စကၤာပူ အစိုးရရဲ႕ ကိုဗစ္ကာလမွာ ကိုဗစ္နဲ႔အတူ ယွဥ္တြဲေနထိုင္ေရး က်င့္သုံး ေနတဲ့ နည္းလမ္း …

Covid-19 နဲ႔ အတူယွဥ္တြဲ ေနထိုင္ပါ…စကၤာပူ အစိုးရက Covid-19 ၿပီးရင္ ဆိုတာမ်ိဳး မစဥ္းစားပဲ Covid-19 နဲ႔ အတူ ယွဥ္တြဲ ေနထိုင္ဖို႔ သူ႔ႏိုင္ငံသားေတြကို တိုက္တြန္းထားပါတယ္။ အိမ္ထဲက မထြက္ၾကနဲ႔ ဆိုတာ ေရတို ထိမ္းခ်ဳပ္မႈသာ အက်ိဳး သက္ေရာက္ၿပီး ေရရွည္ အေကာင္အထည္ေဖာ္လို႔ မရပါဘူး။ စကၤာပူမွာ Circuit Breaker လို႔ ေခၚေဝၚသုံးစြဲတဲ့ အသြားအလာ ကန႔္သန႔္တဲ့ အမိန႔္ကို ဧၿပီ ၇ ရက္ေန႔ကစလို႔ ေမလ ၃၀ ရက္ေန႔အထိ ရက္ေပါင္း ၅၅ ရက္ က်င့္သုံးခဲ့ၿပီး၊ ဇြန္လ ၁ ရက္ေန႔ စလို႔ အလုပ္ေတြကို ျပန္လည္စိစစ္ လုပ္ခြင့္ျပဳခဲ့ပါတယ္။ဩဂုတ္ ၂၂ ရက္ စာရင္းေတြအရ စကၤာပူမွာ Covid-19 ျဖစ္ပြားခဲ့သူေပါင္း

၅၃,၀၀၀ ေက်ာ္ရွိၿပီး လက္ရွိ ေရာဂါ ျဖစ္ေနသူ ၂၀၀၀ ေက်ာ္ရွိေန ပါေသးတယ္။ ဒါေပမယ့္ ယေန႔ စကၤာပူဟာ – ေက်ာင္းေတြ ဖြင့္ထားတယ္ –ေစ်း ေတြ ဖြင့္ထားတယ္ – ေရွာ့ပင္းေမာ ကုန္တိုက္ႀကီးေတြ ဖြင့္ထားတယ္ – စားေသာက္ဆိုင္ေတြ ဖြင့္ထားတယ္ – ရထားေတြ ေျပးတယ္၊ ဘတ္စ္ကားေတြ ေျပးတယ္ – ႐ုံးေတြ ဖြင့္ထားတယ္။ Covid-19 ဟာ ကူးစက္ျမန္ၿပီး အသက္ အႏၲရာယ္ ၿခိမ္းေျခာက္လို႔ ေၾကာက္စရာေကာင္းသလို အလုပ္ေတြ မလုပ္ ရလို႔ စားစရာ မရွိျဖစ္ၿပီး စီးပြားေရး ပ်က္ကပ္ ျဖစ္လာမယ့္ အေရးဟာလည္း ေၾကာက္စရာပါပဲ။ အဲဒါေၾကာင့္ Covid-19 နဲ႔ ယွဥ္တြဲေနထိုင္ဖို႔ အစိုးရက ဘာတာဝန္ေတြ ယူရသလဲ ဆိုရင္…–

Mask ပါးစပ္ဖုံးႏွာေခါင္းကာေတြ လူတိုင္း သုံးစြဲႏိုင္ေရး၊ (ဟိုေန႔က ျမန္မာျပည္မွာ Mask ေစ်းေတြ အဆမတန္တက္သြားတယ္လို႔ ၾကား ရပါတယ္။ ယာယီ ျဖစ္မွာပါ။ အစိုးရအေနနဲ႔ ေစ်းကြက္ထဲမွာ Mask လိုသေလာက္ဝယ္လို႔ရဖို႔ စီမံေပး သင့္ပါတယ္။)– လက္ေဆးသန႔္စင္ေဆးရည္ေတြ အလြယ္တကူ အသုံးျပဳႏိုင္ေရး၊ (စကၤာပူမွာေတာ့ ေစ်းေတြ၊ ေက်ာင္းေတြ၊ ဘူတာေတြ၊ ႐ုံးေတြ၊ ေဆး႐ုံေတြမွာ လက္ေဆးရည္ေတြ အလြယ္တကူ လူတိုင္း သုံးႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။)– ေရာဂါ ျဖစ္ပြား သူရဲ႕ သြားလာထိေတြမႈ မွတ္တမ္း အလြယ္ရရွိေအာင္ စီမံထားႏိုင္ေရး၊ (စကၤာပူမွာေတာ့ လူတိုင္းရဲ႕ မိုဘိုင္းဖုန္းေတြထဲမွာ

သြားလာမႈ မွတ္တမ္းတင္ထားတဲ့ စနစ္ကို ထည့္သြင္းခိုင္းၿပီးေရာဂါကူးစက္ခံရရင္ သူရဲ႕ ဖုန္းကေန သူသြားခဲ့တဲ့ ေနရာေတြကို အစိုးရက အလြယ္ တကူ ရယူႏိုင္သလို၊ ေစ်းေတြ ႐ုံးေတြ ဘူတာ႐ုံေတြမွာလည္း အဝင္အထြက္ အပူခ်ိန္တိုင္းၿပီး မွတ္တမ္းတင္ရတဲ့ စနစ္ေတြထားရွိပါတယ္။)– အသက္အႏၲရာယ္ ဆုံးပါးမႈ နည္းေအာင္ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးႏိုင္ေရး တို႔ပါပဲ။ (စကၤာပူမွာ Covid-19 ကူးစက္ခံရသူ ၅၆,၀၀၀ ေက်ာ္မွာ ၂၇ ဦး ေသဆုံးခဲ့တာမို႔ ၀.၀၄% ေသဆုံးမႈႏႈန္းပါ။)ျပည္သူေတြဟာ အစိုးရရဲ႕ လမ္းၫႊန္မႈ၊ အမိန႔္ေတြကို အေသအျခာ ပူးေပါင္း လိုက္နာမယ္ဆိုရင္ Covid-19 နဲ႔ အလြယ္တကူ ယွဥ္တြဲေနထိုင္ႏႈိင္မွာပါ။ျမန္မာႏိုင္ငံႀကီး က်န္းမာ ခ်မ္းသာေရးဟာ လက္ရွိအစိုးရရဲ႕ စြမ္းေဆာင္ႏိုင္မႈနဲ႔အတူ ျပည္သူေတြရဲ႕ ပညာတတ္မႈ၊ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္မႈ အေပၚမူတည္ေနပါတယ္။

ဒါသည္ပင္လ်င္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ ျဖစ္ၿပီး ၂၀၂၁ ရဲ႕ ျမန္မာ့ အနာဂါသာ ျဖစ္လိမ့္မယ္ဆိုတာ ေဟာကိန္းထုတ္ရင္း…ေလးစားစြာျဖင့္ – ဇင္မင္း

unicode

စင်္ကာပူ အစိုးရရဲ့ ကိုဗစ်ကာလမှာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေး ကျင့်သုံး နေတဲ့ နည်းလမ်း …

Covid-19 နဲ့ အတူယှဉ်တွဲ နေထိုင်ပါ…စင်္ကာပူ အစိုးရက Covid-19 ပြီးရင် ဆိုတာမျိုး မစဉ်းစားပဲ Covid-19 နဲ့ အတူ ယှဉ်တွဲ နေထိုင်ဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ အိမ်ထဲက မထွက်ကြနဲ့ ဆိုတာ ရေတို ထိမ်းချုပ်မှုသာ အကျိုး သက်ရောက်ပြီး ရေရှည် အကောင်အထည်ဖော်လို့ မရပါဘူး။ စင်္ကာပူမှာ Circuit Breaker လို့ ခေါ်ဝေါ်သုံးစွဲတဲ့ အသွားအလာ ကန့်သန့်တဲ့ အမိန့်ကို ဧပြီ ၇ ရက်နေ့ကစလို့ မေလ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၅၅ ရက် ကျင့်သုံးခဲ့ပြီး၊ ဇွန်လ ၁ ရက်နေ့ စလို့ အလုပ်တွေကို ပြန်လည်စိစစ် လုပ်ခွင့်ပြုခဲ့ပါတယ်။ဩဂုတ် ၂၂ ရက် စာရင်းတွေအရ စင်္ကာပူမှာ Covid-19 ဖြစ်ပွားခဲ့သူပေါင်း

၅၃,၀၀၀ ကျော်ရှိပြီး လက်ရှိ ရောဂါ ဖြစ်နေသူ ၂၀၀၀ ကျော်ရှိနေ ပါသေးတယ်။ ဒါပေမယ့် ယနေ့ စင်္ကာပူဟာ – ကျောင်းတွေ ဖွင့်ထားတယ် –စျေး တွေ ဖွင့်ထားတယ် – ရှော့ပင်းမော ကုန်တိုက်ကြီးတွေ ဖွင့်ထားတယ် – စားသောက်ဆိုင်တွေ ဖွင့်ထားတယ် – ရထားတွေ ပြေးတယ်၊ ဘတ်စ်ကားတွေ ပြေးတယ် – ရုံးတွေ ဖွင့်ထားတယ်။ Covid-19 ဟာ ကူးစက်မြန်ပြီး အသက် အန္တရာယ် ခြိမ်းခြောက်လို့ ကြောက်စရာကောင်းသလို အလုပ်တွေ မလုပ် ရလို့ စားစရာ မရှိဖြစ်ပြီး စီးပွားရေး ပျက်ကပ် ဖြစ်လာမယ့် အရေးဟာလည်း ကြောက်စရာပါပဲ။ အဲဒါကြောင့် Covid-19 နဲ့ ယှဉ်တွဲနေထိုင်ဖို့ အစိုးရက ဘာတာဝန်တွေ ယူရသလဲ ဆိုရင်…–

Mask ပါးစပ်ဖုံးနှာခေါင်းကာတွေ လူတိုင်း သုံးစွဲနိုင်ရေး၊ (ဟိုနေ့က မြန်မာပြည်မှာ Mask စျေးတွေ အဆမတန်တက်သွားတယ်လို့ ကြား ရပါတယ်။ ယာယီ ဖြစ်မှာပါ။ အစိုးရအနေနဲ့ စျေးကွက်ထဲမှာ Mask လိုသလောက်ဝယ်လို့ရဖို့ စီမံပေး သင့်ပါတယ်။)– လက်ဆေးသန့်စင်ဆေးရည်တွေ အလွယ်တကူ အသုံးပြုနိုင်ရေး၊ (စင်္ကာပူမှာတော့ စျေးတွေ၊ ကျောင်းတွေ၊ ဘူတာတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာ လက်ဆေးရည်တွေ အလွယ်တကူ လူတိုင်း သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။)– ရောဂါ ဖြစ်ပွား သူရဲ့ သွားလာထိတွေမှု မှတ်တမ်း အလွယ်ရရှိအောင် စီမံထားနိုင်ရေး၊ (စင်္ကာပူမှာတော့ လူတိုင်းရဲ့ မိုဘိုင်းဖုန်းတွေထဲမှာ

သွားလာမှု မှတ်တမ်းတင်ထားတဲ့ စနစ်ကို ထည့်သွင်းခိုင်းပြီးရောဂါကူးစက်ခံရရင် သူရဲ့ ဖုန်းကနေ သူသွားခဲ့တဲ့ နေရာတွေကို အစိုးရက အလွယ် တကူ ရယူနိုင်သလို၊ စျေးတွေ ရုံးတွေ ဘူတာရုံတွေမှာလည်း အဝင်အထွက် အပူချိန်တိုင်းပြီး မှတ်တမ်းတင်ရတဲ့ စနစ်တွေထားရှိပါတယ်။)– အသက်အန္တရာယ် ဆုံးပါးမှု နည်းအောင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး တို့ပါပဲ။ (စင်္ကာပူမှာ Covid-19 ကူးစက်ခံရသူ ၅၆,၀၀၀ ကျော်မှာ ၂၇ ဦး သေဆုံးခဲ့တာမို့ ၀.၀၄% သေဆုံးမှုနှုန်းပါ။)ပြည်သူတွေဟာ အစိုးရရဲ့ လမ်းညွှန်မှု၊ အမိန့်တွေကို အသေအခြာ ပူးပေါင်း လိုက်နာမယ်ဆိုရင် Covid-19 နဲ့ အလွယ်တကူ ယှဉ်တွဲနေထိုင်နှိုင်မှာပါ။မြန်မာနိုင်ငံကြီး ကျန်းမာ ချမ်းသာရေးဟာ လက်ရှိအစိုးရရဲ့ စွမ်းဆောင်နိုင်မှုနဲ့အတူ ပြည်သူတွေရဲ့ ပညာတတ်မှု၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု အပေါ်မူတည်နေပါတယ်။

ဒါသည်ပင်လျင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ဖြစ်ပြီး ၂၀၂၁ ရဲ့ မြန်မာ့ အနာဂါသာ ဖြစ်လိမ့်မယ်ဆိုတာ ဟောကိန်းထုတ်ရင်း…လေးစားစွာဖြင့် – ဇင်မင်း

Add a Comment

Your email address will not be published. Required fields are marked *

6 + 20 =