unicode
ရိုးရှင်း အေးချမ်းစွာ လှသွေးကြွယ်နေတဲ့ ပုံရိပ်လေး နဲ့ မိသားစုပိုင် စားသောက်ဆိုင်ဖွင့်ပွဲ ကို တက်ရောက် ခဲ့တဲ့ သဇင်ထူးမြင့်
ပရိသတ်ကြီးရေ.. သဇင်ထူးမြင့်လို့ ဆိုလိုက်တာနဲ့ ချစ်စရာကောင်းပြီး အေးချမ်းစွာ လှရက်လွန်းနေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး တစ်ယောက်ကို ပြေးမြင်မိကြမှာပါနော်..။ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေး တစ်ယောက်ဖြစ်တဲ့ သူမကတော့ ဖခင်ဖြစ်သူ ရဲ့ အနုပညာအမွေတွေကို ရရှိထားပြီး အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်နော်..။
ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ သဲကတော့ အခုတစ်ခါမှာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ လှသွေးကြွယ်နေပြန်ပါတယ်နော်..။ သူမတို့မိသားစုပိုင်တဲ့ “အညာမြေစားဖွယ်စုံ” ဆိုင်(၁)ဖွင့်ပွဲလေးကို တက်ရောက်ခဲ့တာဖြစ်ပြီး ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ မြင်သူတိုင်းကို အမြင်အေးစေတာလည်း တွေ့ရမှာပါနော်..။
”အညာမြေစားဖွယ်စုံ ဆိုင် (၁) ပြန်ဖွင့်ပါပြီ ….ဆိုင်ဖွင့်ပွဲနေ့က ပုံလေးတွေပါ..” ဆိုပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဲ ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ချစ်ရတဲ့ သဲရဲ့ပရိသတ်တွေကလည်း ရိုးရှင်းအေးချမ်းစွာ လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်တွေ တိုးနေကြမှာ အသေအချာပဲမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။Source – Thazin Htoo Myint’s Fb Account
Photo Credit -Thein Zaw Min
Add a Comment
Your email address will not be published. Required fields are marked *
4 × 3 =