“အကြွေး သိန်း (၂၀) ပြန်မဆပ်ရင်တောင် အလှူတွေလုပ်ပြီး ဇာတ်ပို့တွေကိုအလုပ်ပေးနေတဲ့သူကို သွားမစော်ကားပါနဲ့” လို့ မင်းခန့်ကျော်ကို ဒဲ့ပြောလိုက်တဲ့ နေဒွေး
Source: Nay Dway’s fb
unicode
သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း မြို့ပရိသတ်၊ နယ်ပရိသတ်အစုံရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ အောင်မြင်မှုတွေများစွာ ရရှိခဲ့သလို အမှုအခင်းပြဿနာအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပြီးာက် မင်းခန့်ကျော်ကို သူပိုင်ဆိုင် တဲ့ ဇာတ်ကားနှစ်ကား ဖြန့်ချီရောင်းချဖို့ ပေးခဲ့ပေမယ့် ဇာတ်ကား တန်ဖိုးငွေများကို ပြန်လည် မရရှိခဲ့တာကြောင့် ငွေရေးကြေးရေး ပြဿနာတွေလည်း ရှိခဲ့သေးပါတယ်။ ဒီကနေ့မှာတော့ နေဒွေးကတော့ သူရစရာရှိတဲ့ ငွေတွေကို ပြန်လည်မပေးအပ်သေးတဲ့ အဆိုပါ ဒါရိုက်တာ သိစေရန် သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။
“ကိုယ်တွေလည်း အခုတလော လှူဖြစ်နေတာ ဆိုတော့ ရဖို့ရှိနေတဲ့ အကြွေးသိန်း(၂၀) လည်း လှူလိုက်ပါတယ်ဗျာ။ ကိုယ့်အကြွေးတောင် တောင်းပန်မှ ပြန်ပေမယ်ဆိုတော့ 😂.. ဒါပေမယ့် အကြွေးပြန်မပေးလည်းနေပါဗျာ။ အလှူတွေလုပ်ပြီး ခက်ခဲနေတဲ့ ဇာတ်ပို့ ဇာတ်ရံတွေကို တတ်နိုင်သလောက် အလုပ်ပေးနေတဲ့သူတွေ ကိုတော့ သွားပြီး မစော်ကား ပါနဲ့ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
နေဒွေးကတော့ သူ့ရဲ့ ရစရာရှိတဲ့ အကြွေးတွေကို မပေးတဲ့ အပြင် ပရဟိတအလှူတွေလုပ်နေတဲ့သူတွေကို စော်ကားတယ်ဆိုတဲ့ မင်းခန့်ကျော်ကို ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။
Source: Nay Dway’s fb
Credit – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *
15 − 2 =