ျမန္မာျပည္ က “Unsung Heroes (သို႔) အသံတိတ္ သူရဲ ေကာင္းမ်ား”

Home Quaratine ဝင္​ေနတဲ့ က်​ေနာ့ဆီ ​သူ ေရာက္လာခ်ိန္မွာ ​ေခြၽး​ေတြက ႐ႊဲနစ္​ေန ပါၿပီ။ သူ႔ မူဟန္အတိုင္း အၿမဲျမင္​ေနၾက အၿပဳံးခ်ိဳခ်ိဳ နဲ႔​ေပမယ့္ သူ​ေမာ​ေနတာ မဖုန္းကြယ္ႏိုင္ပါဘူး။ “ဆရာစိုး၊ ထိုင္ပါဦးဗ်ာ၊ ခဏနားပါဦး” လို႔ ​လွမ္းေျပာ​ေပမယ့္.. “မနား​ေတာ့ဘူးဆရာ၊ က်​ေနာ္ swab ​ေတြ ရန္ကုန္ အျမန္ပို႔ရမွာ” ဆိုၿပီး အိမ္​ေရွ႕ခန္း မွာ PPE ကို ဝတ္​ေနရင္း ျပန္​ေျဖပါတယ္။“က်​ေနာ္က ဘယ္ႏွစ္​ေယာက္​ေျမာက္လဲဗ်” ​ေမး​ေတာ့.. “ဆရာအာကာက ၁၀၁ ​​​​ေယာက္ေျမာက္” တဲ့၊ ဘုရား ​ေရ။“ဒီ​ေန႔ကို ၁၀၀ လိုက္ယူရတာ​ေပါ့?“ က်​ေနာ့ ညီ​ေလး Technician နဲ႔ ၂ ဖြဲ႕ခြဲၿပီးယူၾကပါတယ္၊ ခုက ဘာမွမဟုတ္​ေသးဘူး၊ စစ္​ေတြလို ​ေနရာမ်ိဳး မွာဆို တရက္တည္း ၃၀၀၊ ၄၀၀ ယူ​ေနၾကရတာဆရာ၊” လို႔ အၿပဳံးမပ်က္​ေျဖသြားပါတယ္။ အရင္ကဆို ​ေလယာဥ္ နဲ႔ ပို႔လို႔ရ​ေတာ့ ​ေန႔လည္​ရန္ကုန္ကို ေရာက္ရင္ ည​ေနအ​ေျဖ သိရပါၿပီ၊ ခုက ကားနဲ႔ ပို႔​ေနရ​ေတာ့ က်​ေနာ္တို႔ အျမန္ပို႔ႏိုင္ဖို႔ ပိုအားထည့္ရပါတယ္၊ က်​ေနာ့္ ညီ technician ​ေတြလည္း ႀကိဳးစား ၾကရတာ​ေပါ့ တဲ့။ ဟုတ္ပါတယ္ အရင္ကဆို ရန္ကုန္ အမ်ိဳးသားဓါတ္ခြဲကို ပို႔ရင္​ေတာင္ သူတို႔ လိုက္ပို႔​ ေပးရတာပါ။ ခုမွသာ swab ပို႔ တာဝန္ကို အကုန္တာဝန္​ခြဲ​ေဝယူၿပီး နည္းနည္းသက္သာသြားတာပါ။

“ကဲ ဆရာ​ေရ၊ ယူလိုက္ၾကရ​ေအာင္” ဆိုၿပီး ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ ​အရမ္းနာတတ္ အရမ္း ​ေၾကာက္တတ္တဲ့ က်ေနာ့ကို ေခ်ာ့တခါ​ ေျခာက္တလွည့္ နဲ႔ပဲ ​ေအာင္​ေအာင္ျမင္ျမင္ swab ယူသြားပါတယ္။ခုဆိုရင္ အဲ့ဒီ ၁၀၁ ​ေယာက္ရဲ႕ အ​​ေျဖေတြကို သိၿပီးၾကပါၿပီ။ စိတ္မ​ေကာင္းစြာပဲ ၄ ​​ေယာက္က positive ထြက္ၿပီး ​ေစာင့္ၾကည့္ကုသမႈခံယူ​ေနပါၿပီ။ (က်​ေနာ္က​ေတာ့ negative ပါ)Covid-19 ကို ရင္ဆိုင္ၾကရမွာ အားလုံးက လူနာ​ေတြကို ထိ​ေတြ႕စမ္းသပ္ ကုသ​ေပး​ေနတဲ့ ဆရာဝန္ နဲ႔ဆရာမ​ေတြပဲ အရင္ဆုံး​ေျပးျမင္ၾက​ေပမယ့္၊ က်​ေနာ္တို႔မွာ ဆရာစိုးတို႔လို႔ အသံတိတ္ သူရဲ​ေကာင္း​ေတြအမ်ားႀကီးရွိပါ​ေသးတယ္။

PPE ကို က်​ေနာ္ ဝတ္ဖူးပါတယ္၊ ဥပမာ​ေပး ရရင္ ​ေစာင္ၾကမ္းႀကီး တထည္ တကိုယ္လုံး ပတ္ၿခဳံထားသလို မြန္းၾကပ္ၿပီး အင္မတန္​ေနရ ခက္ပါတယ္။ ​ေခြၽး​ေတြက ၿပိဳက္ၿပိဳက္က်ၿပီး ဘာမွလည္း ​ေကာင္း​ေကာင္းမျမင္ရ​ေတာ့ဘူးရယ္။ ၁၀မိနစ္ဝတ္ဖို႔​ေတာင္ အ​ေတာ္ႀကိဳးစားရတာ။ ဒါႀကီးနဲ႔ တ​ေနကုန္ ဝတ္လိုက္ ခြၽတ္လိုက္ Swab လိုက္ယူဖို႔ဆိုရင္ ​ေသခ်ာတယ္ က်​ေနာ္ မလုပ္ႏိုင္ပါဘူး။ ၿပီး​ေတာ့ သူတို႔က primary contact ​ေတြကို ဟိုး အာခံတြင္းနဲ႔ ႏွာ​ေခါင္း​ေပါက္အဆုံးထိ ႏႈိက္ယူရတာ၊very high risk ပါပဲ။ ဒီၾကားထဲ ယူ​ေနတုန္းမွာ လူနာ​ေတြက ​ေအာ့ၾက အန္ၾက ​ေခ်ာင္းဆိုးၾက ႏွာ​ေျခၾကနဲ႔၊ ကူးစက္ခံရဖို႔ သိပ္မ်ားတယ္ဗ်ာ။သူျပန္ဖို႔ ႐ႊဲ႐ႊဲနစ္​ေနတဲ့​ေခြၽး​ေတြနဲ႔ ျပင္ဆင္​ေနတာကို ၾကည့္ရင္း ​ေလးစားတဲ့ စိတ္​ေတြ​ေပၚလာရပါတယ္။ျမန္မာ တစ္ျပည္လုံးက swab ​မ်ားစြာကို အခ်ိန္မွီ ယူ​ေပး ပို႔​ေပး အ​ေျဖ​ေတြထုတ္​ေပး​ေနတဲ့ က်​ေနာ္တို႔ရဲ႕ အသံတိတ္သူရဲ​ေကာင္း အားလုံးကို ဒီစာ​ေလးနဲ႔ ဦးၫြတ္အ​ေလးျပဳလိုက္ရပါတယ္။

Professor Dr. Maung Maung Oo

unicode

မြန်မာပြည် က “Unsung Heroes (သို့) အသံတိတ် သူရဲ ကောင်းများ”

Home Quaratine ဝင်​နေတဲ့ ကျ​နော့ဆီ ​သူ ရောက်လာချိန်မှာ ​ချွေး​တွေက ရွှဲနစ်​နေ ပါပြီ။ သူ့ မူဟန်အတိုင်း အမြဲမြင်​နေကြ အပြုံးချိုချို နဲ့​ပေမယ့် သူ​မော​နေတာ မဖုန်းကွယ်နိုင်ပါဘူး။ “ဆရာစိုး၊ ထိုင်ပါဦးဗျာ၊ ခဏနားပါဦး” လို့ ​လှမ်းပြော​ပေမယ့်.. “မနား​တော့ဘူးဆရာ၊ ကျ​နော် swab ​တွေ ရန်ကုန် အမြန်ပို့ရမှာ” ဆိုပြီး အိမ်​ရှေ့ခန်း မှာ PPE ကို ဝတ်​နေရင်း ပြန်​ဖြေပါတယ်။“ကျ​နော်က ဘယ်နှစ်​ယောက်​မြောက်လဲဗျ” ​မေး​တော့.. “ဆရာအာကာက ၁၀၁ ​​​​ယောက်မြောက်” တဲ့၊ ဘုရား ​ရေ။“ဒီ​နေ့ကို ၁၀၀ လိုက်ယူရတာ​ပေါ့?“ ကျ​နော့ ညီ​လေး Technician နဲ့ ၂ ဖွဲ့ခွဲပြီးယူကြပါတယ်၊ ခုက ဘာမှမဟုတ်​သေးဘူး၊ စစ်​တွေလို ​နေရာမျိုး မှာဆို တရက်တည်း ၃၀၀၊ ၄၀၀ ယူ​နေကြရတာဆရာ၊” လို့ အပြုံးမပျက်​ဖြေသွားပါတယ်။ အရင်ကဆို ​လေယာဉ် နဲ့ ပို့လို့ရ​တော့ ​နေ့လည်​ရန်ကုန်ကို ရောက်ရင် ည​နေအ​ဖြေ သိရပါပြီ၊ ခုက ကားနဲ့ ပို့​နေရ​တော့ ကျ​နော်တို့ အမြန်ပို့နိုင်ဖို့ ပိုအားထည့်ရပါတယ်၊ ကျ​နော့် ညီ technician ​တွေလည်း ကြိုးစား ကြရတာ​ပေါ့ တဲ့။ ဟုတ်ပါတယ် အရင်ကဆို ရန်ကုန် အမျိုးသားဓါတ်ခွဲကို ပို့ရင်​တောင် သူတို့ လိုက်ပို့​ ပေးရတာပါ။ ခုမှသာ swab ပို့ တာဝန်ကို အကုန်တာဝန်​ခွဲ​ဝေယူပြီး နည်းနည်းသက်သာသွားတာပါ။

“ကဲ ဆရာ​ရေ၊ ယူလိုက်ကြရ​အောင်” ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ​အရမ်းနာတတ် အရမ်း ​ကြောက်တတ်တဲ့ ကျနော့ကို ချော့တခါ​ ခြောက်တလှည့် နဲ့ပဲ ​အောင်​အောင်မြင်မြင် swab ယူသွားပါတယ်။ခုဆိုရင် အဲ့ဒီ ၁၀၁ ​ယောက်ရဲ့ အ​​ဖြေတွေကို သိပြီးကြပါပြီ။ စိတ်မ​ကောင်းစွာပဲ ၄ ​​ယောက်က positive ထွက်ပြီး ​စောင့်ကြည့်ကုသမှုခံယူ​နေပါပြီ။ (ကျ​နော်က​တော့ negative ပါ)Covid-19 ကို ရင်ဆိုင်ကြရမှာ အားလုံးက လူနာ​တွေကို ထိ​တွေ့စမ်းသပ် ကုသ​ပေး​နေတဲ့ ဆရာဝန် နဲ့ဆရာမ​တွေပဲ အရင်ဆုံး​ပြေးမြင်ကြ​ပေမယ့်၊ ကျ​နော်တို့မှာ ဆရာစိုးတို့လို့ အသံတိတ် သူရဲ​ကောင်း​တွေအများကြီးရှိပါ​သေးတယ်။

PPE ကို ကျ​နော် ဝတ်ဖူးပါတယ်၊ ဥပမာ​ပေး ရရင် ​စောင်ကြမ်းကြီး တထည် တကိုယ်လုံး ပတ်ခြုံထားသလို မွန်းကြပ်ပြီး အင်မတန်​နေရ ခက်ပါတယ်။ ​ချွေး​တွေက ပြိုက်ပြိုက်ကျပြီး ဘာမှလည်း ​ကောင်း​ကောင်းမမြင်ရ​တော့ဘူးရယ်။ ၁၀မိနစ်ဝတ်ဖို့​တောင် အ​တော်ကြိုးစားရတာ။ ဒါကြီးနဲ့ တ​နေကုန် ဝတ်လိုက် ချွတ်လိုက် Swab လိုက်ယူဖို့ဆိုရင် ​သေချာတယ် ကျ​နော် မလုပ်နိုင်ပါဘူး။ ပြီး​တော့ သူတို့က primary contact ​တွေကို ဟိုး အာခံတွင်းနဲ့ နှာ​ခေါင်း​ပေါက်အဆုံးထိ နှိုက်ယူရတာ၊very high risk ပါပဲ။ ဒီကြားထဲ ယူ​နေတုန်းမှာ လူနာ​တွေက ​အော့ကြ အန်ကြ ​ချောင်းဆိုးကြ နှာ​ခြေကြနဲ့၊ ကူးစက်ခံရဖို့ သိပ်များတယ်ဗျာ။သူပြန်ဖို့ ရွှဲရွှဲနစ်​နေတဲ့​ချွေး​တွေနဲ့ ပြင်ဆင်​နေတာကို ကြည့်ရင်း ​လေးစားတဲ့ စိတ်​တွေ​ပေါ်လာရပါတယ်။မြန်မာ တစ်ပြည်လုံးက swab ​များစွာကို အချိန်မှီ ယူ​ပေး ပို့​ပေး အ​ဖြေ​တွေထုတ်​ပေး​နေတဲ့ ကျ​နော်တို့ရဲ့ အသံတိတ်သူရဲ​ကောင်း အားလုံးကို ဒီစာ​လေးနဲ့ ဦးညွတ်အ​လေးပြုလိုက်ရပါတယ်။

Professor Dr. Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *

2 + sixteen =