အဆင့်မြင့် စွမ်းအင် လေဆာလက်နက် တစ်ခုကို စမ်းသပ်အောင်မြင်ကြောင်း အမေရိကန် ထုတ်ပြန်

အဆင့်မြင့် စွမ်းအင် လေဆာလက်နက် တစ်ခုကို စမ်းသပ်အောင်မြင်ကြောင်း အမေရိကန် ထုတ်ပြန်

ဒရုန်းလေယာဉ်တွေ ကို ဖျက်ဆီးပစ်နိုင်သည့် အဆင့်မြင့်စွမ်းအင် လေဆာလက်နက်တစ်ခုကို စမ်းသပ်အောင်မြင်ကြောင်း အမေရိကန် ထုတ်ပြန်…

အမေရိကန်ရေတပ်ဟာ အဆင့်မြင့် စွမ်းအင် လေဆာလက်နက်တစ်ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီလို့ သောကြာနေ့က အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်ရေယာဉ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခု စမ်းသပ်ခဲ့တဲ့ အမေရိကန်ရေတပ်စစ်သင်္ဘောလက်နက်ဟာ ညအချိန်တွေမှာ ပျံသန်းနေတဲ့ လေယာဉ်တွေ ကို ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

“လေထဲက ဒရုန်းယာဉ်တစ်စင်းကို ဖျက်ဆီး ပစ်နိုင်တဲ့ စွမ်းအားမြင့် လေဆာလက်နက်တစ်မျိုး ယူအက်စ်အက်စ် ပေါ့လန်း စစ်သင်္ဘောက စမ်းသပ်နေခဲ့တာကို ရေတပ်က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထွက်ပေါ်လာသည့် ဓာတ်ပုံများထဲတွင်လည်း စစ်သင်္ဘော ကုန်းပတ်ကနေ ပေါ်ထွက်နေသည့် လေဆာရောင်ခြည်တန်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ဗီဒီယိုတစ်ခုတွင်လည်း လေထဲတွင် ဒရုန်းယာဉ် ဖြစ်ဖွယ်ရှိသည့် ယာဉ်တစ်စင်း မီးလောင်ကျွမ်းသွားပုံကို ပြသထားသည်။

အဆိုပါ လေဆာလက်နက်စနစ် စမ်းသပ်မှုကို မေလ ၁၆ ရက်က ပစိ ဖိတ် သမုဒ္ဒရာထဲတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ လေဆာလက်နက်၏ ပြင်းအားနှင့်ပတ်သက်၍ ရေတပ် က ထုတ်ပြန်ခြင်းမရှိပေ။ သို့သော် မဟာဗျူဟာ လေ့လာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းက ထုတ်ပြန်သည့် ၂၀၁၈ အစီရင်ခံစာတစ်ရပ်အရ ယင်းသည် ၁၅၀ ကီလိုဝပ်ရှိ လေဆာလက်နက်တစ်မျိုး ဖြစ်ဖွယ် ရှိသည်။

လေဆာလက်နက်များသည် ဒရုန်းယာဉ်များ သို့မဟုတ် လက်နက် တပ်ဆင်ထားသည့် ရေယာဉ်ငယ်များကို ကာကွယ်ရာတွင် ထိရောက်သည့် လက်နက်များဖြစ်ကြောင်း အမေရိကန် ရေတပ်က ပြောထားသည်။

Add a Comment

Your email address will not be published. Required fields are marked *

two × 4 =