အဆိုတော်ချမ်းချမ်းကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေ တဆင့် အောင်မြင်လာပြီး နိုင်ငံကျော် အဆိုတော်ဖြစ်လာခဲ့သူပါ။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက်သမီးလေးနဲ့အတူတူ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်မြေ အီတလီနိုင်ငံမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ တိုင်းတစ်ပါးလူမျိုးခြားတွေ အလည်မှာရောက်ရှိနေတဲ့ ချမ်းချမ်းဟာ သူမရဲ့သမီးကြီး ဂင်္ဂါမေကိုလည်း အီတလီနိုင်ငံကိုခေါ်ထားပြီဖြစ်ပြီး မိသားစုလေး စည်းစည်းလုံးလုံးနေထိုင်နေတာပဲဖြစ်ပါတယ်။
ချမ်းချမ်းဟာ သူမရဲ့သမီးကြီး မြမိုးဂင်္ဂါရဲ့ ပုံရိပ်ကို လျှို့ဝှက် ထားတဲ့ အတွက် ပရိသတ် တစ်ယောက်က “နားမလည်လို့ပါ ကလေးကနိုင်ငံရေးပတ်သတ်သူလဲမဟုတ် ပြည်ပလဲရောပ်နေပီ အဲ့တာကိုလဲ မိဘကအတူရှိနေပီလို့ပြောပီးပီ အရင်ကလဲကလေးပုံကိုလူတိုင်းမြင်ဖူးတယ် ကလေးကို ကယ်လာတာ မှန်တယ်ထား အခုလွတ်လာပီ တရားဥပဒေကာကွယ်ပေးတဲ့ နိုင်ငံရောက်တာတောင်ဘာလို့မပြလဲစဥွးစာူလို့မရ ဝါးထားလဲရတယ်လေ အနောက်ပုံဘာညာကလေးရုပ်ကအထူးအဆန်းမဟုတ် လူတိုင်းမြင်ဖူးပြီးသားရုပ်ကို” ဆိုပြီး မေးမြန်းခဲ့ပါတယ်။
ထိုအဖြေကို ချမ်းချမ်းက “အော် မောင်လေးရေ တော်တော် ပြောရခက်ပါလားနော် ကျန်ခဲ့ သူတွေ ကူညီသူတွေကို မသနားဘူးလား။ ကလေးဘယ်လိုရောက်အောင်လာရလဲဆိုတာ ဘယ်လို လုပ်ခဲ့ရလဲဆိုတာ အကိုသိလား မသိပဲ အတင်း လုံခြုံတဲ့နိုင်ငံ ရောက်နေတာကို ဆိုပီး မပြလို့ပြောနေတာ။ အော် ဒီလို အခြေအနေအထိ ကလေးကို ဖုံးထားရတာ သူတို့မှာ အခြေနေတခု ရှိမှာပဲလေ ဆိုတာ တွေးကြညါ့ပါလားနော်။ မလိုသူတွေ သတင်းသိထားလို့ မဖွခင် ဒုက္ခမပေးခင်ကိုယ့်ဘက်က အရင်ပြင်ဆင်ပြီး အခုလိုတင်ထားတာပါ။” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ချမ်းချမ်းဟာ သမီးလေးမြမိုးဂင်္ဂါကို အီတလီနိုင်ငံထိရောက်အောင် ခေါ်လာခဲ့တဲ့ သူတွေအတွက် ငဲ့ညှာသော အားဖြင့် သမီးလေးပုံကို မဖော်ပြတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချမ်းချမ်းတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit.