အေျခခံပညာ သင္႐ိုးမ်ား ႐ုပ္ျမင္သံၾကား မွ တစ္ဆင့္ ပို႔ခ်ရန္စီစဥ္

အေျခခံပညာအဆင့္အတန္းမ်ား အတြက္ သင္ခန္းစာ မ်ားကို ႐ုပ္ျမင္သံၾကား မွတစ္ဆင့္ ပို႔ခ်ရန္ စီစဥ္လ်က္ ရွိေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း က ေျပာၾကားသည္။ကိုဗစ္ကူးစက္မႈ လွ်င္ျမန္စြာ ျဖစ္ေပၚလာသည့္အတြက္ အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားကို ဩဂုတ္လ ၂၇ ရက္မွ စတင္ ၍ ယာယီပိတ္ထားလိုက္ရသည္။ေက်ာင္းမ်ားပိတ္ေနသည့္အခ်ိန္ တြင္ ေက်ာင္းသားမ်ား သင္ၾကားမႈမျပတ္ မရွိေစရန္အတြက္ ေနအိမ္မွေန၍ ပညာ သင္ၾကားႏိုင္ရန္ Sky Net ႐ုပ္သံ၊ ကုလသမဂၢအျပည္ျပည္ဆိုင္ရာ ကေလးမ်ား ရန္ပုံေငြအဖြဲ႕ (UNICEF) တို႔ႏွင့္ ေဆြးေႏြးလ်က္ရွိေၾကာင္း ေဒါက္တာတ င္ေမာင္ဝင္း ထံမွ သိရွိရသည္။

“ၿပီးခဲ့တဲ့ ႏွစ္ရက္က Sky Net နဲ႔ စကားေျပာ ထားတာရွိတယ္။ အကယ္၍ ေက်ာင္းေတြ ပိတ္ခဲ့ရင္ဆိုၿပီး လာေဆြးေႏြး ၾကတဲ့အခါ။ တကယ္လည္း ေက်ာင္းေတြ လည္းပိတ္ေတာ့ ေက်ာင္းသင္ခန္းစာေတြနဲ႔ ပတ္သက္ၿပီး ႐ိုက္ကူးၿပီး Sky Net Education Channel ကေနၿပီး ဘယ္ေန႔ ဘယ္အတန္း ဘယ္ဘာသာကို ဘယ္အခ်ိန္မွာ လႊင့္မယ္ဆိုၿပီး ဆိုတာမ်ိဳးေတာ့ ဆရာတို႔ အေသးစိတ္ညႇိႏႈိင္းရဦးမယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။ထိုသင္ၾကားပို႔ခ်မႈမ်ားသည္ အတန္း တက္ႏိုင္ေရးအတြက္မဟုတ္ဘဲ ကေလး မ်ား ပညာသင္ယူခြင့္မဆုံးရႈံးေစရန္ ရည္႐ြယ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေဒါက္တာ တင္ေမာင္ဝင္းက ရွင္းျပသည္။

“ဒီေန႔ဆို ေက်ာင္းပိတ္သြားၿပီ။ ေက်ာင္းပိတ္ျခင္း ေၾကာင့္ျဖစ္လာတဲ့ အက်ိဳးဆက္ေတြကို တခ်ိဳ႕က်ေတာ့လည္း ကေလးေတြ ပညာသင္ခြင့္ဆုံးရႈံးၿပီး အရမ္း စိတ္ဆင္းရဲေနတဲ့ ကေလးေတြရွိတယ္လို႔ လည္း ဆရာတို႔ၾကားသိခဲ့ရပါတယ္” ဟု ၎ကဆိုသည္။အေျခခံပညာအထက္တန္းအဆင့္ အတန္းမ်ားကို ၿပီးခဲ့သည့္ ဇူလိုင္ ၂၁ ရက္မွစကာ တစ္ႏိုင္ငံလုံးတြင္ စတင္ဖြင့္လွစ္ ခဲ့ၿပီး ရခိုင္ျပည္နယ္တြင္ ကိုဗစ္ေရာဂါ ျပည္တြင္းကူးစက္မႈေၾကာင့္ ေက်ာင္းဖြင့္ လွစ္ၿပီး ၂၁ ရက္အၾကာတြင္ ယာယီ ျပန္လည္ပိတ္ခဲ့ျခင္းျဖစ္သည္။တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဘုန္းေတာ္ႀကီးသင္ပညာေက်ာင္း၊ ကိုယ္ပိုင္ အထက္တန္းေက်ာင္းႏွင့္ အစိုးရ အထက္တန္း ေက်ာင္း စုစုေပါင္း ငါးေသာင္း နီးပါးရွိကာ ပညာသင္ၾကားသည့္ ေက်ာင္းသားဦးေရ ၁၀ သန္းနီးပါးရွိ ေၾကာင္း အေျခခံပညာဦးစီးဌာန စာရင္း မ်ားအရ သိရွိရသည္။

Credit The Voice Journal

unicode

အခြေခံပညာ သင်ရိုးများ ရုပ်မြင်သံကြား မှ တစ်ဆင့် ပို့ချရန်စီစဉ်

အခြေခံပညာအဆင့်အတန်းများ အတွက် သင်ခန်းစာ များကို ရုပ်မြင်သံကြား မှတစ်ဆင့် ပို့ချရန် စီစဉ်လျက် ရှိကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောကြားသည်။ကိုဗစ်ကူးစက်မှု လျှင်မြန်စွာ ဖြစ်ပေါ်လာသည့်အတွက် အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများကို ဩဂုတ်လ ၂၇ ရက်မှ စတင် ၍ ယာယီပိတ်ထားလိုက်ရသည်။ကျောင်းများပိတ်နေသည့်အချိန် တွင် ကျောင်းသားများ သင်ကြားမှုမပြတ် မရှိစေရန်အတွက် နေအိမ်မှနေ၍ ပညာ သင်ကြားနိုင်ရန် Sky Net ရုပ်သံ၊ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့နှင့် ဆွေးနွေးလျက်ရှိကြောင်း ဒေါက်တာတ င်မောင်ဝင်း ထံမှ သိရှိရသည်။

“ပြီးခဲ့တဲ့ နှစ်ရက်က Sky Net နဲ့ စကားပြော ထားတာရှိတယ်။ အကယ်၍ ကျောင်းတွေ ပိတ်ခဲ့ရင်ဆိုပြီး လာဆွေးနွေး ကြတဲ့အခါ။ တကယ်လည်း ကျောင်းတွေ လည်းပိတ်တော့ ကျောင်းသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပြီး Sky Net Education Channel ကနေပြီး ဘယ်နေ့ ဘယ်အတန်း ဘယ်ဘာသာကို ဘယ်အချိန်မှာ လွှင့်မယ်ဆိုပြီး ဆိုတာမျိုးတော့ ဆရာတို့ အသေးစိတ်ညှိနှိုင်းရဦးမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ထိုသင်ကြားပို့ချမှုများသည် အတန်း တက်နိုင်ရေးအတွက်မဟုတ်ဘဲ ကလေး များ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာ တင်မောင်ဝင်းက ရှင်းပြသည်။

“ဒီနေ့ဆို ကျောင်းပိတ်သွားပြီ။ ကျောင်းပိတ်ခြင်း ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို တချို့ကျတော့လည်း ကလေးတွေ ပညာသင်ခွင့်ဆုံးရှုံးပြီး အရမ်း စိတ်ဆင်းရဲနေတဲ့ ကလေးတွေရှိတယ်လို့ လည်း ဆရာတို့ကြားသိခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။အခြေခံပညာအထက်တန်းအဆင့် အတန်းများကို ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစကာ တစ်နိုင်ငံလုံးတွင် စတင်ဖွင့်လှစ် ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုကြောင့် ကျောင်းဖွင့် လှစ်ပြီး ၂၁ ရက်အကြာတွင် ယာယီ ပြန်လည်ပိတ်ခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘုန်းတော်ကြီးသင်ပညာကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် အစိုးရ အထက်တန်း ကျောင်း စုစုပေါင်း ငါးသောင်း နီးပါးရှိကာ ပညာသင်ကြားသည့် ကျောင်းသားဦးရေ ၁၀ သန်းနီးပါးရှိ ကြောင်း အခြေခံပညာဦးစီးဌာန စာရင်း များအရ သိရှိရသည်။

Credit The Voice Journal

Add a Comment

Your email address will not be published. Required fields are marked *

19 − five =