ရခိုင္ျပည္နယ္က ပညာေရး ဝန္ထမ္းေတြကို အေျခခံ စားေသာက္ကုန္မ်ား ေထာက္ပံ့ ေပးမည္

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္က ပညာေရးဝန္ထမ္းေတြကို အေျခခံစားေသာက္ကုန္ ေတြ ေထာက္ပံ့ေပး ဖို႔ စီစဥ္ေနတယ္လို႔ ျပည္နယ္ပညာေရးမႉးက ေျပာပါတယ္။ စစ္ေတြ ၊အမ္း၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္၊ သံတြဲၿမိဳ႕နယ္ေတြက ပညာေရးဝန္ထမ္းေတြကို ပထမဦးဆုံး ေထာက္ပံ့ေပးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

“စစ္ေတြၿမိဳ႕က ဆရာဆရာမေတြ အတြက္ေတာ့ အမိန႔္စာထြက္လို႔ ပစၥည္းေတြ ဝယ္ယူထားၿပီး တစ္ရက္ ႏွစ္ရက္အတြင္း ခ်ေပးေတာ့မယ္။ က်န္တဲ့ အမ္း၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္၊ သံတြဲၿမိဳ႕နယ္ေတြ အတြက္ ဒီကေန႔ မနက္ ႐ုံးစာထြက္ လာေတာ့ ခ႐ိုင္႐ုံးေတြကို ဒီစာေတြ ေရာက္သြားပါၿပီ” လို႔ ျပည္နယ္ပညာေရးမႉး ဦးတင္သိန္းက ေျပာပါတယ္။

ေထာက္ပံ ပစၥည္းေတြကို ပညာေရးဝန္ထမ္းတစ္ဦးစီ အတြက္ ေငြက်ပ္ (၃၀၀၀၀) နဲ႔ ညီမွ်တဲ့ဆန္(၁၀)ျပည္၊ ဆီ၊ဆား၊ ၾကက္သြန္နီ (၁) ပိႆာစီ နဲ႔ကုလားပဲျခမ္း(၅၀)သားစီ ေထာက္ပံ့မွာျဖစ္ တယ္လို႔ဆိုပါတယ္။ ပညာေရးဝန္ထမ္းလို႔ဆိုရာမွာ ျပည္နယ္ ပညာေရးမႉး႐ုံး ၊ ခ႐ိုင္၊ၿမိဳ႕နယ္ပညာေရးမႈး႐ုံး၊ အေျခခံပညာ အထက္တန္း ေက်ာင္း၊ အလယ္တန္းေက်ာင္း နဲ႔ မူလတန္းေက်ာင္းေတြမွာ တာဝန္ထမ္းေဆာင္ေနသူ ေတြ ပါဝင္တယ္လို႔ သိရပါတယ္။
“ စစ္ေတြၿမိဳ႕အတြက္ကေတာ့ က်ပ္သိန္း (၆၀၀) ေက်ာ္ ပါ။ ၊အမ္း၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္၊ သံတြဲၿမိဳ႕နယ္က ဝန္ထမ္းတစ္ဦးကို က်ပ္ သုံးေသာင္းနဲ႔ ညီမွ်တဲ့ အေျခခံစားေသာက္ကုန္ ဝယ္ယူဖို႔ ခြင့္ျပဳထားတဲ့ ေငြကေတာ့ က်ပ္သန္း (၂၃၀.၇၉) ေပါ့ ” လို႔ ဦးတင္သိန္းကေျပာပါတယ္။
ျပည္နယ္အတြင္း အျခားၿမိဳ႕နယ္ေတြကို ေထာက္ပံ့ေပး ဖို႔အတြက္ ႐ုံးခ်ဳပ္က ၫႊန္ၾကားခ်က္ မက်ေသးေပမယ့္ စာရင္းေတြေတာ့ ေကာက္ယူေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္ ။ အခုေထာက္ပံ့ေပးမယ့္ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္မွာ ပညာေရးဝန္ထမ္း(၉၇၀၀) နီးပါးရွိတယ္လို႔ သိရပါတယ္။

သတင္း- စံႏုခိုင္၊ေက်ာ္လြင္

unicode

ရခိုင်ပြည်နယ်က ပညာရေး ဝန်ထမ်းတွေကို အခြေခံ စားသောက်ကုန်များ ထောက်ပံ့ ပေးမည်

ရခိုင်ပြည်နယ် မြို့နယ်(၅) မြို့နယ်က ပညာရေးဝန်ထမ်းတွေကို အခြေခံစားသောက်ကုန် တွေ ထောက်ပံ့ပေး ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ စစ်တွေ ၊အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို ပထမဦးဆုံး ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“စစ်တွေမြို့က ဆရာဆရာမတွေ အတွက်တော့ အမိန့်စာထွက်လို့ ပစ္စည်းတွေ ဝယ်ယူထားပြီး တစ်ရက် နှစ်ရက်အတွင်း ချပေးတော့မယ်။ ကျန်တဲ့ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေ အတွက် ဒီကနေ့ မနက် ရုံးစာထွက် လာတော့ ခရိုင်ရုံးတွေကို ဒီစာတွေ ရောက်သွားပါပြီ” လို့ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

ထောက်ပံ ပစ္စည်းတွေကို ပညာရေးဝန်ထမ်းတစ်ဦးစီ အတွက် ငွေကျပ် (၃၀၀၀၀) နဲ့ ညီမျှတဲ့ဆန်(၁၀)ပြည်၊ ဆီ၊ဆား၊ ကြက်သွန်နီ (၁) ပိဿာစီ နဲ့ကုလားပဲခြမ်း(၅၀)သားစီ ထောက်ပံ့မှာဖြစ် တယ်လို့ဆိုပါတယ်။ ပညာရေးဝန်ထမ်းလို့ဆိုရာမှာ ပြည်နယ် ပညာရေးမှူးရုံး ၊ ခရိုင်၊မြို့နယ်ပညာရေးမှုးရုံး၊ အခြေခံပညာ အထက်တန်း ကျောင်း၊ အလယ်တန်းကျောင်း နဲ့ မူလတန်းကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေသူ တွေ ပါဝင်တယ်လို့ သိရပါတယ်။
“ စစ်တွေမြို့အတွက်ကတော့ ကျပ်သိန်း (၆၀၀) ကျော် ပါ။ ၊အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့နယ်က ဝန်ထမ်းတစ်ဦးကို ကျပ် သုံးသောင်းနဲ့ ညီမျှတဲ့ အခြေခံစားသောက်ကုန် ဝယ်ယူဖို့ ခွင့်ပြုထားတဲ့ ငွေကတော့ ကျပ်သန်း (၂၃၀.၇၉) ပေါ့ ” လို့ ဦးတင်သိန်းကပြောပါတယ်။
ပြည်နယ်အတွင်း အခြားမြို့နယ်တွေကို ထောက်ပံ့ပေး ဖို့အတွက် ရုံးချုပ်က ညွှန်ကြားချက် မကျသေးပေမယ့် စာရင်းတွေတော့ ကောက်ယူနေပြီဖြစ်တယ်လို့ ဆိုပါတယ် ။ အခုထောက်ပံ့ပေးမယ့် မြို့နယ်ငါးမြို့နယ်မှာ ပညာရေးဝန်ထမ်း(၉၇၀၀) နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း- စံနုခိုင်၊ကျော်လွင်

Add a Comment

Your email address will not be published. Required fields are marked *

four × 4 =