ေျမာက္ဦးမွ ျပန္လာတဲ့ သူငယ္ခ်င္းႏွင့္ ေတြ႕ဆုံၿပီးေနာက္ အနံ႔အသက္ေပ်ာက္သြားတဲ့ လူငယ္တစ္ဦး

မိတၳီလာၿမိဳ႕ ျပည္သာယာ (ေတာင္) ရပ္ကြက္ရွိ တည္းခိုခန္းလုပ္ငန္း လုပ္ကိုင္သူ အမ်ိဳးသားတစ္ဦး သည္ ေျမာက္ဦးၿမိဳ႕မွ ျပန္လာသည့္ သူငယ္ခ်င္းႏွင့္ ေတြ႕ဆုံမိရာမွ ႏွာေခါင္း အနံ႔မရေတာ့သျဖင့္ ၎ႏွင့္ အတူေနသူ (၃) ဦးႏွင့္အတူ ဓာတ္ခြဲနမူနာ ရယူစစ္ေဆးကာ တည္းခိုခန္း၌ Home Quarantine အျဖစ္ ေနထိုင္လွ်က္ ရွိေၾကာင္း ယင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိ သူမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

အနံ႔အသက္ ေပ်ာက္သည့္ အမ်ိဳးသားသည္ အသက္ (၃၀)ဝန္းက်င္အ႐ြယ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ၎ႏွင့္ အတူ အသက္ (၁၂)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး၊ အသက္ (၃၀)ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အသက္ (၅၀)ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး၊ စုစုေပါင္း ေလးဦးသည္ ၾသဂုတ္ (၂၆)ရက္ ေန႔လည္ပိုင္းတြင္ Swab (ဓာတ္ခြဲနမူနာ) ရယူစစ္ေဆးကာ မိတၳီလာၿမိဳ႕ ျပည္သာယာ (ေတာင္)ရပ္ကြက္ရွိ တည္းခိုခန္း ၌ပင္ Home Quarantine အျဖစ္ ေနထိုင္ေနျခင္း ျဖစ္ေၾကာင္း ယင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ သတင္းရရွိသည္။ “သူက (တည္းခိုခန္း လုပ္ကိုင္သည့္ အမ်ိဳးသား) ေျမာက္ဦးက ျပန္လာတဲ့ သူ႔သူငယ္ခ်င္းနဲ႔ စကားေျပာမိတယ္။ ေျမာက္ဦးက ျပန္လာတဲ့ လူက ဒီမွာ တစ္နာရီေလာက္ ဝင္ၿပီး စကားေျပာတာ။ သူက ျမဝတီ ဆက္သြားမယ္လို႔ ေျပာသြားတယ္တဲ့။ အဲဒါ လြန္ခဲ့တဲ့ ေလးရက္ေလာက္ကပါ။ ဒီလူနဲ႔ ဆက္စပ္တဲ့ သူေတြကေတာ့ တည္းခိုခန္း မန္ေနဂ်ာနဲ႔ ထမင္းခ်က္ သားအမိေပါ့။ တည္းခိုခန္းမွာပဲ Home Stay ထားတယ္။ လိုအပ္ရင္ ေဆး႐ုံ ပို႔ေပးရမွာေပါ့။ ျပည္သူ႔ က်န္းမာက တို႔ဖတ္ လာယူသြားတယ္။ အခုၿပီးတာပဲ” ဟု ျပည္သာယာ (ေတာင္)ရပ္ ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဴးမင္းမင္းျမတ္က ေျပာသည္။

အဆိုပါ တည္းခိုခန္းပိုင္ရွင္ အမ်ိဳးသားသည္ ႏွာေခါင္းမွ အနံ႔အသက္ မရေတာ့ သျဖင့္ ၾသဂုတ္ (၂၆) ရက္ နံနက္ပိုင္းတြင္ ၿမိဳ႕ခံ လူမႈကူညီေရးအသင္းမ်ားသို႔ ဆက္သြယ္၍ အကူအညီ ေတာင္းျခင္းျဖစ္ၿပီး လူမႈကူညီေရးအသင္းမ်ားက က်န္းမာေရးဌာနသို႔ ဆက္သြယ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။ အဆိုပါ (၄) ဦးအား ဓာတ္ခြဲနမူနာ ရယူစစ္ေဆးထားမႈႏွင့္ ပတ္သက္၍ အေျဖ မသိရေသးဟု ၎က ေျပာသည္။မႏၲေလးတိုင္းအစိုးရသည္ ရခိုင္ျပည္နယ္မွ လာေရာက္သူမ်ားကို ဓာတ္ခြဲနမူနာ ရယူစစ္ေဆးရန္ႏွင့္ Facility Quarantine (သတ္မွတ္ေနရာ၌ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ျခင္း) (၂၁)ရက္ ထားရွိရန္ ၾသဂုတ္ (၂၀)ရက္မွ စတင္ကာ ၫႊန္ၾကားစာ ထုတ္ျပန္ ထားသည္။

unicode

မြောက်ဦးမှ ပြန်လာတဲ့ သူငယ်ချင်းနှင့် တွေ့ဆုံပြီးနောက် အနံ့အသက်ပျောက်သွားတဲ့ လူငယ်တစ်ဦး

မိတ္ထီလာမြို့ ပြည်သာယာ (တောင်) ရပ်ကွက်ရှိ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦး သည် မြောက်ဦးမြို့မှ ပြန်လာသည့် သူငယ်ချင်းနှင့် တွေ့ဆုံမိရာမှ နှာခေါင်း အနံ့မရတော့သဖြင့် ၎င်းနှင့် အတူနေသူ (၃) ဦးနှင့်အတူ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးကာ တည်းခိုခန်း၌ Home Quarantine အဖြစ် နေထိုင်လျှက် ရှိကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများနှင့် ဒေသခံများက ပြောသည်။

အနံ့အသက် ပျောက်သည့် အမျိုးသားသည် အသက် (၃၀)ဝန်းကျင်အရွယ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းနှင့် အတူ အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၃၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၅၀)ဝန်းကျင် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း လေးဦးသည် သြဂုတ် (၂၆)ရက် နေ့လည်ပိုင်းတွင် Swab (ဓာတ်ခွဲနမူနာ) ရယူစစ်ဆေးကာ မိတ္ထီလာမြို့ ပြည်သာယာ (တောင်)ရပ်ကွက်ရှိ တည်းခိုခန်း ၌ပင် Home Quarantine အဖြစ် နေထိုင်နေခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ “သူက (တည်းခိုခန်း လုပ်ကိုင်သည့် အမျိုးသား) မြောက်ဦးက ပြန်လာတဲ့ သူ့သူငယ်ချင်းနဲ့ စကားပြောမိတယ်။ မြောက်ဦးက ပြန်လာတဲ့ လူက ဒီမှာ တစ်နာရီလောက် ဝင်ပြီး စကားပြောတာ။ သူက မြဝတီ ဆက်သွားမယ်လို့ ပြောသွားတယ်တဲ့။ အဲဒါ လွန်ခဲ့တဲ့ လေးရက်လောက်ကပါ။ ဒီလူနဲ့ ဆက်စပ်တဲ့ သူတွေကတော့ တည်းခိုခန်း မန်နေဂျာနဲ့ ထမင်းချက် သားအမိပေါ့။ တည်းခိုခန်းမှာပဲ Home Stay ထားတယ်။ လိုအပ်ရင် ဆေးရုံ ပို့ပေးရမှာပေါ့။ ပြည်သူ့ ကျန်းမာက တို့ဖတ် လာယူသွားတယ်။ အခုပြီးတာပဲ” ဟု ပြည်သာယာ (တောင်)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမျိူးမင်းမင်းမြတ်က ပြောသည်။

အဆိုပါ တည်းခိုခန်းပိုင်ရှင် အမျိုးသားသည် နှာခေါင်းမှ အနံ့အသက် မရတော့ သဖြင့် သြဂုတ် (၂၆) ရက် နံနက်ပိုင်းတွင် မြို့ခံ လူမှုကူညီရေးအသင်းများသို့ ဆက်သွယ်၍ အကူအညီ တောင်းခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများက ကျန်းမာရေးဌာနသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ (၄) ဦးအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားမှုနှင့် ပတ်သက်၍ အဖြေ မသိရသေးဟု ၎င်းက ပြောသည်။မန္တလေးတိုင်းအစိုးရသည် ရခိုင်ပြည်နယ်မှ လာရောက်သူများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရန်နှင့် Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၂၁)ရက် ထားရှိရန် သြဂုတ် (၂၀)ရက်မှ စတင်ကာ ညွှန်ကြားစာ ထုတ်ပြန် ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *

14 − 3 =