အမေရိကန် တွင် ဆံသဆရာ တဦး ထံမှ လူပေါင်း (၉၁) ဦးသို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွား

အမေရိကန် တွင် ဆံသဆရာ တဦး ထံမှ လူပေါင်း (၉၁) ဦးသို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွား

ကိုဗစ်ရောဂါရှိတဲ့ ဆံသဆရာ တစ်ဦးဟာ ရောဂါလက္ခဏာ ရှိနေစဉ်ကာလအတွင်းမှာ ၈ ရက်ခန့် အလုပ်လုပ်ခဲ့ပြီး ၎င်းရဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက် ၉၁ ဦးကို ကူးစက်စေခဲ့တယ်လို့ မစ်ဆိုရီမြို့ ကျန်းမာရေးအရာရှိတွေက ပြောလိုက်ပါတယ်။

ယခု ကူးစက်မှုဟာ အမေရိကန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကြားက စီးပွားရေးတွေပြန်လည် ဖွင့်လှစ်ခြင်းရဲ့ အကျိုးဆက်တစ်ခုအဖြစ် ကူးစက်မှု ပိုမိုများပြားလာရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဘဲဖြစ်ပါတယ်။

ယခုကူးစက်မှု မှာ အဆိုပါ ဆံသဆရာဟာ ၈ ရက်အတွင်း ဆံပင်လာညှပ်သူ ၈၄ ယောက်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ၇ ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

အဆိုပါ ဆံသဆရာ ရဲ့ ကူးစက်မှုရာဇဝင်ကို မသိရှိရသေးပါဘူး။ ဘယ်လိုကူးစက်လာလဲဆိုတဲ့ ဇစ်မြစ်ကို အဖြေရှာမရပေမယ့် ခရီးသွားလာရခြင်းကနေ ကူးစက်နိုင်တယ်လို့ ကနဦးခန့်မှန်းထားပါတယ်။ အဆိုပါဆံသဆရာဟာ မေလ ၁၂ ရက်နေ့ကနေ စတင်အလုပ်လုပ်ခဲ့ တာဖြစ်ပြီးတော့ အဆိုပါအချိန်မှာ ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။

A stylist wearing a protective mask and gloves cuts a customer’s hair at a barber shop in Coral Gables, Florida, U.S., on Monday, May 18, 2020. Florida Governor Ron DeSantis announced a partial re-opening order in Miami-Dade county, the two counties hardest hit by the coronavirus outbreak. Photographer: Jayme Gershen/Bloomberg via Getty Images

အမေရိကန်နိုင်ငံမှာ လက်ရှိ အချိန်ထိ လူပေါင်း ၉၆၀၀၀ ခန့် ကိုဗစ်ကြောင့် သေဆုံးခဲ့ပြီဖြစ်ပြီး ကူးစက်သူအရေအတွက်ကတော့ ၁.၆ သန်းခန့်ရှိပါတယ်။ မစ်ဆိုရီမြို့မှာတော့ ကူးစက်သူပေါင်း ၁၂၀၀၀ နဲ့ သေဆုံးသူ ၆၀၀ ခန့်ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်ချက်ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

three × 1 =