




unicode

အသက်ကြီးလာ တယ်လို့ကို ထင်ရက်စရာမရှိအောင်ကို နုပျိုလှပနေတဲ့ မင်းသမီးချောလေး အေးမြတ်သူ

ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကို ထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေဟာ ဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုဂရုစိုက်နေလေ့ရှိပြီး သူမရဲ့ ဘော်ဒီအချိုးအစားလေးဟာ ကျစ်လျစ်လှပနေတာပါနော်။

မကြာသေးမီကလည်း မမြတ်လေးဟာ သူမ ရဲ့ Facebookစာမျက်နှာမှာ “Morning ….ဘာကြောင့် အပြင်ထွက်ထွက် …. Mask တပ်ပါနော်အာဟာရပြည့်ဝအောင်စားပါ…. ကျန်းမာအောင်နေထိုင်ပါရှင့်.. အလုပ်ကိစ္စကလွဲရင် …လူစုလူဝေးများမယ့်နေရာတွေ နဲ့ အိမ်အပြင်ထွက်ခြင်း ကို အထူးလျော့ချပါနော်…..ချစ်ရသူတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြ ပါစေရှင်” ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေတင်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khine Htun

Add a Comment

Your email address will not be published. Required fields are marked *

18 − 3 =