ေက်ာင္းမ်ား ပိတ္ထားေသာ္ လည္း ဆရာ၊ ဆရာမမ်ား တာဝန္က်ရာ ေက်ာင္းတြင္သာ ဆက္လက္ ေနထိုင္ရမည္

အစိုးရအေျခခံပညာအ ထက္တန္း ေက်ာင္းမ်ား၊ ပုဂၢလိ က အထက္တန္းေက်ာင္းမ်ား ၊ဘုန္းေတာ္ႀကီးသင္ ပညာေရး အ ထက္တန္းေက်ာင္းမ်ားကို ယေန႔(ၾသဂုတ္ ၂၇ ရက္)ကစကာ ယာယီျပန္ပိတ္လိုက္ပါတယ္။ကိုဗစ္ေၾကာင့္ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ရက္ ၅၀ ခန႔္ေနာက္က်ၿပီးမွ အေျခခံပညာ အတန္းမ်ားအနက္ အထက္တန္းအဆင့္ ႏွစ္တန္းကို ဇူလိူင္ ၂၁ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ပါတယ္။ကိုဗစ္ကူးစက္ခံရသူ ယခုရက္ပိုင္းအတြင္း မ်ားျပားလာသျဖင့္ လက္ရွိဖြင့္လွစ္ခြင့္ျပဳ ထားသည့္ အထက္တန္းအဆင့္ သင္ေက်ာင္းမ်ားကိုပါ ဩဂုတ္ ၂၇ ရက္ကစတင္ကာ ယာယီျပန္ပိတ္ရန္ ကိုဗစ္ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသား အဆင့္ ဗဟိုေကာ္မတီက ၾသဂုတ္၂၆ ရက္တြင္ ပညာေရးဝန္ႀကီး ဌာနႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ အစိုးရအဖြဲ႕မ်ားကို ၫႊန္ၾကားခဲ့ျခင္း ျဖစ္ပါတယ္။

တစ္ႏိုင္ငံလုံးက လက္ရွိဖြင့္ခြင့္ျပဳထားတဲ့ ေက်ာင္းေတြ အား လုံး ယာယီျပန္ပိတ္ပါမယ္။ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟို ေကာ္မတီ ဆုံးျဖတ္ခ်က္အရ ေက်ာင္းေတြျပန္ပိတ္တာပါ’’ဟုအေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။အေျခခံပညာအတန္းမ်ား အနက္ အထက္ တန္းအဆင့္အ တန္းမ်ားကို ဇူလိုင္ ၂၁ ရက္ကစတင္ဖြင့္လွစ္ခဲ့ၿပီး အထက္တန္း အဆင့္သင္ေက်ာင္း ၇,၁၇၃ ေက်ာင္းအနက္ COVID-19 ကာကြယ္ေရးျပင္ဆင္မႈ အခ်က္ ၈၀ ခ်က္ ျပည့္မီမႈရွိ၊မရွိ စစ္ေဆး ကာ အဆင့္ (A)ရ ေက်ာင္းကိုသာ ၆,၅၂၆ ေက်ာင္းကိုသာ ဖြင့္ခြင့္ျပဳ ထားပါတယ္။

ျပည္တြင္းကူးစက္မႈအျဖစ္ ရခိုင္ျပည္နယ္ တြင္ ကိုဗစ္ အတည္ျပဳလူနာမ်ား ဆက္တိုက္ ေတြ႕လာရၿပီးေနာက္တြင္ ၾသဂုတ္၂၁ ရက္ကစကာ ရခိုင္ျပည္နယ္ရွိေက်ာင္းမ်ားကို ရက္အကန႔္အသတ္မရွိ ယာယီျပန္ပိတ္ခဲ့သည္။ ယင္းေနာက္တစ္ပတ္ခန႔္အၾကာ တြင္ တစ္ႏိုင္ငံလုံးရွိ ေက်ာင္းမ်ားကို ျပန္ပိတ္လိုက္ျခင္းျဖစ္ပါတယ္။ဆရာ၊ ဆရာမမ်ား၊ ပညာ ေရးဝန္ထမ္းမ်ား အေနျဖင့္ တာဝန္က်ရာေဒသ၊ ေက်ာင္းမ်ားတြင္ သာ ေနထိုင္ရန္၊ ၿမိဳ႕နယ္ေက်ာ္ခရီးမထြက္ရန္၊မျဖစ္မေန ခရီးသြားရမည့္ အေၾကာင္းကိစၥရွိလာ ပါက ၿမိဳ႕နယ္ပညာေရးမႉး၏ ေထာက္ခံခ်က္ျဖင့္ သြားလာရမည္ျဖစ္ၿပီး ေက်ာင္းျပန္ဖြင့္မည့္ရက္ကို ျပန္လည္ ေၾကညာမည္ဟုအေျခခံ ပညာဦးစီးဌာနက ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

Credit to Original

unicode

အစိုးရအခြေခံပညာအ ထက်တန်း ကျောင်းများ၊ ပုဂ္ဂလိ က အထက်တန်းကျောင်းများ ၊ဘုန်းတော်ကြီးသင် ပညာရေး အ ထက်တန်းကျောင်းများကို ယနေ့(သြဂုတ် ၂၇ ရက်)ကစကာ ယာယီပြန်ပိတ်လိုက်ပါတယ်။ကိုဗစ်ကြောင့် ပုံမှန်ကျောင်းဖွင့်ချိန်ထက် ရက် ၅၀ ခန့်နောက်ကျပြီးမှ အခြေခံပညာ အတန်းများအနက် အထက်တန်းအဆင့် နှစ်တန်းကို ဇူလိူင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ကိုဗစ်ကူးစက်ခံရသူ ယခုရက်ပိုင်းအတွင်း များပြားလာသဖြင့် လက်ရှိဖွင့်လှစ်ခွင့်ပြု ထားသည့် အထက်တန်းအဆင့် သင်ကျောင်းများကိုပါ ဩဂုတ် ၂၇ ရက်ကစတင်ကာ ယာယီပြန်ပိတ်ရန် ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက သြဂုတ်၂၆ ရက်တွင် ပညာရေးဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များကို ညွှန်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက လက်ရှိဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေ အား လုံး ယာယီပြန်ပိတ်ပါမယ်။ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ ဆုံးဖြတ်ချက်အရ ကျောင်းတွေပြန်ပိတ်တာပါ’’ဟုအခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။အခြေခံပညာအတန်းများ အနက် အထက် တန်းအဆင့်အ တန်းများကို ဇူလိုင် ၂၁ ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး အထက်တန်း အဆင့်သင်ကျောင်း ၇,၁၇၃ ကျောင်းအနက် COVID-19 ကာကွယ်ရေးပြင်ဆင်မှု အချက် ၈၀ ချက် ပြည့်မီမှုရှိ၊မရှိ စစ်ဆေး ကာ အဆင့် (A)ရ ကျောင်းကိုသာ ၆,၅၂၆ ကျောင်းကိုသာ ဖွင့်ခွင့်ပြု ထားပါတယ်။

ပြည်တွင်းကူးစက်မှုအဖြစ် ရခိုင်ပြည်နယ် တွင် ကိုဗစ် အတည်ပြုလူနာများ ဆက်တိုက် တွေ့လာရပြီးနောက်တွင် သြဂုတ်၂၁ ရက်ကစကာ ရခိုင်ပြည်နယ်ရှိကျောင်းများကို ရက်အကန့်အသတ်မရှိ ယာယီပြန်ပိတ်ခဲ့သည်။ ယင်းနောက်တစ်ပတ်ခန့်အကြာ တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများကို ပြန်ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ဆရာ၊ ဆရာမများ၊ ပညာ ရေးဝန်ထမ်းများ အနေဖြင့် တာဝန်ကျရာဒေသ၊ ကျောင်းများတွင် သာ နေထိုင်ရန်၊ မြို့နယ်ကျော်ခရီးမထွက်ရန်၊မဖြစ်မနေ ခရီးသွားရမည့် အကြောင်းကိစ္စရှိလာ ပါက မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်ဖြင့် သွားလာရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်မည့်ရက်ကို ပြန်လည် ကြေညာမည်ဟုအခြေခံ ပညာဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

nineteen + ten =