ကိုဗစ္ ေၾကာင့္ ေ႐ြးေကာက္ပြဲကို သတ္မွတ္ရက္ မွာ မက်င္းပႏိုင္ရင္ ဘာေတြ ျဖစ္လာမလဲ?

ဖတ္ၾကည့္ၿပီး စိတ္ေအးထားေစ ခ်င္… လႊတ္ေတာ္သက္တမ္း ကုန္တဲ့အထိ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္လွ်င္…

ေ႐ြးေကာက္ပြဲ အခ်ိန္မွီ မက်င္းပႏိုင္ရင္… လက္ရွိ အစိုးရနဲ႔ လႊတ္ေတာ္က သက္တမ္း (၅)ႏွစ္ ျပည့္ခါနီး ပါၿပီ။ ကံမေကာင္း အေၾကာင္းမလွလို႔ ကိုဗစ္ သက္ဆိုးရွည္ၿပီး ေ႐ြးေကာက္ပြဲ လုပ္မရေအာင္ ဒုကၡေပး ေနဦးမယ္ ဆိုရင္ သက္တမ္းကုန္သြားတဲ့ အာဏာပိုင္ အဖြဲ႕အစည္းေတြ ဘယ္လို လုပ္ၾကမလဲ။ စစ္ေလာ္ဘီေတြက ေ႐ြးေကာက္ပြဲ အခ်ိန္မွီ မလုပ္ ႏိုင္ရင္ လက္ရွိေျခဥအရ ကာလုံကို အာဏာအပ္ရမယ္လို႔ ဆိုၾကပါတယ္။ မွားပါတယ္၊ ကာလုံကို အာဏာအပ္စရာ လုံးဝ မလိုပါဘူး။ ဘာျဖစ္လို႔လဲ။

(၁) လက္ရွိ သမၼတ နဲ႔ ဒု-သမၼတေတြ သက္တမ္း ကုန္ဆုံးသြားေပမယ့္ သမၼတအသစ္ကို ေ႐ြးခ်ယ္ၿပီးတဲ့ အထိ ေျခဥ ပုဒ္မ (၆၁-ခ) အရ ဆက္ၿပီး တာဝန္ထမ္းေဆာင္ ေပးရပါမယ္။

(၂) ျပည္ေထာင္စု ဝန္ႀကီး၊ ဒု-ဝန္ႀကီးေတြရဲ႕ သက္တမ္းက သမၼတနဲ႔ အတူတူ ျဖစ္တယ္လို႔ ပုဒ္မ (၂၃၅-က)မွာ ဆိုပါတယ္။ ဒီေတာ့ သူတို႔လဲ သမၼတအသစ္ ေ႐ြးၿပီးခ်ိန္ အထိ တာဝန္ထမ္းေဆာင္ ၾကရပါမယ္။ အျခား ေရွ႕ေနခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္ စတဲ့ ႏိုင္ငံေတာ္အဆင့္ ရာထူးေတြရဲ႕ သက္တမ္းကလဲ သမၼတနဲ႔ အတူတူပါပဲ။

(၃) တိုင္း ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြရဲ႕ သက္တမ္းကလဲ သမၼတနဲ႔ အတူတူ ျဖစ္တယ္လို႔ ပုဒ္မ (၂၆၂-ဍ) မွာ ဆိုပါတယ္။ သူတို႔လဲ သမၼတအသစ္ ေ႐ြးၿပီးခ်ိန္အထိ တာဝန္ ထမ္းေဆာင္ ၾကရပါမယ္။

(၄) ျပည္ေထာင္စု လႊတ္ေတာ္ ဥကၠ႒ နဲ႔ ဒု-ဥကၠ႒တို႔က လႊတ္ေတာ္ သက္တမ္း ကုန္သြားေပမယ့္ ေနာက္လႊတ္ေတာ္ အသစ္ ဖြဲ႕စည္းတဲ့ အထိ တာဝန္ ထမ္းေဆာင္ေပးရမယ္လို႔ ပုဒ္မ (၁၁၃-က)မွာ ဆိုပါတယ္။ က်န္တဲ့ ကိုယ္စားလွယ္ေတြေတာ့ မပါဘူး။ ဆိုလိုတာက လႊတ္ေတာ္ (၂)ရပ္လုံး ကေတာ့ သက္တမ္းကုန္တာနဲ႔ ၿပီးၿပီေပါ့။

ဒီေတာ့ ေ႐ြးေကာက္ပြဲ အခ်ိန္မွီ မလုပ္ႏိုင္ခဲ့ရင္ အစိုးရ အဖြဲ႕အစည္း အဆင့္ဆင့္က ေနာက္ အစိုးရသစ္ ဖြဲ႕ခ်ိန္အထိ ဆက္လုပ္ ၾကရမွာ ျဖစ္ပါတယ္။ ေျပာစရာ ရွိတာက လႊတ္ေတာ္ မရွိတဲ့ အတြက္ ဥပေဒ အရပ္ရပ္ ျပင္တာ၊ အသစ္ျပဌါန္းတာေတြ လုပ္ႏိုင္မွာ မဟုတ္ဘဲ တည္ဆဲ ဥပေဒနဲ႔သာ သြားရမွာပါ။ ဘ႑ာေရးႏွစ္ ကုန္သြားလို႔ ဘတ္ဂ်က္ အသစ္တင္စရာ လႊတ္ေတာ္ မရွိေသးဘူး ဆိုရင္လဲ ဘတ္ဂ်က္ေဟာင္း ခြင့္ျပဳခ်က္အတိုင္း သုံးစြဲခြင့္ ရွိတယ္လို႔ ပုဒ္မ (၂၂၂) မွာ ခြင့္ျပဳ ထားပါတယ္။

ကာလုံ ေခၚတာ မေခၚတာ ကေတာ့ သမၼတရဲ႕ လုပ္ပိုင္ခြင့္ပါ။ သူ မေခၚခ်င္ မေခၚဘူး၊ အာဏာ အပ္ဖို႔ဆိုတာေတာ့ အေဝးႀကီး။ ေဝဖန္ဖို႔နဲ႔ ဆင္ျခင္ဖို႔ ျဖစ္ပါတယ္ ခင္ဗ်ား။

(မင္းၾကည္ညိဳေန)

unicode

ကိုဗစ် ကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ရက် မှာ မကျင်းပနိုင်ရင် ဘာတွေ ဖြစ်လာမလဲ?

ဖတ်ကြည့်ပြီး စိတ်အေးထားစေ ချင်… လွှတ်တော်သက်တမ်း ကုန်တဲ့အထိ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင်…

ရွေးကောက်ပွဲ အချိန်မှီ မကျင်းပနိုင်ရင်… လက်ရှိ အစိုးရနဲ့ လွှတ်တော်က သက်တမ်း (၅)နှစ် ပြည့်ခါနီး ပါပြီ။ ကံမကောင်း အကြောင်းမလှလို့ ကိုဗစ် သက်ဆိုးရှည်ပြီး ရွေးကောက်ပွဲ လုပ်မရအောင် ဒုက္ခပေး နေဦးမယ် ဆိုရင် သက်တမ်းကုန်သွားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ဘယ်လို လုပ်ကြမလဲ။

စစ်လော်ဘီတွေက ရွေးကောက်ပွဲ အချိန်မှီ မလုပ် နိုင်ရင် လက်ရှိခြေဥအရ ကာလုံကို အာဏာအပ်ရမယ်လို့ ဆိုကြပါတယ်။ မှားပါတယ်၊ ကာလုံကို အာဏာအပ်စရာ လုံးဝ မလိုပါဘူး။ ဘာဖြစ်လို့လဲ။

(၁) လက်ရှိ သမ္မတ နဲ့ ဒု-သမ္မတတွေ သက်တမ်း ကုန်ဆုံးသွားပေမယ့် သမ္မတအသစ်ကို ရွေးချယ်ပြီးတဲ့ အထိ ခြေဥ ပုဒ်မ (၆၁-ခ) အရ ဆက်ပြီး တာဝန်ထမ်းဆောင် ပေးရပါမယ်။

(၂) ပြည်ထောင်စု ဝန်ကြီး၊ ဒု-ဝန်ကြီးတွေရဲ့ သက်တမ်းက သမ္မတနဲ့ အတူတူ ဖြစ်တယ်လို့ ပုဒ်မ (၂၃၅-က)မှာ ဆိုပါတယ်။ ဒီတော့ သူတို့လဲ သမ္မတအသစ် ရွေးပြီးချိန် အထိ တာဝန်ထမ်းဆောင် ကြရပါမယ်။ အခြား ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စတဲ့ နိုင်ငံတော်အဆင့် ရာထူးတွေရဲ့ သက်တမ်းကလဲ သမ္မတနဲ့ အတူတူပါပဲ။

(၃) တိုင်း ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ သက်တမ်းကလဲ သမ္မတနဲ့ အတူတူ ဖြစ်တယ်လို့ ပုဒ်မ (၂၆၂-ဍ) မှာ ဆိုပါတယ်။ သူတို့လဲ သမ္မတအသစ် ရွေးပြီးချိန်အထိ တာဝန် ထမ်းဆောင် ကြရပါမယ်။

(၄) ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒု-ဥက္ကဋ္ဌတို့က လွှတ်တော် သက်တမ်း ကုန်သွားပေမယ့် နောက်လွှတ်တော် အသစ် ဖွဲ့စည်းတဲ့ အထိ တာဝန် ထမ်းဆောင်ပေးရမယ်လို့ ပုဒ်မ (၁၁၃-က)မှာ ဆိုပါတယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေတော့ မပါဘူး။ ဆိုလိုတာက လွှတ်တော် (၂)ရပ်လုံး ကတော့ သက်တမ်းကုန်တာနဲ့ ပြီးပြီပေါ့။

ဒီတော့ ရွေးကောက်ပွဲ အချိန်မှီ မလုပ်နိုင်ခဲ့ရင် အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်က နောက် အစိုးရသစ် ဖွဲ့ချိန်အထိ ဆက်လုပ် ကြရမှာ ဖြစ်ပါတယ်။

ပြောစရာ ရှိတာက လွှတ်တော် မရှိတဲ့ အတွက် ဥပဒေ အရပ်ရပ် ပြင်တာ၊ အသစ်ပြဌါန်းတာတွေ လုပ်နိုင်မှာ မဟုတ်ဘဲ တည်ဆဲ ဥပဒေနဲ့သာ သွားရမှာပါ။ ဘဏ္ဍာရေးနှစ် ကုန်သွားလို့ ဘတ်ဂျက် အသစ်တင်စရာ လွှတ်တော် မရှိသေးဘူး ဆိုရင်လဲ ဘတ်ဂျက်ဟောင်း ခွင့်ပြုချက်အတိုင်း သုံးစွဲခွင့် ရှိတယ်လို့ ပုဒ်မ (၂၂၂) မှာ ခွင့်ပြု ထားပါတယ်။

ကာလုံ ခေါ်တာ မခေါ်တာ ကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပါ။ သူ မခေါ်ချင် မခေါ်ဘူး၊ အာဏာ အပ်ဖို့ဆိုတာတော့ အဝေးကြီး။ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ဖြစ်ပါတယ် ခင်ဗျား။

(မင်းကြည်ညိုနေ)

Add a Comment

Your email address will not be published. Required fields are marked *

four × two =