“ရေကျ ချိန်မှာ အလွမ်းပြေ သွားရောက်ဖူးေ မျှာ်ရင်း ဒေသခံတွေ မျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည် ထဲက ဘုရားကြီး”

“ရေကျ ချိန်မှာ အလွမ်းပြေ သွားရောက်ဖူးေ မျှာ်ရင်း ဒေသခံတွေ မျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည် ထဲက ဘုရားကြီး”

သဖန်း ဆိပ်ဆည်ထဲက ဘုရားကြီးဖြစ် ပါတယ်…မိုးရာသီ ရေပြည့်ချိန် မှာ ရေအောက်မှာ စံနေတော် မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ် လာတာဖြစ်ပါတယ် ၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ် တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်…ဆည်ရေလျော့တဲ့ အခါ မွေးရပ်ရွာက ဘုရားကြီး ကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ်သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာ အဆင်ပြေကြပါတယ်

သဖန်းဆိပ် ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပီ အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေ ကတော့ ခုထိရှိနေဆဲပါ

အများအကျိုးအတွက် ပေးဆပ် ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့် လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့်မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲသဖန်းဆိပ်ဆည်ဟာအရှေ့တောင်အာရှရဲ့ အကြီးဆုံးဆည် ဖြစ်ပြီး အမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင် သည့်ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်ပါတယ်

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

five + fourteen =