



credit-cele zone

unicode

လက်ထပ်ဖို့အထိ ရည်ရွှယ်ထားတဲ့ ချစ်သူကောင်လေး ကို ချပြလိုက် တဲ့ အောန်ဆိုင်း

အနုပညာရှင်တော်တော်များများဟာ သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အချိန်တစ်ခုထိ ပရိသတ်တွေကိုလျို့ဝှက် တတ်ကြပါတယ်။ အောန်ဆိုင်းကလည်း သူမရဲ့ချစ်သူကို အချိန်ကြာကြာလက်တွဲခဲ့ပေမယ့် ပရိသတ်ကြီးရှေ့ကိုတော့ ပေါ်ပေါ်ထင်ထင် ချမပြဖူးပါဘူး။ ဒီနေ့မှာတော့ ချစ်သူကို အားလုံးသိအောင်အလင်းပြလိုက်ပြီဖြစ်ပြီး ချစ်ခင်သူတွေ ကလည်း ဂုဏ်ပြုစကား ဝိုင်းပြောခဲ့ကြပါတယ်။

ခရီးထွက်ရတာကိုသဘောကျပြီး သဘာဝပတ်ဝန်းကျင်ကို အလေး ထားတဲ့ စူပါမော်ဒယ်လေးရဲ့ အပြုံးတွေကို ဖန်တီးပေးနေတဲ့ ပဲ့ကိုင်ရှင်ကလည်း ချစ်သူလက်ကလေးဆွဲပြီး ပြုံးပျော်နေခဲ့ပါတယ်။ နှစ်ယောက်အတူအေးချမ်းတဲ့အချစ်ရေးလေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းခဲ့ကြတာ အချိန်ကြာလာခဲ့ပါပြီ။

အောန်ဆိုင်းရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဒယ်မေက ” အလင်းပြ လိုက်ပြီပေါ့ ” လို့ မှတ်ချက်ပေးတဲ့ အခါ အောန်ဆိုင်းက ” ယူပြဖို့ပဲလိုတော့တယ် ” ဆိုပြီး ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ်။ ဒီလိုတွေပြောနေပြီဆိုတော့ နှစ်ယောက်သားရဲ့မင်္ဂလာပွဲ လေးဟာ မဝေးတော့တဲ့နေ့လေး တစ်ခုမှာ ရောက်လာတော့မယ် ထင်ပါရဲ့ ပရိသတ်ကြီးရေ။

credit-cele zone

Add a Comment

Your email address will not be published. Required fields are marked *

five × 4 =