မြောက်ကိုရီးယား ရုပ်သံတွေ မှာ ကင် ရဲ့သင်္ကေတတွေ ကို စတင် ဖယ်ရှားနေ

မြောက်ကိုရီးယား ရုပ်သံတွေ မှာ ကင် ရဲ့သင်္ကေတတွေ ကို စတင် ဖယ်ရှားနေ

မြောက်ကိုရီးယား ရုပ်ငံတွေ မှာ ကင်ဂျုံအန်ရဲ့ သင်္ကေတတွေ၊ သူတီထွင်ခဲ့တဲ့ အမှတ်တရဖြစ်ဖွယ်ရာ စကားရပ်တွေ၊ ကင်နဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို စတင်ဖယ်ရှားနေပြီလို့ NK News က ဖော်ပြခဲ့ပါတယ်။

၎င်းသတင်းမှာ ဖော်ပြချက် အရ တချို့ရုပ်သံဖိုင်အေ ဟာင်းတွေ ပြန်လည်ထုတ်လွှင့်တဲ့အခါ ကင်နဲ့ပတ်သက်တဲ့ အရာတွေကို ဗွီဒီယိုနည်းပညာနဲ့ Blur လုပ်ခြင်း၊ ဖုံးဖိခြင်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ မြောက်ကိုရီးယား ဝါဒဖြန့် ရုပ်သံဌာနတစ်ခုဖြစ်တဲ့ Rodong Sinmun က ကင်ဟာ စူပါပါဝါတွေ ပိုင်ဆိုင်ထားသူဆိုတဲ့အချက်ကို ငြင်းဆန်ခဲ့ပြီး၊ သူလို ကိုယ်လို သာမန်လူတစ်ယောက်သာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

တကယ်တော့ မြောက်ကိုရီးယားတွေဟာ နှစ်ပေါင်း များစွာအတွင်း ခေါင်းဆောင်တွေကို နတ်ဘုရားတွေအလား အထင်ရှိစေဖို့ ဝါဒဖြန့်မှိုင်းသွင်းမှုတွေ ရှိခဲ့တာ အားလုံးအသိပါ။ အခု ကြေညာချက်ဟာ ခေါင်းဆောင်ကင်သာ တကယ်ရှိနေမယ်ဆိုရင် မိုးမီးလောင်သွားနိုင်တဲ့ ကိစ္စတစ်ခုဆိုတာကိုလည်း အားလုံး မှန်းဆကြည့် လို့ရပါတယ်။

အခုလည်း ကင်ဟာ နိုင်ငံပိုင်ရုပ်သံတွေရဲ့ စင်မြင့်ထက် မှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အခုလည်း နိုင်ငံပိုင်ရုပ်သံဖြစ်တဲ့ Korean Central Television မှာ ကင်နဲ့ပတ်သက်တဲ့ ထိပ်တန်းသူကောင်းအရာရှိ ကြယ်ပွင့်၊ ရွှေပန်းခွေအလိပ်ကို ဖျောက်ထားတယ်လို့ NK News က ဆိုပါတယ်။ အဲဒီ ရုပ်သံထုတ်လွှင့်မှုဟာ (၁၅)မိနစ် ကြာမြင့်ခဲ့ပြီး၊ ကင်ရဲ့ နှစ်သစ်ကူး Propaganda slogan တွေနဲ့ အခြား သင်္ကေတတွေအားလုံးကို နည်းပညာနဲ့ ဖုံးဖိထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကြောင့် ကင် သေဆုံးပြီလား ဆိုတဲ့ မေးခွန်းဟာ တစ်ဖန်ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။ မေလအစောပိုင်းမှာလည်း ကွယ်လွန်သွားတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့ ကင်အီဆောင်၊ ကင်ဂျုံအီတိုရဲ့ ပုံတူပန်းချီကားတွေကို ပြုံယမ်းပြည်သူ့ရင်ပြင်ကနေ ဖယ်ရှားခဲ့တယ် လို့ သတင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ခေါင်းဆောင်ကင် အသက်ရှင်နေ ဆဲဖြစ်ကြောင်း တချို့သတင်းတွေက ဖော်ပြနေပြီး၊ သတင်းအသစ်တစ်ခုအရ လန်ဒန်က ဆရာဝန်တစ်ဦးဟာ ကင်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့ရတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဆရာဝန်ရဲ့အမည် ကတော့ Nadey Hakim လို့သိရပြီး၊ Harley လမ်းမှာ နေတယ်လို့ သိရပါတယ်။ သူကတော့ ကင် နေကောင်းကျန်းမာဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; Express