ကိုဗစ် ကာလ အတွင်း ကျက်သရေ ရှိလှတဲ့ ဆိုက္ကား ဆရာများ ရဲ့ အလှူ
|ကိုဗစ် ကာလ အတွင်း ကျက်သရေ ရှိလှတဲ့ ဆိုက္ကား ဆရာများ ရဲ့ အလှူ
ကိုဗစ်ကာလအတွင်း ကျက်သရေရှိလှတဲ့ ဆိုက္ကားဆရာများရဲ့ အလှူမြန်မာနိုင်ငံ မှာ အချိန် ကာလတော်တော်ကြာကြာ ကျေးရွာဘက် သယ်ယူပို့ဆောင်ရေးတွေကို အဆင်ပြေစေခဲ့တာက ဆိုက္ကားဆရာတွေရဲ့ ကျေးဇူးပါနော်။
သူတို့ဟာ ဆိုရင် ယခင်က အဆင်ပြေပေမယ့် အခုနောက်ပိုင်း ဂွန်ဒေါင်းလို သုံးဘီးတွေပေါ်လာချိန်မှာ ဆိုင်ကယ် ကယ်ရီတွေ ပေါ်လာချိန်မှာတော့ အရမ်းကြီးအဆင်မပြေကြတော့ပါဘူး။
ဒါပေမယ့်လည်း မိသားစု စားဝတ်နေရေး အတွက် ယနေ့တိုင်လမ်းမထက်မှာ ရုန်းကန်နေဆဲပါနော်။ အတိတ်ဘဝကံမကောင်းလို့ပဲ ဆိုဆို ၊ ဘာကို မှ အပြစ်မဖွဲ့ပဲ လောကဓံ ကို ရုန်းကန်နေကြသူတွေပါ။သူတို့ဟာ ဝင်ငွေနည်းပါးပေမယ့် စေတနာတော့ မနည်းပါကြပါဘူး။
ယနေ့ နံနက် ၆ နာရီခန့်က ဆိုက္ကားဆရာတွေ ရဲ့ သောက်ရေအလှူကို ကျက်သရေရှိစွာ တွေ့မြင်ရတယ်။ဗောဓိတစ်ထောင်နား ကျီးအုပ်ရွာကို သွားလှူကြမယ်လို သိရတယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို အသိအမှတ်ပြုရင် သာဓုခေါ်ပေး ခဲ့ပါနော်။
crd : panpyoelat