



Source : Aung Min Naing

unicode

ပရိတ်သတ်တွေ သဘောကျနေတဲ့ ကိုပေါက် သားဖ သုံးယောက် ရဲ့ အခွီ ဗီဒီယိုလေး

ပရိသတ်ကြီးရေ ကပ်ရောဂါ တိုက်ဖျက်ရေး ကာလလေးတွေမှာ တစ်နေ့တာရဲ့ အချိန်တွေကို ပျော်ရွှင်စရာလေးတွေနဲ့ ဖြတ်သန်းစေနိုင်ဖို့ ချစ်ပရိသတ်တွေ အတွက် ရယ်စရာကောင်းလောက်တဲ့ ဟာသ ဗီဒီယိုလေးတွေထဲကမှ လူကြိုက်များနေတဲ့ ကိုပေါက် ရဲ့ tiktok ဗီဒီယိုလေးကို များစွာဖော်ပြပေးခဲ့တာကို မြင်တွေ့ပြီးသားဖြစ်မှာပါ။ ကိုပေါက် ရဲ့ ဟာသ tik tok ဗီဒီယိုလေးတွေကလည်း အခြားသူတွေဆော့ကစားကြတဲ့tik tok ဗီဒီယိုလေးတွေထက် တမူထူးခြားဆန်းသစ်ကာ ကြည့်မိသူတိုင်းကို ဆွဲဆောင်နိုင်ပြီး ရယ်မောပျော်စေတာကို တွေ့ရပါတယ်။

ယနေ့မှာဆိုရင်လည်း ကိုပေါက်က အိမ်မှာ နေရင်း ပရိသတ်တွေ ရယ်မောသွား ရလောက်အောင် ကိုယ်တိုင်ဖန်းတီထားတဲ့ ပျော်ရွှင်ကြည်နူးစရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးတွေထဲ မှာတော့ ကိုပေါက် က ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်နဲ့ အပြိုင် “လဝန်းလေး နဲ့တူတယ် မေ့ကိုလားကွယ် ” ဆိုတဲ့ သီချင်းလေး နဲ့ ကြည့်မိသူတိုင်း စိတ်ပျော်ရွှင်သွားအောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီယိုလေးထဲမှာတော့ ကနေတဲ့ သားလေး နှစ်ယောက်ကလည်း ဖေဖေကိုပေါက် ရဲ့ အနုပညာသွေးအပြည့် ပါတာကို ထင်ဟပ်နေခဲ့ပါတယ်။

ကိုပေါက် ဟာ မြန်မာ့ရုပ်ရှင်လောက ရဲ့ တစ်ထောင့် တစ်နေရာကနေ တိုးတက်လာအောင် အသစ်သစ်တွေကို ဖန်တီးနေတဲ့ ဇာတ်ညွန်းရေး ဒါရိုက်တာတွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုတွေ နဲ့ အကောင်းဆုံးလျှောက်လှမ်း လာခဲ့တဲ့ စွယ်စုံရအနုပညာရှင်လို့ ဆိုထိုက်ပါတယ်။ ကဲ…ချစ်ပရိသတ်တွေလည်း စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုပေါက် ရဲ့ ကြည်နူးစရာ tiktok ဗီဒီယိုလေးကို ကြည့်ရှု့ရင်း ပျော်ရွှင်မှုတွေ ကူးစက်စေမယ်လို့ မျှော်လင့်မိပါတယ်။

Source : Aung Min Naing

Add a Comment

Your email address will not be published. Required fields are marked *

eleven − eight =