သိန်း (၂၀)ကျော်တန် အိုင်ဖုန်း အသစ် ကို ကြွားနေရင်း ကျကွဲ သွားသောအခါ

သိန်း (၂၀)ကျော်တန် အိုင်ဖုန်း အသစ် ကို ကြွားနေရင်း ကျကွဲ သွားသောအခါ

အိုင်ဖုန်းက နောက်ဆုံး ထွက်တဲ့ ကင်မရာ သုံးလုံးနဲ့ သိန်း (၂၀)ကျော်တန် ဖုန်းက လူတိုင်း မဝယ်နိုင်ပါဘူး။ ဒီတော့ ဝယ်နိုင်တဲ့ သူတွေက

သူတို့ဝယ်နိုင်တာ ကို လိုင်းပေါ်တင်ကြွားကြ မှာပါပဲ။ အခုလည်း အကြွားကောင်းတဲ့ ကြွားစိန် တစ်ယောက် အကြွားလွန် သွားတဲ့အကြောင်းကို ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

စစချင်းမှာ သူက ဒီဖုန်းလေး ကို ပထမဆုံး ကိုင်တဲ့ လူတွေထဲက ဖြစ်တဲ့အတွက် ဖေ့ဘုတ်ပေါ်ကိုတင်ဖို့ ဓာတ်ပုံရိုက်ပါတယ်။ ကင်မရာ (၃)လုံးကို ပြူးနေအောင်ရိုက်ပြထားပြီး

အိုင်ဖုန်းရလို့ ကမ္ဘာအပျော်ဆုံး လူသားတစ်ယောက် လို ဖြစ်နေတဲ့ မျက်နှာပေးနဲ့ ဆယ်ဖီ (၂)ပုံရိုက်လိုက်ပါတယ်။ ရိုက်ထားတာကို ကြွားနေရင်းမှ မဆုံးသေးမှာဘဲ ကံကဆိုးပါတယ်။

ဖုန်းကလွတ်ကျခဲ့တာပါ။ ထူးဆန်းတာက သိန်း (၂၀)ကျော်တန် အိုင်ဖုန်း လည်း လွတ်ကျရင် ကွဲတယ်ဆိုတာပါ။ နောက်က ကာဗာဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီး၊ တော်တော်လေးကို

ကြေမွနေတာ ကိုတွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလည်း အေထွအထူးမဟုတ်ဘဲ ဒီတိုင်း ကိုင်နေရင်းနဲ့ လွတ်ကျသွားတာလို့ပဲဆိုထားပါတယ်။

မထူးတော့တဲ့ အဆုံးမှာတော့ မထူးဇာတ် ဆက်ခင်းလိုက်ပြီး၊ ကွဲနေတဲ့ဖုန်းကို ကိုင်ကာ သွားရှာပြီဆိုတဲ့ မျက်နှာပေးနဲ့ ပုံတွေ ရိုက်တင်ခဲ့ပါတယ်။ ပထမပုံတွေက အမြင်ကပ်စရာကောင်းနေပေမဲ့

နောက်ပုံမှာ ကျတော့ သနားဖို့ ကောင်းသွားတဲ့ ရုပ်ကလေးက လက်ရှိမှာ နာမည်ကြီးနေပြီး၊ သူ့လိုဖြစ် ဖူးကြောင်း စာနာတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ပရိသတ်ကြီးလည်း ဖုန်းအသစ် ဝယ်တာမျိုးတေရှိရင် ပထမဆုံးနေ့မှာပဲ ဓာတ်ပုံ ရိုက်နေရင်း လွတ်မကျဖို့ လိုပါတယ်။ အမျိုးသား ကတော့

လက်ရှိ မှာ ကျလက်စလေးကိုပဲ ဆက်ကိုင်နေပြီး၊ နောက်တစ်လုံး ဝယ်ဖို့ကိုလည်း စိတ်နာသွားပြီလို့ သိရပါတယ်။