











ပြန်လည်မျှဝေသည်


unicode

“ပုတက်လေးတွေ ကို မသတ်ကြပါနဲ့” (၁) နှစ်မှာ (၁)ကြိမ်သာ ပျော်ရွှင် ရတာမို့ လွတ်လပ်ခွင့်လေး ပေးပါ ….

“ပုတက်လေးတွေကို မသတ် ကြပါနဲ့”

၁နှစ်မှာ၁ကြိမ်သာ ပျော်ရွှင်ရ တာမို့ လွတ်လပ်ခွင့်လေး ပေးပါ

မိုးဦးကျတာနဲ့ ပျော်ခဲ့ရပေမဲ့ မင်းတို့ ရဲ့ ချိုပေစွ ဟင်းချိုတစ်ခွက်အဖြစ် ငါတို့ရဲ့ အပျော်တွေကို စွန့်လွှတ်ခဲ့ရတယ်

ငါတို့ရဲ့ရင်ကိုခွဲ မီးကြီးခဲ ရဲရဲပေါ် မှာ ငါတို့တစ်တွေရဲ့ သွေးစက်တွေ ခြောက်ကပ်ခဲ့ ရတယ်…

မင်းတို့တွေ တုတ် လက်နက် အစုံနဲ့ လာရင် ငါ့တို့အသိုက်အမြုံစီ အပြေးအလွှား ဝင်ပြီး ပုန်းခိုခဲ့ရတယ်

လူဆိုတဲ့ မင်းတို့ဟာ အသိဉာဏ် ရှိတော့ ငါတို့ရဲ့ ပုန်းခိုကျင်းလေးဟာ မကာကွယ်နိုင်ခဲ့ဘူးလေ အပြေးအလွှား ဆော့ကစားချင်တဲ့ ငါတို့မှာ ရန်ငြိုးမရှိပဲ အသက်အဖျက်ခံနေရတယ်

မင်းတို့ရဲ့ ခြေသံတွေကြားရင် ငါတို့ တွေ နှလုံးသားတွေ ကြောက်ရွံ့နေရရှာတယ်

မင်းတို့ သတ်ကွင်း မလွှတ်မှန်း သိလျှက် ငါတို့တွေ ရုန်းကန် ပြေးလွှားခဲ့ရတယ်

ရရှိတဲ့ ဘဝလေးမှာ ငါတို့လဲ လွတ်လပ် ပျော်ရွှင်စွာ နေချင်တာပေါ့ အိုမိတ်ဆွေတို့ရယ်…။

ဒီစာကို ဖတ်ပြီး အသိတရားရ၍ မသတ်ဖြတ်ပဲ ရှောင်ရှား နိုင်ကြပါစေ…။

{လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ}

ပြန်လည်မျှဝေသည်

Crd, U Thaw Zin Phyo. မောင်ရေစကြို

Add a Comment

Your email address will not be published. Required fields are marked *

12 + eleven =