နယ္စပ္ၿမိဳ႕ႏွစ္ၿမိဳ႕ရွိဝင္၊ ထြက္ဂိတ္ မ်ားတြင္ ကိုဗစ္-၁၉ေရာဂါကာကြယ္ႏိုင္ေရးအတြက္ က်န္းမာေရးစစ္ ေဆးျခင္း ျပန္လည္ေဆာင္႐ြက္

ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ေပါက္မ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသူ မရွိေစေရးအတြက္ စစ္ကိုင္း တိုင္းေဒသႀကီး၊ တမူးၿမိဳ႕ႏွင့္ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕တို႔တြင္ က်န္းမာေရးစစ္ေဆးျခင္းလုပ္ငန္းကို ၾသဂုတ္လ ၂၉ ရက္မွစတင္ကာ ျပန္လည္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕တြင္ ကိုဗစ္-၁၉ေရာဂါကာကြယ္ ၊ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ က်န္းမာေရးစစ္ေဆး ျခင္းမ်ား ကို တမူးၿမိဳ႕ဝင္၊ၿမိဳ႕ထြက္ပင္မဂိတ္ျဖစ္သည့္ ၄ မိုင္ စစ္ေဆးေရးဂိတ္တြင္ ျပန္လည္လုပ္ေဆာင္လ်က္ ရွိ သည့္အျပင္ ရိေခၚဒါရ္ၿမိဳ႕အဝင္အထြက္ေနရာတြင္ျဖတ္သန္းသြားလာ ၾကသည့္ ခရီးသြားမ်ားအား က်န္းမာေရး စစ္ေဆးျခင္းႏွင့္ ခရီးသြားရာဇဝင္ အခ်က္ အလက္မ်ား မွတ္တမ္းရယူျခင္းကို ျပန္လည္ေဆာင္႐ြက္ လ်က္ရွိ ေၾကာင္း ရိေခၚဒါရ္ၿမိဳ႕ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးေကာ္မတီမွ သိရသည္။

အဆိုပါလုပ္ငန္းမ်ားေဆာင္႐ြက္မႈကို သက္ဆိုင္ရာၿမိဳ႕အုပ္ခ်ဳပ္ေရးမူးမ်ား ဦးေဆာင္မႈ ျဖင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ က်န္းမာေရးဌာနဝန္ထမ္းမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အဖြဲ႕တို႔မွ အျခားဌာန ဆိုင္ရာမ်ားျဖင့္ ေန႔စဥ္အလွည့္က် စနစ္ျဖင့္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

swh(ဓာတၸံု-ပကၠာ)

unicode

နယ်စပ်မြို့နှစ်မြို့ရှိဝင်၊ ထွက်ဂိတ် များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ် ဆေးခြင်း ပြန်လည်ဆောင်ရွက်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ပေါက်များမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူ မရှိစေရေးအတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နှင့် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တို့တွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၉ ရက်မှစတင်ကာ ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ၊ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေး ခြင်းများ ကို တမူးမြို့ဝင်၊မြို့ထွက်ပင်မဂိတ်ဖြစ်သည့် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ပြန်လည်လုပ်ဆောင်လျက် ရှိ သည့်အပြင် ရိခေါ်ဒါရ်မြို့အဝင်အထွက်နေရာတွင်ဖြတ်သန်းသွားလာ ကြသည့် ခရီးသွားများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် အချက် အလက်များ မှတ်တမ်းရယူခြင်းကို ပြန်လည်ဆောင်ရွက် လျက်ရှိ ကြောင်း ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်မှုကို သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးမူးများ ဦးဆောင်မှု ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တို့မှ အခြားဌာန ဆိုင်ရာများဖြင့် နေ့စဉ်အလှည့်ကျ စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

swh(ဓာတ္ပံု-ပက္ကာ)

Add a Comment

Your email address will not be published. Required fields are marked *

4 + fifteen =