လူမရွိလွ်င္ ထြင္းေဖာက္ျမင္ႏိုင္ လူရွိလွ်င္ အလင္းပိတ္ သြားမယ့္ အိမ္သာ

အမ်ားသုံး အိမ္သာတစ္လုံးကို တံခါး အပါအဝင္ နံရံေတြကို မွန္အၾကည္ေတြ နဲ႔ပဲ ေဆာက္မယ္ဆို ႐ူးတယ္လို႔ အေျပာခံရမယ္။ ဒါေပမယ့္ ဂ်ပန္ေတြ တစ္ကယ္ေဆာက္ၿပီး စသုံးေနတယ္။ တိုက်ိဳၿမိဳ႕ ရွီဘူယာနားက အမ်ားသုံးသန႔္စင္ခန္း အသစ္ႏွစ္ခုကို သြားၾကည့္လိုက္။ တံခါးပါ ပါေနတဲ့ မ်က္ႏွာစာနံရံနဲ႔ ေဘးနံရံပါ မွန္အၾကည္ေတြ။

အထဲမွာ လူမ ရွိရင္ သာမန္မွန္အၾကည္လို အထဲကို ထြင္းေဖာက္ျမင္ ေနရမွာတယ္။ ဒါေပမယ့္ အထဲကိုလူဝင္ၿပီး တံခါးခ်က္ခ်လိုက္တာနဲ႔ မွန္နံရံအားလုံး အလင္းပိတ္သြားၿပီး အေရာင္တစ္ခုဖုံးသြားလို႔ အထဲကို မျမင္ရေတာ့ဘူး။ အိမ္သာသုံးခန္းရွိရင္ တစ္ခန္းတစ္ေရာင္- အစိမ္းေရာင္၊ အဝါေရာင္နဲ႔ လိေမၼာ္ေရာင္ေတြ သမ္းမတဲ့။

NGO တစ္ဖြဲ႕ျဖစ္တဲ့ The Nippon Foundation က Tokyo Toilet project ဒီဇိုင္းၿပိဳင္ပြဲလုပ္ၿပီး ေဆာက္ေပးထားတာတဲ့။ က်ားမမေ႐ြး၊ အသက္အ႐ြယ္နဲ႔ မသန္စြမ္းသူပါမက်န္ ဘယ္သူမဆို ေဘးကင္းကင္း အသုံးျပဳႏိုင္တဲ့ သန႔္စင္ခန္းျဖစ္ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုတယ္။ အိမ္သာထဲမွာ လူရွိလား၊ သန႔္သန႔္ရွင္းရွင္းေကာ ရွိရဲ႕လား ဆိုတာ ႀကိဳၾကည့္ၿပီး ဝင္သုံးလို႔ရေအာင္ ရည္႐ြယ္တယ္လို႔လည္း ဆိုတယ္။ (လွ်ပ္စစ္ဓာတ္အား သုံးရမွာေတာ့ ေသခ်ာတယ္၊ လူဝင္ေနတုန္း မီးျပတ္သြားရင္ မွန္ႀကီးက ၾကည္သြားမွာလား မသိ၊ အဲဒါမ်ိဳးေတာ့ ဂ်ပန္ေတြက ရွင္းျပမထားဘူး😬😬 )
သဲသဲ

unicode

လူမရှိလျှင် ထွင်းဖောက်မြင်နိုင် လူရှိလျှင် အလင်းပိတ် သွားမယ့် အိမ်သာ

အများသုံး အိမ်သာတစ်လုံးကို တံခါး အပါအဝင် နံရံတွေကို မှန်အကြည်တွေ နဲ့ပဲ ဆောက်မယ်ဆို ရူးတယ်လို့ အပြောခံရမယ်။ ဒါပေမယ့် ဂျပန်တွေ တစ်ကယ်ဆောက်ပြီး စသုံးနေတယ်။ တိုကျိုမြို့ ရှီဘူယာနားက အများသုံးသန့်စင်ခန်း အသစ်နှစ်ခုကို သွားကြည့်လိုက်။ တံခါးပါ ပါနေတဲ့ မျက်နှာစာနံရံနဲ့ ဘေးနံရံပါ မှန်အကြည်တွေ။

အထဲမှာ လူမ ရှိရင် သာမန်မှန်အကြည်လို အထဲကို ထွင်းဖောက်မြင် နေရမှာတယ်။ ဒါပေမယ့် အထဲကိုလူဝင်ပြီး တံခါးချက်ချလိုက်တာနဲ့ မှန်နံရံအားလုံး အလင်းပိတ်သွားပြီး အရောင်တစ်ခုဖုံးသွားလို့ အထဲကို မမြင်ရတော့ဘူး။ အိမ်သာသုံးခန်းရှိရင် တစ်ခန်းတစ်ရောင်- အစိမ်းရောင်၊ အဝါရောင်နဲ့ လိမ္မော်ရောင်တွေ သမ်းမတဲ့။

NGO တစ်ဖွဲ့ဖြစ်တဲ့ The Nippon Foundation က Tokyo Toilet project ဒီဇိုင်းပြိုင်ပွဲလုပ်ပြီး ဆောက်ပေးထားတာတဲ့။ ကျားမမရွေး၊ အသက်အရွယ်နဲ့ မသန်စွမ်းသူပါမကျန် ဘယ်သူမဆို ဘေးကင်းကင်း အသုံးပြုနိုင်တဲ့ သန့်စင်ခန်းဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဆိုတယ်။ အိမ်သာထဲမှာ လူရှိလား၊ သန့်သန့်ရှင်းရှင်းကော ရှိရဲ့လား ဆိုတာ ကြိုကြည့်ပြီး ဝင်သုံးလို့ရအောင် ရည်ရွယ်တယ်လို့လည်း ဆိုတယ်။ (လျှပ်စစ်ဓာတ်အား သုံးရမှာတော့ သေချာတယ်၊ လူဝင်နေတုန်း မီးပြတ်သွားရင် မှန်ကြီးက ကြည်သွားမှာလား မသိ၊ အဲဒါမျိုးတော့ ဂျပန်တွေက ရှင်းပြမထားဘူး😬😬 )
သဲသဲ

Add a Comment

Your email address will not be published. Required fields are marked *

four × 4 =