သင္ဇာဝင့္ေက်ာ္ နဲ႔ ေၾကာ္ျငာ တြဲ႐ိုက္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့ အေပၚ ျပန္လည္ ရွင္းျပလာတဲ့ ဖိုးခ်စ္

ယခု သတင္းသည္ Shwe Yaung Myanmar မွ ေရးသား ထားေသာ သတင္း ျဖစ္သည္။

ပရိသတ္ အခ်စ္ေတာ္ ဇာတ္မင္းသားေလး ဖိုးခ်စ္ကေတာ့ ဇာတ္သဘင္ေလာက မွာ မသိသူ မရွိေလာက္ေအာင္ သဘင္ေလာကသားေတြကို ၾကည့္ရႈ ေစာင့္ေရွာက္ေပး ေနတဲ့ အႏုပညာရွင္ တစ္ေယာက္ပါ ။ ဖိုးခ်စ္ကေတာ့ ယခုရက္ပိုင္း မွာ သင္ဇာဝင့္ေက်ာ္ နဲ႔ အတူတူ ေဇာ္ဂ်ီစိန္ ဆိုတဲ့ တိုင္းရင္းေဆး ေၾကာ္ျငာ ႐ိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။ အႏုပညာနယ္ပယ္ မတူၾကတာေၾကာင့္ ပရိသတ္ေတြ ေဝဖန္လာမွာကိုလည္း သိတယ္လို႔ မီဒီယာေတြကေနတဆင့္ ဖိုးခ်စ္က အခုလို ေျပာျပလာပါတယ္။

ဖိုးခ်စ္က. ” “ ကြၽန္ေတာ္ နဲ႔ ညီမ နဲ႔က ႐ိုက္ကူးေရးေတြမွာ အမ်ားႀကီး မဆုံဖူးပါဘူး။ တစ္ေယာက္ နဲ႔ တစ္ေယာက္ကေတာ့ ခင္ခင္မင္မင္ ရွိပါတယ္။ ေျပာလာၾကမွာ ေတြကေတာ့ အမ်ားႀကီးပါပဲ။ အဖက္ဖက္က သက္သက္စီျဖစ္ေနၾကတာေလ။ ဒါေပမယ့္ ကြၽန္ေတာ့္ အလုပ္ ကြၽန္ေတာ္ လုပ္ပါတယ္။ ေၾကာ္ျငာထြက္လာရင္လည္း ဖန္တီးထားတဲ့ Creation က ဘယ္လို အေကာင္းဆုံး ဖန္တီးထားသလဲ ဆိုတာ ေတြ႕ရမွာပါ” လို႔ ေျပာလာခဲ့တာပါ

ဆက္လက္ၿပီး ဖိုးခ်စ္က သူ႔ရဲ႕ သင္ဇာဝင့္ေက်ာ္နဲ႔ ႐ိုက္ကူးျဖစ္ခဲ့ပုံကိုလည္း ” သင္ဇာဝင့္ေက်ာ္က သူ႔အလုပ္ ကို သူေသခ်ာလုပ္တယ္။ အခ်ိန္တိတိက်က်နဲ႔ ႀကိဳးစားတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းရင္းႏွီးႏွီးနဲ႔ပဲ သူတာဝန္ယူရမယ့္ အပိုင္းကို တာဝန္ေက်ေအာင္ လုပ္ႏိုင္တယ္။ လူငယ္တစ္ေယာက္အေနနဲ႔ ႀကိဳးစားတာ ျမင္ပါတယ္။ ကြၽန္ေတာ္ ဖိုးခ်စ္သည္ ေဇာ္ဂ်ီအဝတ္အစား နဲ႔႐ိုက္တယ္။ သင္ဇာဝင့္ေက်ာ္သည္ သူေယာင္မယ္ ပုံစံနဲ႔ ႐ိုက္တယ္။ ေၾကာ္ျငာထြက္လာရင္လည္း ပရိသတ္ေတြ ေျပာၾကတာကို ကြၽန္ေတာ္ ၾကားခ်င္ပါတယ္” လို႔ ရွင္းျပသြားခဲ့တာျဖစ္ပါတယ္ ပရိသတ္ႀကီးေရ မင္းသားေခ်ာ ဖိုးခ်စ္ကေတာ့ သင္ဇာဝင့္ေက်ာ္နဲ႔ေၾကာ္ျငာ႐ိုက္ကူးခဲ့တဲ့ အေပၚ ပရိသတ္ေတြ ရဲ႕ ေဝဖန္မႈေတြရွိလာခဲ့တာေၾကာင့္ ျပန္လည္ရွင္းျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ လူမႈကြန္ယက္မွာ နာမည္ႀကီးေနတာျဖစ္တာေၾကာင့္ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္

unicode

သင်ဇာဝင့်ကျော် နဲ့ ကြော်ငြာ တွဲရိုက်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ အပေါ် ပြန်လည် ရှင်းပြလာတဲ့ ဖိုးချစ်

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

ပရိသတ် အချစ်တော် ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ ဇာတ်သဘင်လောက မှာ မသိသူ မရှိလောက်အောင် သဘင်လောကသားတွေကို ကြည့်ရှု စောင့်ရှောက်ပေး နေတဲ့ အနုပညာရှင် တစ်ယောက်ပါ ။ ဖိုးချစ်ကတော့ ယခုရက်ပိုင်း မှာ သင်ဇာဝင့်ကျော် နဲ့ အတူတူ ဇော်ဂျီစိန် ဆိုတဲ့ တိုင်းရင်းဆေး ကြော်ငြာ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အနုပညာနယ်ပယ် မတူကြတာကြောင့် ပရိသတ်တွေ ဝေဖန်လာမှာကိုလည်း သိတယ်လို့ မီဒီယာတွေကနေတဆင့် ဖိုးချစ်က အခုလို ပြောပြလာပါတယ်။

ဖိုးချစ်က. ” “ ကျွန်တော် နဲ့ ညီမ နဲ့က ရိုက်ကူးရေးတွေမှာ အများကြီး မဆုံဖူးပါဘူး။ တစ်ယောက် နဲ့ တစ်ယောက်ကတော့ ခင်ခင်မင်မင် ရှိပါတယ်။ ပြောလာကြမှာ တွေကတော့ အများကြီးပါပဲ။ အဖက်ဖက်က သက်သက်စီဖြစ်နေကြတာလေ။ ဒါပေမယ့် ကျွန်တော့် အလုပ် ကျွန်တော် လုပ်ပါတယ်။ ကြော်ငြာထွက်လာရင်လည်း ဖန်တီးထားတဲ့ Creation က ဘယ်လို အကောင်းဆုံး ဖန်တီးထားသလဲ ဆိုတာ တွေ့ရမှာပါ” လို့ ပြောလာခဲ့တာပါ

ဆက်လက်ပြီး ဖိုးချစ်က သူ့ရဲ့ သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးဖြစ်ခဲ့ပုံကိုလည်း ” သင်ဇာဝင့်ကျော်က သူ့အလုပ် ကို သူသေချာလုပ်တယ်။ အချိန်တိတိကျကျနဲ့ ကြိုးစားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ပဲ သူတာဝန်ယူရမယ့် အပိုင်းကို တာဝန်ကျေအောင် လုပ်နိုင်တယ်။ လူငယ်တစ်ယောက်အနေနဲ့ ကြိုးစားတာ မြင်ပါတယ်။ ကျွန်တော် ဖိုးချစ်သည် ဇော်ဂျီအဝတ်အစား နဲ့ရိုက်တယ်။ သင်ဇာဝင့်ကျော်သည် သူယောင်မယ် ပုံစံနဲ့ ရိုက်တယ်။ ကြော်ငြာထွက်လာရင်လည်း ပရိသတ်တွေ ပြောကြတာကို ကျွန်တော် ကြားချင်ပါတယ်” လို့ ရှင်းပြသွားခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ မင်းသားချော ဖိုးချစ်ကတော့ သင်ဇာဝင့်ကျော်နဲ့ကြော်ငြာရိုက်ကူးခဲ့တဲ့ အပေါ် ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေရှိလာခဲ့တာကြောင့် ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ နာမည်ကြီးနေတာဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *

four + six =