အေျခခံ ပညာေက်ာင္းေတြ တစ္ႏွစ္နားမယ္ ဆိုတဲ့ သတင္းမွာ သတင္းအမွားသာျဖစ္

ဝန္ႀကီးဌာနက တရားဝင္ ထုတ္ျပန္ထားျခင္း မရွိပါဘူး။ ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းေတြ တစ္ႏွစ္နားမယ္ဆိုတာက ဝန္ႀကီးဌာန ကေန ထုတ္ျပန္ထားျခင္း မရွိဘူးလို႔ အေျခခံပညာဦးစီးဌာနမွသိရပါတယ္။

မေန႔က ၾသဂုတ္လ( ၂၇)ရ္ေန႔ ညပိုင္း မွာေတာ့ ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းေတြ တစ္ႏွစ္နားတယ္ဆိုတဲ့သတင္းေတြ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔မႈေတြရွိ ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ လို႔ Duwun က အေျခခံပညာဦးစီးဌာနကို ဆက္သြယ္ ေမးျမန္းရာ မွာ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ေမာင္ဝင္းက အခုလို အတည္ျပဳ ေျပာၾကားခဲ့တာပါ။ “မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အခုလို ေက်ာင္းေတြတစ္ႏွစ္နားတယ္ဆိုၿပီး ၾကားေနရတာ။ တကယ္ေတာ့ ဒီကိစၥကို ကြၽန္ေတာ္ တို႔ဘက္က စာထုတ္ျပန္ထားျခင္းမရွိပါဘူး” လို႔ ဦးတင္ေမာင္ဝင္းကေျပာပါတယ္။

အေျခခံပညာဦးစီးဌာနအေနနဲ႔ စာသင္ေက်ာင္းေတြ ကို ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားဖို႔ကိုသာ တရားဝင္ စာထုတ္ျပန္ထားၿပီး ဒီအထဲမွာ ေက်ာင္းေတြတစ္ႏွစ္နားမယ္ဆိုတဲ့အေၾကာင္းလည္းမပါဝင္ခဲ့ပါဘူး။ လက္ရွိမွာ တစ္ႏိုင္ငံလုံးက ဖြင့္လွစ္ ထားတဲ့ အေျခခံပညာေက်ာင္းေတြ ကို ကိုဗစ္ေၾကာင့္ ၾသဂုတ္လ (၂၇)ရက္ေန႔ကစၿပီး ယာယီ ပိတ္ထားခဲ့တာျဖစ္ပါတယ္။

crd : Duwun

unicode

အခြေခံ ပညာကျောင်းတွေ တစ်နှစ်နားမယ် ဆိုတဲ့ သတင်းမှာ သတင်းအမှားသာဖြစ်

ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာက ဝန်ကြီးဌာန ကနေ ထုတ်ပြန်ထားခြင်း မရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

မနေ့က သြဂုတ်လ( ၂၇)ရ်နေ့ ညပိုင်း မှာတော့ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့မှုတွေရှိ ခဲ့ပါတယ်။ ဒါနဲ့ပတ်သက် လို့ Duwun က အခြေခံပညာဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာ မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက အခုလို အတည်ပြု ပြောကြားခဲ့တာပါ။ “မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။ တကယ်တော့ ဒီကိစ္စကို ကျွန်တော် တို့ဘက်က စာထုတ်ပြန်ထားခြင်းမရှိပါဘူး” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။

အခြေခံပညာဦးစီးဌာနအနေနဲ့ စာသင်ကျောင်းတွေ ကို ကိုဗစ်ကြောင့် ယာယီပိတ်ထားဖို့ ကိုသာ တရားဝင် စာထုတ်ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေတစ်နှစ်နားမယ်ဆိုတဲ့အကြောင်းလည်းမပါဝင်ခဲ့ပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံးက ဖွင့်လှစ် ထားတဲ့ အခြေခံပညာကျောင်းတွေ ကို ကိုဗစ်ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

seven − 2 =