နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ရင်း အားပြတ်သွား တာကြောင့် ဆေးပိုက်တန်းလန်း နဲ့ ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်

နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ရင်း အားပြတ်သွား တာကြောင့် ဆေးပိုက်တန်းလန်း နဲ့ ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်

ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံ အနှံ အကူအညီ လိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးနေ တဲ့ ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။ ပိတ်ရက်ရယ်လို့မရှိတဲ့ ပရဟိတ အလုပ်ကို နေ့ရော၊ ညပါ ဆောင်ရွက်နေရတဲ့ ဝေဠုကျော်က ကျန်းမာရေး အခြေအနေကြောင့် ခဏခဏ ဆေးကုသမှုခံရသူ တစ်ယောက်ဖြစ်ပါတယ်။

အခုလို နွေရာသီ နေပူပူအချိန် မှာလည်း ဝေဠုကျော်က အများအကျိုးသယ်ပိုးဆောင်ရွက်ရင်း ချွေးထွက်လွန် အားနည်းကာ နောက်ဆုံးနေအိမ် မှာ ဆေးသွင်းရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော်က မိသားစုဆရာဝန်နဲ့ ဆေးကုသမှုခံယူနေရင်း အနားယူနေရတာပဲ ဖြစ်ပါတယ်

ဝေဠုကျော်ကတော့ အများအကျိုးအတွက် နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင် ရင်း အခုလိုပဲ အားပြတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း ပရဟိတ မင်းသားကြီး ဝေဠုကျော် အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: Wai Lu Kyaw Foundation’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

6 − 4 =