ဆိုရှယ်မီဒီယာ မှာ နာမည်ကြီးနေတဲ့ ၄နှစ် သားလေးကို လိုက်ပြီးတောင်းစားခိုင်းနေ တဲ့ လူယုတ်မာတွေ ကို မိပြီ…

ဆိုရှယ်မီဒီယာ မှာ နာမည်ကြီးနေတဲ့ ၄နှစ် သားလေးကို လိုက်ပြီးတောင်းစားခိုင်းနေ တဲ့ လူယုတ်မာတွေ ကို မိပြီ…

ကလေးတွေ ကို ရိုက်နှက်ပြီးတောင်းစား ခိုင်းတဲ့ လူနှစ်ယောက် ကို မိပါပြီ…

ဒီနေ့မနက် ၇၈×၂၆လမ်းထောင့် မှာ တောင်းခိုင်းနေတယ် လို့ ပြည်သူ တစ်ယောက်ကတင်ထား တာတွေ့တာနဲ့ ကျွန်တော်နဲ့ ကျွန်တော့်ညီ LynnKhine အဲဒီနေရာကိုသွားပြီးကြည့် သက်ဆိုင်ရာနဲ့ဝိုင်းဝန်းဖမ်းဆီးပြီး ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပါပြီ…

မိတဲ့နေရာ ကတော့ ဆေးရုံကြီးရှေ့မှာပါ.. ကလေးနှစ်ယောက်ကိုတော့ တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနကိုပို့ပေးမှာပါ…

ဝိုင်းဝန်းကူညီ ဖမ်းဆီးပေးကြတဲ့ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ ကဉ္စနမဟီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး ၊ အမှတ် ၈ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းမင်းသက် MoonCandy နှင့် လှည့်ကင်းတပ်ဖွဲ့ဝင်များအားလုံး ကျေးဇူး အထူးတင်ရှိပါတယ်…

Ko Naung (25-5-2020)

Add a Comment

Your email address will not be published. Required fields are marked *

12 + 5 =