နွမ်းပါးသော ဇာတ်ပို့ဇာတ်ရံများနှင့် ဇာတ်ညွှန်း ဆရာများအားထောက်ပံ့ လှူဒါန်း ခဲ့တဲ့ ကျော်သူ

နွမ်းပါးသော ဇာတ်ပို့ ဇာတ်ရံများနှင့် ဇာတ်ညွှန်း ဆရာများအားထောက်ပံ့ လှူဒါန်းခဲ့တဲ့ ကျော်သူ

လတ်တလောကမ္ဘာအနှံဖြစ်ပွားနေ တဲ့ ကပ်ရောဂါကြောင့် တချို့စီးပွားရေးလုပ်ငန်းတွေနဲ့အနုပညာအလုပ်တွေကိုရပ်နား ထားရတာဖြစ်ပါတယ်။ ယခုလိုအနုပညာအလုပ်တွေကိုရပ်နားထားတာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှလည်း ပါဝင် ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်တတ်နိုင်တဲ့အနုပညာရှင်တွေ ကလည်း အနုပညာလောကသား အချင်းချင်း တစ်ဖက်တစ်လှမ်းကနေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြပါတယ်။ အဆိုပါအနုပညာရှင်တွေထဲမှာတော့ ဦးကျော်သူကလည်းတစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ ဒီနေ့မှာတော့ ဦးကျော်သူက နွမ်းပါးသော ဇာတ်ပို့ဇာတ်ရံများနှင့် ဇာတ်ညွှန်းဆရာများအားထောက်ပံ့ လှူဒါန်းခြင်းကို ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအလှူလေးမှာတော့ ဦးကျော်သူရဲ့နာရေး ကူညီမှုအသင်းနဲ့အတူ အနန္တမေတ္တာပရဟိတ အဖွဲ့ကလည်း ပူးပေါင်းပါဝင်လှူဒါန်းခဲ့တယ် လို့လည်း သိရပါသေးတယ်။ ပရိသတ်ကြီးအတွက် ဦးကျော်သူ ရဲ့အလှူလေးကိုသာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Credit Themoon
Source:8days TV

Add a Comment

Your email address will not be published. Required fields are marked *

seven − 1 =