သီရိလကၤာႏိုင္ငံ မွ ျမတ္စြာဘုရား ဆံေတာ္ရွင္ အစစ္ပါ အမ်ားျပည္သူ အားလုံး ဖူးေမွ်ာ္ႏိုင္ေအာင္ မွ်ေဝေပး လိုက္ပါတယ္

သီရိလကၤာႏိုင္ငံမွ ျမတ္ဘုရား ၏ ဆံေတာ္ရွင္ အစစ္ပါ။ ဖူးေျမာ္ ၾကည္ညိဳ ကံထူးကံေကာင္း ႏိုင္ၾကပါေစ။

အ႐ြယ္ေသးေသာ္လည္း အေရးႂကြယ္သည့္ကြၽန္းႏိုင္ငံ ဗုဒၶစာေပက်မ္းဂန္တို႔၌ လကၤာဒီပဟုထင္ရွားခဲ့သည့္ ေဂါတမဘုရားရွင္ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီး ေနာက္တြင္ ဗုဒၶအယူဝါဒေနလိုလလိုထြန္းပခဲ့ေသာ ကြၽန္း၊ ယြန္းဆြမ္းအုပ္၏ ပုံသဏၭာန္ကဲ့သို႔ေျမမ်က္ႏွာျပင္ရွိသည္။

မဟာဝံသ၊ ဒီပဝံသေခၚ ေရွးမွတ္တမ္း မ်ားျဖင့္ ကြၽန္းႏိုင္ငံ၏သမိုင္းမ်ားကို ထိန္းသိမ္း လာခဲ့သည္။ သီဟိုဠ္ကြၽန္းႏွင့္ေက်းကုလားမ်ား၊ ေပါတူဂီႏွင့္ဒတ္ခ် တို႔နယ္ခ်ဲ႕ပုံ၊ ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္အျဖစ္အေရးပါပုံတို႔ကို တင္ျပထားသည္။

ျပာလဲ့လဲ့ပင္လယ္ေရျပင္ျဖင့္ ဝိုင္းရံလ်က္ ရွိ၍ စိမ္းစို သာယာလွပေသာ ရႈခင္းတို႔ျဖင့္ တင့္တယ္ရႈေမာဖြယ္ရာျဖစ္ေသာ သီဟိုဠ္ကြၽန္းသည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းလည္းျဖစ္သည္။

ဗုဒၶဝင္ မဟာဝင္ စသည့္ျမန္မာ့ စာေပ က်မ္းဂန္ႀကီးမ်ား၌ ထင္ရွားပါရွိေသာ လကၤာဒီပေခၚသီဟိုဠ္ကြၽန္းအေၾကာင္းကို ဗုဒၶအယူဝါဒ ျမန္မာလူမ်ိဳးမ်ား အလြန္ ၾကားဖူးနားဝရွိေနၾကေလသည္။ ဗုဒၶဘာသာသည္ ႏိုင္ငံေတာ္ဘာသာ ျဖစ္သည္။

ထိုကြၽန္းသည္ဗုဒၶဝါဒီ တို႔သာမက အျခားအယူဝါဒီ အမ်ိဳးမ်ိဳး၏ ေလးစားျမတ္ႏိုးျခင္းကို ခံယူရရွိေသာ ကြၽန္းျဖစ္သည္။ ေဂါတမဘုရား သက္ေတာ္ထင္ရွားရွိစဥ္အခါက လူေနကြၽန္း မဟုတ္ေသးေသာ္လည္း လကၤာဒီပကြၽန္းတြင္

ေနာင္အခါ ဗုဒၶအယူဝါဒ သည္ ေကာင္းစြာခိုင္ က်ည္တည္တံ့လိမ့္မည္ဟု ဗ်ာဒိတ္ေတာ္ခ်မွတ္ကာ ဘုရားရွင္ ကိုယ္ေတာ္တိုင္ သုံးႀကိမ္သုံးခါ ႂကြေရာက္ေတာ္မူခဲ့ဖူးသည္ဟူ၍ ဗုဒၶဝါဒီတို႔သည္ ထိုကြၽန္းအေပၚေလးစားျမတ္ႏိုးမႈရွိၾကေလသည္။

unicode

သီရိလင်္ကာနိုင်ငံ မှ မြတ်စွာဘုရား ဆံတော်ရှင် အစစ်ပါ အများပြည်သူ အားလုံး ဖူးမျှော်နိုင်အောင် မျှဝေပေး လိုက်ပါတယ်

သီရိလင်္ကာနိုင်ငံမှ မြတ်ဘုရား ၏ ဆံတော်ရှင် အစစ်ပါ။ ဖူးမြော် ကြည်ညို ကံထူးကံကောင်း နိုင်ကြပါစေ။

အရွယ်သေးသော်လည်း အရေးကြွယ်သည့်ကျွန်းနိုင်ငံ ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လင်္ကာဒီပဟုထင်ရှားခဲ့သည့် ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓအယူဝါဒနေလိုလလိုထွန်းပခဲ့သော ကျွန်း၊ ယွန်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့မြေမျက်နှာပြင်ရှိသည်။

မဟာဝံသ၊ ဒီပဝံသခေါ် ရှေးမှတ်တမ်း များဖြင့် ကျွန်းနိုင်ငံ၏သမိုင်းများကို ထိန်းသိမ်း လာခဲ့သည်။ သီဟိုဠ်ကျွန်းနှင့်ကျေးကုလားများ၊ ပေါတူဂီနှင့်ဒတ်ချ တို့နယ်ချဲ့ပုံ၊ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ်အရေးပါပုံတို့ကို တင်ပြထားသည်။

ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက် ရှိ၍ စိမ်းစို သာယာလှပသော ရှုခင်းတို့ဖြင့် တင့်တယ်ရှုမောဖွယ်ရာဖြစ်သော သီဟိုဠ်ကျွန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။

ဗုဒ္ဓဝင် မဟာဝင် စသည့်မြန်မာ့ စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှားပါရှိသော လင်္ကာဒီပခေါ်သီဟိုဠ်ကျွန်းအကြောင်းကို ဗုဒ္ဓအယူဝါဒ မြန်မာလူမျိုးများ အလွန် ကြားဖူးနားဝရှိနေကြလေသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည်။

ထိုကျွန်းသည်ဗုဒ္ဓဝါဒီ တို့သာမက အခြားအယူဝါဒီ အမျိုးမျိုး၏ လေးစားမြတ်နိုးခြင်းကို ခံယူရရှိသော ကျွန်းဖြစ်သည်။ ဂေါတမဘုရား သက်တော်ထင်ရှားရှိစဉ်အခါက လူနေကျွန်း မဟုတ်သေးသော်လည်း လင်္ကာဒီပကျွန်းတွင်

နောင်အခါ ဗုဒ္ဓအယူဝါဒ သည် ကောင်းစွာခိုင် ကျည်တည်တံ့လိမ့်မည်ဟု ဗျာဒိတ်တော်ချမှတ်ကာ ဘုရားရှင် ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ ဗုဒ္ဓဝါဒီတို့သည် ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှုရှိကြလေသည်။

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 10 =