ဘုန်းကံ ကြီးမားတဲ့ အမျိုးသမီး များသာ ဝတ်ဆင် ခွင့်ရတဲ့ မလ္လိကာ တန်ဆာ ဝတ်ဆင်သူ ပေါ်လာပြီ

ဘုန်းကံ ကြီးမားတဲ့ အမျိုးသမီး များသာ ဝတ်ဆင်ခွင့် ရတဲ့ မလ္လိကာ တန်ဆာ ဝတ်ဆင်သူ ပေါ်လာပြီ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ် အခါက မဟလ္လတာ တန်ဆာကို ဆင်မြန်းရသူများမှာ

( 1 ) ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါ

( 2 ) ဗန္ဓုလ စစ်သူကြီး၏ မိဘုရား မလ္လိကာ အမျိုးသမီး

( 3 ) ဗာရာဏသီ သူဋ္ဌေးကြီး ရဲ့သမီး သုမနာ ဆိုပြီး စာပေ မှာတွေ့ ရတယ်။

12 . 8 . 2020 နေ့က သီရိလင်္ကာ နိုင်ငံမှာ စတုတ္ထမြောက် မဟလ္လတာ တန်ဆာကို ဝတ်ဆင်ပြီး အမျိုးသမီးတစ်ဦး ဆရာတော် သံဃာတော်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းနေစဉ် မဟာလတာ တန်ဆာကို မမြင်ဖူးသူများ ကြည့်ထားကြပါ ။ ဦးဇင်းတို့လည်း အခုမှ မြင်ဖူးတယ်။ ဝတ်ချင်ကြလား ။ အမျိုးသမီး (၃) ဦးသာ ဝတ်ဆင်နိုင်တဲ့ ခေါင်းအစ ခြေအဆုံး မဟလ္လတာ တန်ဆာ ပါ။

ပါဝင်သော ပစ္စည်းများ ကတော့ စိန်အစစ်(၄) ပြည်၊ ပုလဲ (၁၁) ပြည် မြ နှင့် သန္တာ (၂၂) ပြည်၊ နီလာနှင့်ပတ္တမြား (၃၃) ပြည် အခြား ရတနာတွေလည်း မရေတွက်နိုင်လောက်အောင် များပြား ပါတယ်။ချုပ်တဲ့ချည်ကရွှေချည် ငွေချည်နဲ့ပါတန်ဆာကြီး ရဲ့တန်ဖိုးဟာ (၉) ကုဋေ လက်ခအနေနဲ့(၁) သိန်း ပေးရပါတယ်။ ပန်တိမ်သည်ပေါင်းက (၅၀၀)ရာနှင့် (၄) လကြာအောင် လုပ်ရပြီးတော့ (၄) လကြာမှ အားလုံးပြီးပါတယ် ။

ဆင်မြန်းလိုက်လို့ အဝေးကမြင် ရရင် ဒေါင်းအစစ် ကနေသလိုပါပဲတဲ့ ။ လမ်းသွားရင်လည်း ရွှေခြူ ငွေဆွဲတွေရဲ့ သံစုံသာယာ တေးလေးတွေကလည်း သာယာငြိမ့်ညောင်းစွာထွက်ပေါ်နေပါသေးတယ် ။ မဟလ္လတာ တန်ဆာကို ဝတ်ဆင်ရမည့်သူ ကလည်း အဲဒီဘဝဆင်ပြောင်ငါးစီး ကဲ့သို့ အားမာန်ကြီးတဲ့ သူဖြစ်ရပါမယ်။ ဒါမှလည်းဝတ်ဆင်နိုင်ပါတယ်။

ရတနာတွေကို တင်း နဲ့တွက်မယ်ဆိုရင် ပြည်ပေါင်းဆို (၇၀)ဆယ် တင်းနဲ့တွက်ရင် (၄) တင်း နှင့် (၆) ပြည်ပါ ။ အခြား ရတနာ တွေလည်း ရေတွက်လို့ မရပါဘူး။ ရွှေပိဿာချိန် ကလည်း (၁) ထောင်ဆိုတော့ လေးလွန်းလို့ သာမန်အမျိုးသမီး တွေ ဘယ်လိုနည်းနှင့်မှ မဝတ်ရုံနိုင်ပါဘူး။ ဘုန်းကံကြီးမားတဲ့ အမျိုးသမီး တွေသာ ဝတ်ရုံနိုင်ပါတယ် ။ဘုန်းကံ ကြီးမား တဲ့ အမျိုးသမီး ( ၃ ) ဦးကတော့ ဘုရားရှင် လက်ထက်အ ခါက မဟလ္လတာ တန်ဆာကို ဝတ်ဆင်ခဲ့ရတာ ဒီကမ္ဘာမှာ ( ၃ ) ယောက်ပဲ ရှိခဲ့ပါတယ် ။

သူတို့ကတော့

(၁) ဝိသာခါ ကျောင်း အမကြီး

(၂) ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ

(၃) ဗာရာဏသီ သူဌေးကြီးရဲ့သမီး သုမနာတို့ပဲ ဖြစ်ပါတယ်။ ချစ်ခြင်းများစွာဖြင့် … အရှင်ဣဿရိယ / အထက်မင်းလှ Crd ;

Add a Comment

Your email address will not be published. Required fields are marked *

twenty − nineteen =