုံကို ရောက်တာပေါ့” လို့ ဦးသိန်းနိုင်က ပြောပါတယ်။

တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အထက်ပါ အတိုင်း အတည်ပြု ပြောကြားပြီး လူနာကို မနေ့ညက Swab ယူပြီး ဒီနေ့မနက်မှာ ပိုးတွေ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“တောင်ဒဂုံ ၂၅ ရပ်ကွက်က အမျိုးသမီး တစ်ယောက်ပါ။ လေကြောင်းလိုင်းတစ်လိုင်းက မန်နေဂျာပါ” လို့လည်း တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောပါတယ်။

လူနာဟာ ရပ်ကွက်ထဲမှာ အသွားအလာ အထိအတွေ့ ရှိသူ မဟုတ်ဘူးလို့ ဦးရဲအောင်က ဆိုပါတယ်။

လတ်တလောမှာတော့ လူနာရဲ့ မိသားစုဝင် ၃ ဦးကို ရွှေပြည်သာကွန်ပျူတာ တက္ကသိုလ်မှာ ကွာရန်တင်းပို့ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမှာ ပြည်တွင်းကူးစက်လူနာများ စတင်တွေ့ရှိတဲ့နေ့ကစပြီး ရန်ကုန်မှာ စောင့်ကြည့်လူနာအဖြစ် (သို့မဟုတ်) ဆေးစစ်ရင်းနဲ့ တွေ့ရှိတဲ့လူနာ ၃ ဦးရှိနေပါပြီ။

ပထမဆုံးတစ်ဦးက သြဂုတ်လဆန်းပိုင်း ကတည်းက တောင်ကြီးမြို့ကနေ ရန်ကုန်ကိုရောက်နေပြီး သြဂုတ်လ ၂၅ ရက်နေ့က ပိုးတွေ့ရှိတဲ့ လူနာအမှတ် ၄၇၇ ဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ သင်္ဘောလိုက်ဖို့အတွက် ကျန်းမာရေး စစ်ဆေးရာမှ သြဂုတ်လ ၂၆ ရက်ကေ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၅၀၆ ဖြစ်ပါတယ်။

သူနေထိုင်ရာ တောင်ဥက္ကလာက တိုက်ကို လော့ဒေါင်း လုပ်ပြီး သူ့မိသားစုဝင်များနဲ့ ဝန်ထမ်း စုစုပေါင်း ၁၅ ဦးကို ကွာရန်တင်း စင်တာကို ပို့ဆောင် ထားပါပြီ။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာစုစု‌ပေါင်း ၅၈၆ ဦးရှိနေပြီး ၆ ဦးသေဆုံးကာ ရောဂါကင်းစင်သူ ၃၄၅ ဦး ရှိပါတယ်။ လက်ရှိကုသမှုခံယူဆဲလူနာက ၂၃၅ ဦး ရှိပါတယ်။

Duwun

Add a Comment

Your email address will not be published. Required fields are marked *

eleven − 5 =