တစ္ဦး ကေစတနာ တစ္ဦးကေမတၱာ ဆိုတဲ့ စကားကို ေဖာ္က်ဴး ခဲ့ၾကတဲ့ ေဖြးေဖြး နဲ႔ မိုးမိုး
|အခုလို Stay Home ကာလမွာ အိမ္က မိသားစုဝင္ေတြက အိမ္မွာေနတုန္း ဟင္းေတြ တေပ်ာ္တပါးႀကီးခ်က္စားၾကသလို အႏုပညာရွင္ေတြ ကလည္း သူတို႔ တတ္ကြၽမ္းတဲ့ ဟင္းလ်ာေတြနဲ႔ ပရိသတ္ေတြ ကို မိတ္ဆက္ေရာင္းခ်ေနၾကတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ မိုးမိုးကလည္း သူ႔ရဲ႕ ဇနီးေခ်ာေလး ရဲ႕ ေဟာ့ေပါ့ ကို ကိုယ္တိုင္ လိုက္ပို႔ၿပီး ေရာင္းခ်ေနသလို ခင္မင္ရာ မိတ္ေဆြအေပါင္းအသင္းေတြ ကိုလည္း ေမတၱာနဲ႔ လိုက္လံၿပီး လက္ေဆာင္ပို႔ေပးေနတာပဲ ျဖစ္ပါတယ္။ မိုးမိုးက ႏိုင္ငံေက်ာ္ မင္းသမီးေလး ေဖြးေဖြးက ေမတၱာနဲ႔ လက္ေဆာင္ သြားေပးရင္း ေဖြးေဖြးတို႔အိမ္က လက္ေဆာင္ျပန္လည္ ရရွိခဲ့ေၾကာင္းကို အမွတ္တရေျပာ ထားပါတယ္။
“မေန႔က ေဖြးစိန္ကို Hot pot သြားေပးတာ သူ႔ေမေမက လက္ေဆာင္ ၾကက္သားေထာပတ္ ထမင္းနဲ႔ သာကူမုန႔္လုံးေလး ျပန္ထည့္ေပး လိုက္တယ္။ တစ္ေနကုန္ ေမာပန္းေနလို႔ ညက်မွ ဆြဲရတယ္။ ရွယ္ခ်က္က လည္ထြက္ ၾကက္သားေထာပတ္ထမင္းက ၃ ပြဲေတာင္ ထည့္ေပး လိုက္တာ။” ဆိုၿပီး ေဖြးေဖြးတို႔ အိမ္ခ်က္ေထာပတ္ထမင္းေလး လက္ေဆာင္ ရရွိခဲ့ေၾကာင္း ေျပာထားပါတယ္။
ေဖြးေဖြးကလည္း မိုးမိုးတို႔ လက္ရာ ေဟာ့ေပါ့ေလးကို အရမ္းေကာင္းတယ္ေျပာ သလို မိုးမိုးကလည္း ေဖြးေဖြးတို ႔အိမ္ခ်က္ ေထာပတ္ထမင္းေလးက အရမ္းအရသာရွိေၾကာင္းေျပာထားတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း တစ္ဦးကေစတနာ တစ္ဦးကေမတၱာထားတဲ့ ေဖြးေဖြးနဲ႔ မိုးမိုးတို႔ ေမာင္ႏွမႏွစ္ဦး ကိုၾကည့္ၿပီး ပီတိျဖစ္ေနမယ္ ထင္ပါတယ္။
Source: Moe Sithu Kyaw’s fb
Bilie – Cele Connections
unicode
အခုလို Stay Home ကာလမှာ အိမ်က မိသားစုဝင်တွေက အိမ်မှာနေတုန်း ဟင်းတွေ တပျော်တပါးကြီးချက်စားကြသလို အနုပညာရှင်တွေ ကလည်း သူတို့ တတ်ကျွမ်းတဲ့ ဟင်းလျာတွေနဲ့ ပရိသတ်တွေ ကို မိတ်ဆက်ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် မိုးမိုးကလည်း သူ့ရဲ့ ဇနီးချောလေး ရဲ့ ဟော့ပေါ့ ကို ကိုယ်တိုင် လိုက်ပို့ပြီး ရောင်းချနေသလို ခင်မင်ရာ မိတ်ဆွေအပေါင်းအသင်းတွေ ကိုလည်း မေတ္တာနဲ့ လိုက်လံပြီး လက်ဆောင်ပို့ပေးနေတာပဲ ဖြစ်ပါတယ်။ မိုးမိုးက နိုင်ငံကျော် မင်းသမီးလေး ဖွေးဖွေးက မေတ္တာနဲ့ လက်ဆောင် သွားပေးရင်း ဖွေးဖွေးတို့အိမ်က လက်ဆောင်ပြန်လည် ရရှိခဲ့ကြောင်းကို အမှတ်တရပြော ထားပါတယ်။
“မနေ့က ဖွေးစိန်ကို Hot pot သွားပေးတာ သူ့မေမေက လက်ဆောင် ကြက်သားထောပတ် ထမင်းနဲ့ သာကူမုန့်လုံးလေး ပြန်ထည့်ပေး လိုက်တယ်။ တစ်နေကုန် မောပန်းနေလို့ ညကျမှ ဆွဲရတယ်။ ရှယ်ချက်က လည်ထွက် ကြက်သားထောပတ်ထမင်းက ၃ ပွဲတောင် ထည့်ပေး လိုက်တာ။” ဆိုပြီး ဖွေးဖွေးတို့ အိမ်ချက်ထောပတ်ထမင်းလေး လက်ဆောင် ရရှိခဲ့ကြောင်း ပြောထားပါတယ်။
ဖွေးဖွေးကလည်း မိုးမိုးတို့ လက်ရာ ဟော့ပေါ့လေးကို အရမ်းကောင်းတယ်ပြော သလို မိုးမိုးကလည်း ဖွေးဖွေးတို့အိမ်ချက် ထောပတ်ထမင်းလေးက အရမ်းအရသာရှိကြောင်းပြောထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်ဦးကစေတနာ တစ်ဦးကမေတ္တာထားတဲ့ ဖွေးဖွေးနဲ့ မိုးမိုးတို့ မောင်နှမနှစ်ဦး ကိုကြည့်ပြီး ပီတိဖြစ်နေမယ် ထင်ပါတယ်။
Source: Moe Sithu Kyaw’s fb
Bilie – Cele Connections