ဟိုင်းကြီးကျွန်း ကို “ကြယ်ညွှန်ရာသစ္စာ” ဇာတ်ကားတွင် ပါဝင်ရိုက်ကူးရန်ရောက်ရှိနေတဲ့ အနုပညာရှင် တို့၏ပုံရိပ်များ

Posted on

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ တွင် (၇၅) နှစ်မြော က် တပ်မတော်ရေနေ့ အထိမ်းအမှတ် ဇာတ်ကားရိုက် ကူးရန် အတွက်စစ်တပ်ကို ထောက်ခံသည့် ရုပ်ရှင် သရုပ်ဆောင် များ ရောက်ရှိနေကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။ သရုပ်ဆောင် မေသဉ္ဇာဦး၊ စိုးမြတ်သူဇာ၊ မုဏ်း၊ ယဉ်လတ်၊ စသည့်သရုပ်ဆောင်များသည် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ၏ ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ သရုပ်ဆောင်များ သည် ကြယ်ညွှန်ရာ သစ္စာအမည်ရှိ ဇာတ်ကား ကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံက သိရသည်။“ခုဆိုရင် ကပ္ပလီ၊ ဟိုင်းကြီးအထက်တန်းကျောင်းနဲ့ ကျောက်ကလပ်မှာ ရိုက်ပြီးသွားပြီ။ သူတို့အကုန်လုံးဟိုင်းကြီး ရေတပ်ထဲက VIP ရိပ်သာမှာ နေကြတယ်လို့ သိရတယ်။ ခုထိတော့မပြီးသေးဘူး။ ရိုက်နေကြ တုန်းပဲ” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းအပြင် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များ၊ သရုပ်ဆောင်အသစ် များလည်း ဟိုင်းကြီးကျွန်းသို့ ထပ်မံ ရောက်ရှိလာဦးမည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ၏ ပြောကြားချက်အရ သိရသည်။

ကြယ်ညွှန်ရာသစ္စာ ဇာတ်ကား တွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ အောင်ခိုင်၊ စိုးသီဟ၊ မိုးကောင်းကင်၊ ပိုင်စစ်မှူး၊ အောင်သီဟ၊ နေလင်းအောင်၊ ဟိန်းဇာကျော်၊ ရွှေပိုး၊ နေရဲထက်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီမေသဉ္ဇာဦး၊ ဝါဝါအောင်၊ မုဏ်း၊ ယဉ်လတ်၊ လှမျိုးသဉ္ဇာနွယ်၊ ဆုကဗျာ၊ မေအိန္ဒြေသန့်တို့ပါဝင် သရုပ်ဆောင်မည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူ၏ပြောကြားချက် အရ သိရသည်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Credit;

zawgyi

ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕ တြင္ (၇၅) ႏွစ္ေျမာ က္ တပ္မေတာ္ေရေန႔ အထိမ္းအမွတ္ ဇာတ္ကား႐ိုက္ ကူးရန္ အတြက္စစ္တပ္ကို ေထာက္ခံသည့္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မ်ား ေရာက္ရွိေနေၾကာင္း ေဒသခံ မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။ သ႐ုပ္ေဆာင္ ေမသၪၨာဦး၊ စိုးျမတ္သူဇာ၊ မုဏ္း၊ ယဥ္လတ္၊ စသည့္သ႐ုပ္ေဆာင္မ်ားသည္ ဇူလိုင္လ ၂၄ ရက္ေန႔မွ စတင္ကာ စစ္ေကာင္စီ၏ ဟိုင္းႀကီးကြၽန္းေရတပ္စခန္းသို႔ ေရာက္ရွိေနျခင္းျဖစ္သည္။

လက္ရွိတြင္ အဆိုပါ သ႐ုပ္ေဆာင္မ်ား သည္ ၾကယ္ၫႊန္ရာ သစၥာအမည္ရွိ ဇာတ္ကား ကို စတင္႐ိုက္ကူးေနၿပီျဖစ္ေၾကာင္း စစ္ေကာင္စီတပ္ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။“ခုဆိုရင္ ကပၸလီ၊ ဟိုင္းႀကီးအထက္တန္းေက်ာင္းနဲ႔ ေက်ာက္ကလပ္မွာ ႐ိုက္ၿပီးသြားၿပီ။ သူတို႔အကုန္လုံးဟိုင္းႀကီး ေရတပ္ထဲက VIP ရိပ္သာမွာ ေနၾကတယ္လို႔ သိရတယ္။ ခုထိေတာ့မၿပီးေသးဘူး။ ႐ိုက္ေနၾက တုန္းပဲ” ဟု စစ္ေကာင္စီတပ္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။ ၎အျပင္ နာမည္ႀကီး ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ သ႐ုပ္ေဆာင္အသစ္ မ်ားလည္း ဟိုင္းႀကီးကြၽန္းသို႔ ထပ္မံ ေရာက္ရွိလာဦးမည္ျဖစ္ေၾကာင္း စစ္တပ္ႏွင့္ နီးစပ္သူ၏ ေျပာၾကားခ်က္အရ သိရသည္။

ၾကယ္ၫႊန္ရာသစၥာ ဇာတ္ကား တြင္ အကယ္ဒမီ ရန္ေအာင္၊ အကယ္ဒမီ ရဲေအာင္၊ အကယ္ဒမီ ေအာင္ခိုင္၊ စိုးသီဟ၊ မိုးေကာင္းကင္၊ ပိုင္စစ္မႉး၊ ေအာင္သီဟ၊ ေနလင္းေအာင္၊ ဟိန္းဇာေက်ာ္၊ ေ႐ႊပိုး၊ ေနရဲထက္၊ အကယ္ဒမီ စိုးျမတ္သူဇာ၊ အကယ္ဒမီေမသၪၨာဦး၊ ဝါဝါေအာင္၊ မုဏ္း၊ ယဥ္လတ္၊ လွမ်ိဳးသၪၨာႏြယ္၊ ဆုကဗ်ာ၊ ေမအိေျႏၵသန႔္တို႔ပါဝင္ သ႐ုပ္ေဆာင္မည္ဟု စစ္ေကာင္စီတပ္ႏွင့္ နီးစပ္သူ၏ေျပာၾကားခ်က္ အရ သိရသည္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္။

Credit;