တစ္ႏိုင္ငံလုံး အထူးရဲ (၄)ေသာင္းခြဲ ခန႔္မည္၊ ေလွ်ာက္လိုသူမ်ားအတြက္ လိုအပ္ခ်က္မ်ားထုတ္ျပန္

လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ အထူးရဲတပ္ဖြဲ႕ဝင္ (၄) ေသာင္း (၅) ေထာင္ ခန႔္ထားဖို႔ ရွိတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟက ေျပာပါတယ္။ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္အလိုက္ မဲ႐ုံေတြမွာ တာဝန္ခ်ထားဖို႔ အထူး ရဲတပ္ဖြဲ႕ဝင္ေတြကို ခန႔္ထားတာ ျဖစ္တယ္လို႔ ရဲမႉးႀကီး ေက်ာ္သီဟက ေျပာပါတယ္။

အထူးရဲတပ္ဖြဲ႕ေလွ်ာက္ထား လိုသူေတြအေနနဲ႔ ျမန္မာႏိုင္ငံသား အသက္ (၁၈) ႏွစ္ေအာက္ မငယ္၊ အသက္ (၆၀) ထက္ မႀကီးတဲ့သူ ၊ က်န္းမာေရး ေကာင္းမြန္သူ၊ ကိုယ္အဂၤါမခ်ိဳ႕ယြင္းသူ ၊ ပညာအရည္အခ်င္း အေနနဲ႔ အလယ္တန္းေအာင္ျမင္ၿပီးသူ ၊ အရပ္ပုလြန္းသူ၊ ဝလြန္းသူ မျဖစ္ေစရ ၊ ရပ္႐ြာက ေထာက္ခံသူ၊ သမာသမတ္က်ၿပီး သက္ဆိုင္ရာ နယ္ေျမေဒသက ျပည္သူေတြ ယုံၾကည္ေလးစားသူ၊ ေျဖာင့္မတ္တည္ၾကည္သူလို႔ ရပ္႐ြာက သတ္မွတ္ထားသူ စတဲ့ အရည္အခ်င္းေတြ နဲ႔ ကိုက္ညီသူေတြကို ေ႐ြးခ်ယ္ခန႔္အပ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အထူးရဲအေနနဲ႔ ေလွ်ာက္ထားလိုသူေတြဟာ သက္ဆိုင္ရာ ၿမိဳ႕နယ္ ရဲစခန္းေတြမွာ စာရင္းေပးသြင္းႏိုင္ၿပီး ခန႔္အပ္ခံရရင္ေတာ့ အေျခခံရဲတပ္ဖြဲ႕ဝင္ေတြ ရဲ႕ လစာအတိုင္း ေပးအပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အထူးရဲတပ္ဖြဲ႕ဝင္ေတြကိုေတာ့ လာမယ့္ ေအာက္တိုဘာ (၁) ရက္ ကေန (၂၈) ရက္အထိ ေလ့က်င့္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ မွာေတာ့ တစ္ႏိုင္ငံလုံးအတိုင္း အတာအေနနဲ႔ မဲ႐ုံေပါင္း ေလးေသာင္းေက်ာ္ ရွိပါတယ္။

unicode

တစ်နိုင်ငံလုံး အထူးရဲ (၄)သောင်းခွဲ ခန့်မည်၊ လျှောက်လိုသူများအတွက် လိုအပ်ချက်များထုတ်ပြန်

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အထူးရဲတပ်ဖွဲ့ဝင် (၄) သောင်း (၅) ထောင် ခန့်ထားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက ပြောပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် မဲရုံတွေမှာ တာဝန်ချထားဖို့ အထူး ရဲတပ်ဖွဲ့ဝင်တွေကို ခန့်ထားတာ ဖြစ်တယ်လို့ ရဲမှူးကြီး ကျော်သီဟက ပြောပါတယ်။

အထူးရဲတပ်ဖွဲ့လျှောက်ထား လိုသူတွေအနေနဲ့ မြန်မာနိုင်ငံသား အသက် (၁၈) နှစ်အောက် မငယ်၊ အသက် (၆၀) ထက် မကြီးတဲ့သူ ၊ ကျန်းမာရေး ကောင်းမွန်သူ၊ ကိုယ်အင်္ဂါမချို့ယွင်းသူ ၊ ပညာအရည်အချင်း အနေနဲ့ အလယ်တန်းအောင်မြင်ပြီးသူ ၊ အရပ်ပုလွန်းသူ၊ ဝလွန်းသူ မဖြစ်စေရ ၊ ရပ်ရွာက ထောက်ခံသူ၊ သမာသမတ်ကျပြီး သက်ဆိုင်ရာ နယ်မြေဒေသက ပြည်သူတွေ ယုံကြည်လေးစားသူ၊ ဖြောင့်မတ်တည်ကြည်သူလို့ ရပ်ရွာက သတ်မှတ်ထားသူ စတဲ့ အရည်အချင်းတွေ နဲ့ ကိုက်ညီသူတွေကို ရွေးချယ်ခန့်အပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အထူးရဲအနေနဲ့ လျှောက်ထားလိုသူတွေဟာ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာ စာရင်းပေးသွင်းနိုင်ပြီး ခန့်အပ်ခံရရင်တော့ အခြေခံရဲတပ်ဖွဲ့ဝင်တွေ ရဲ့ လစာအတိုင်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးရဲတပ်ဖွဲ့ဝင်တွေကိုတော့ လာမယ့် အောက်တိုဘာ (၁) ရက် ကနေ (၂၈) ရက်အထိ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာတော့ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ မဲရုံပေါင်း လေးသောင်းကျော် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 + sixteen =