ရန်ကုန်မြို့ ရဲ့ လမ်းမထက် မှာ စမတ်ကျတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အထာကျကျ ပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် မင်းသမီး ချောလေး ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေတဲ့ သူမကို ပရိသတ်တွေက အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာ ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံချိုချိုလေးနဲ့ သီဆိုတတ်တာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာလုပ်ဆောင်နေ တဲ့ ပိုးကြာဖြူခင်က သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကိုလည်း ဖြစ်ပါတယ်။ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှနဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ပိုးကြာဖြူခင်က ပုရိသပရိသတ်တွေရဲ့ အသည်း ကျော်လေးဖြစ်လို့ နေပါတယ်။

ယနေ့မှာလည်း ပိုးကြာဖြူခင်က သူမရဲ့ ပြစ်ချက်မရှိလှပတဲ့ အမိုက်စား ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာခဲ့ပြန်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ အလန်းစားဖက်ရှင်လေးနဲ့ အထာကျကျပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာရင်း ” လမ်းမကြီးရဲ့ဘေး အလွမ်းတွေကိုဖြန့်ကြဲလိုက်တယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသား ထားတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source – Poe Kyar Phyu Khin’s FB account

Add a Comment

Your email address will not be published. Required fields are marked *

8 + seven =