အေဝးေျပးယာဥ္ လိုင္း မ်ား စက္တင္ဘာလ (၆) ရက္ေန႔ မွာ ပိတ္ မယ္ ဆိုတာ လုံးဝ မဟုတ္ပါ (ရွယ္ေပးၾကပါအုံး …)

ရန္ကုန္အေျချပဳေျပးဆြဲေနေ သာ အေဝးေျပးယာဥ္လိုင္းမ်ား လာမည့္ စက္တင္ဘာလ ၆ ရက္ေန႔တြင္ ေျပးဆြဲမႈရပ္နားသြားမည္ ဆိုသည့္ သတင္းမွာ မဟုတ္ေၾကာင္း YRTA အေဝးေျပးတာဝန္ခံ ဦးဘျမင့္က ျမန္မာ့ပလက္ေဖာင္းကို ေျပာပါတယ္။“ယာဥ္လိုင္းေတြပိတ္ဖို႔ အမိန႔္ၫႊန္ၾကားခ်က္တစ္စုံတစ္ရာမရွိပါဘူး။ ပုံမွန္ အတိုင္းေျပးဆြဲေနပါတယ္။ ။ကန႔္သတ္ ထားတဲ့ ကန႔္သတ္ခ်က္ေတြအတြင္းမွာ ဝင္ေအာင္ေျပးဆြဲေပးေနတယ္။ အခုရခိုင္ျပည္နယ္မွာ Stay Home ေတြ ၫႊန္ၾကားထားေတာ့ ရခိုင္ယာဥ္လိုင္းေတြ အကုန္ေျပးဆြဲမႈမရွိေတာ့ဘူး။

ဧၿပီ ေမလ ေလာက္မွာ ယာဥ္လိုင္းေျပးဆြဲမႈ လုံးဝ ရပ္သြားတဲ့ အေနအထားမွာရွိတယ္။ အခုေနာက္ပိုင္း က်န္းမာေရးလမ္းၫႊန္ခ်က္ေတြနဲ႔ အညီ ေျပးဆြဲေပးႏိုင္ေနတာျဖစ္တယ္” လို႔ YRTA အေဝးေျပးတာဝန္ခံ ဦးဘျမင့္ကေျပာပါတယ္။လက္ရွိ အေဝးေျပးယာဥ္လိုင္းအားလုံးကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ၫႊန္ၾကားထားေသာ ၫႊန္ၾကားခ်က္မ်ား အတိုင္း ေျပးဆြဲေပးရန္ YRTA အေနျဖင့္ စီမံႀကီးၾကပ္ လ်က္ရွိေၾကာင္း သိရပါတယ္။

“ကြၽန္ေတာ္တို႔ကားေတြမွာ ထိုင္ခုံႏွစ္ခုံ ကို တစ္ေယာက္ပဲ စီးခြင့္ ရွိတယ္၊ ပလတ္စတစ္ေတြအကုန္ေရွ႕ေနာက္ကာ ထားေပးတယ္။ ႏွစ္ေယာက္ ခုံေပမယ့္ တစ္ေယာက္စာပဲ ေကာက္ခံတယ္။ ခရီးသည္ကိုက အသြားအလာနည္းသြားေတာ့ တြက္ေခ်ကိုက္မႈေတာ့မရွိဘူး အဆင္ေျပေအာင္ေျပးေနရတာပဲ။ အခုေနျပည္ေတာ္ေျပးရင္ေတာ့ ရပ္ကြက္ ေထာက္ခံခ်က္ေတြယူရတယ္” လို႔ ေ႐ႊမႏၲလာယာဥ္လိုင္း တာဝန္ခံ ဦးေအာင္ျမင့္ေဆြ ကေျပာပါတယ္။ရန္ကုန္တိုင္းေဒသႀကီး တြင္ ေအာင္မဂၤလာ အေဝးေျပးဝင္းႏွင့္ ဒဂုံဧရာအေဝးေျပးဝင္းတို႔မွ ယာဥ္လိုင္းေပါင္း ၂၁၈ လိုင္းေျပးဆြဲေပးလ်က္ရွိၿပီး ယာဥ္အစီးေရ ၈၂ဝျဖင့္ ခရီးသည္ေပါင္း ၈၉၀၀ ေက်ာ္ကို သယ္ယူ ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း သိရပါတယ္။

Credit – MyanmaPlatform

unicode

အဝေးပြေးယာဉ် လိုင်း များ စက်တင်ဘာလ (၆) ရက်နေ့ မှာ ပိတ် မယ် ဆိုတာ လုံးဝ မဟုတ်ပါ (ရှယ်ပေးကြပါအုံး …)

ရန်ကုန်အခြေပြုပြေးဆွဲနေေ သာ အဝေးပြေးယာဉ်လိုင်းများ လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြေးဆွဲမှုရပ်နားသွားမည် ဆိုသည့် သတင်းမှာ မဟုတ်ကြောင်း YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်က မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။“ယာဉ်လိုင်းတွေပိတ်ဖို့ အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာမရှိပါဘူး။ ပုံမှန် အတိုင်းပြေးဆွဲနေပါတယ်။ ။ကန့်သတ် ထားတဲ့ ကန့်သတ်ချက်တွေအတွင်းမှာ ဝင်အောင်ပြေးဆွဲပေးနေတယ်။ အခုရခိုင်ပြည်နယ်မှာ Stay Home တွေ ညွှန်ကြားထားတော့ ရခိုင်ယာဉ်လိုင်းတွေ အကုန်ပြေးဆွဲမှုမရှိတော့ဘူး။

ဧပြီ မေလ လောက်မှာ ယာဉ်လိုင်းပြေးဆွဲမှု လုံးဝ ရပ်သွားတဲ့ အနေအထားမှာရှိတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ အညီ ပြေးဆွဲပေးနိုင်နေတာဖြစ်တယ်” လို့ YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်ကပြောပါတယ်။လက်ရှိ အဝေးပြေးယာဉ်လိုင်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များ အတိုင်း ပြေးဆွဲပေးရန် YRTA အနေဖြင့် စီမံကြီးကြပ် လျက်ရှိကြောင်း သိရပါတယ်။

“ကျွန်တော်တို့ကားတွေမှာ ထိုင်ခုံနှစ်ခုံ ကို တစ်ယောက်ပဲ စီးခွင့် ရှိတယ်၊ ပလတ်စတစ်တွေအကုန်ရှေ့နောက်ကာ ထားပေးတယ်။ နှစ်ယောက် ခုံပေမယ့် တစ်ယောက်စာပဲ ကောက်ခံတယ်။ ခရီးသည်ကိုက အသွားအလာနည်းသွားတော့ တွက်ချေကိုက်မှုတော့မရှိဘူး အဆင်ပြေအောင်ပြေးနေရတာပဲ။ အခုနေပြည်တော်ပြေးရင်တော့ ရပ်ကွက် ထောက်ခံချက်တွေယူရတယ်” လို့ ရွှေမန္တလာယာဉ်လိုင်း တာဝန်ခံ ဦးအောင်မြင့်ဆွေ ကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး တွင် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ ယာဉ်လိုင်းပေါင်း ၂၁၈ လိုင်းပြေးဆွဲပေးလျက်ရှိပြီး ယာဉ်အစီးရေ ၈၂ဝဖြင့် ခရီးသည်ပေါင်း ၈၉၀၀ ကျော်ကို သယ်ယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။

Credit – MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *

14 − twelve =