အေရွ႕ေတာင္အာရွ၏ အထည္ခ်ဳပ္ လုပ္ငန္းမ်ားတြင္ လႊမ္းမိုး ထားႏိုင္တဲ့ ျမန္မာ

ျမန္မာႏိုင္ငံသည္ အေရွ႕ေတာင္ အာရွ၏ အထည္ခ်ဳပ္လုပ္ငန္းမ်ားတြင္ လႊမ္းမိုးထားႏိုင္ေၾကာင္းေတြ႕ရွိရဟု Country Risk and Industry Research အစီရင္ခံစာဆို ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းသည္ ႏွစ္အနည္းငယ္အတြင္း တိုးတက္လာကာႏိုင္ငံ၏စီးပြားေရးတြင္ အေရးပါေသာ လုပ္ငန္းတစ္ခု ျဖစ္လာေၾကာင္းရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ဆိုသည္။

ယင္းအျပင္ လန္ဒန္အေျခစိုက္ သုေတသန အဖြဲ႕တစ္ခုျဖစ္သည့္Fitch Solutions မွ ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္အဆိုပါ လုပ္ငန္းသည္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအတြက္အေရးပါေသာ ေမွ်ာ္မွန္းခ်က္တစ္ခုျဖစ္ေၾကာင္းဝန္ႀကီးဌာနက ေျပာသည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္ ၁၄ တြင္ ထုတ္ျပန္ ခဲ့သည့္ Country Risk and Industry Research အစီရင္ခံစာအရျမန္မာႏိုင္ငံသည္ အေရွ႕ေတာင္အာရွ၏ အထည္ခ်ဳပ္လုပ္ငန္းမ်ားတြင္ လႊမ္းမိုးထားႏိုင္ေၾကာင္းသိရသည္။

ကမာၻေက်ာ္တံဆိပ္မ်ားျဖစ္ၾကသည့္ Adidas ၊ Gap ၊ H&M ႏွင့္ Marks & Spencer အစ ရွိသည္ တို႔သည္ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္လ်က္ရွိကာသာလြန္ေသာ အလုပ္အကိုင္ အေျခ အေနမ်ားႏွင့္ လုပ္ခလစာသက္သာမႈမ်ားေၾကာင့္မ်ားျပားလွစြာေသာ လုပ္ငန္းရွင္မ်ားက ျမန္မာႏိုင္ငံကို ေ႐ြးခ်ယ္လာမည္ဟု လည္းရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာ့အထည္ခ်ဳပ္သည္ ျပည္ပသို႔ ယခင္ထက္ ၁၀ဆ ေက်ာ္တိုးပို႔လာႏိုင္သည့္ အေနအထားတြင္ရွိေနသည္။

လက္ရွိ အစိုးရတာဝန္စယူခ်ိန္တြင္ ျမန္မာ့အထည္ခ်ဳပ္က႑၏ ထုတ္လုပ္ မႈတန္ဖိုးမွာအေမရိကန္ ေဒၚလာသန္း ၅၀၀ ႏွင့္ ယင္းက႑အတြက္ အလုပ္အကိုင္ ၄ သိန္းခန႔္ဖန္တီးေပးထားမႈမွေနာက္ပိုင္းတြင္ အထည္ခ်ဳပ္လုပ္ငန္းမ်ား တိုးတက္လာသည့္အတြက္အလုပ္သမား ၆ သိန္းခန႔္အထိဖန္တီးေပးလာႏိုင္သည့္အျပင္အထည္ခ်ဳပ္ လုပ္ငန္း(CMP)၏ ထုတ္လုပ္မႈတန္ဖိုးမွာလည္း ၄ ႏွစ္အတြင္း ဆယ္ဆတိုးလာကာယခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၅ ဘီလီယံေလာက္အထိ တိုးတက္ လာမယ့္ အေျခအေနတြင္ ရွိေနေၾကာင္းစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးက ေျပာဆို ထားသည္။

ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢ႐ုံးကလည္း ျမန္မာ့ အထည္ခ်ဳပ္က႑ အဆင့္ပိုျမင့္ေရးအျပည့္အ၀ ကူညီေပးမည္ဟု ဇူလိုင္လက ကတိျပဳေၾကညာ ထားၿပီးျဖစ္သည္။

ေနာင္ေနာင္/Myanmar Harp

unicode

အရှေ့တောင်အာရှ၏ အထည်ချုပ် လုပ်ငန်းများတွင် လွှမ်းမိုး ထားနိုင်တဲ့ မြန်မာ

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၏ အထည်ချုပ်လုပ်ငန်းများတွင် လွှမ်းမိုးထားနိုင်ကြောင်းတွေ့ရှိရဟု Country Risk and Industry Research အစီရင်ခံစာဆို မြန်မာ့အထည်ချုပ်လုပ်ငန်းသည် နှစ်အနည်းငယ်အတွင်း တိုးတက်လာကာနိုင်ငံ၏စီးပွားရေးတွင် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်လာကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းအပြင် လန်ဒန်အခြေစိုက် သုတေသန အဖွဲ့တစ်ခုဖြစ်သည့်Fitch Solutions မှ ထုတ်ပြန်သည့် ကြေညာချက်တွင်အဆိုပါ လုပ်ငန်းသည် အထည်ချုပ်လုပ်ငန်းရှင်များအတွက်အရေးပါသော မျှော်မှန်းချက်တစ်ခုဖြစ်ကြောင်းဝန်ကြီးဌာနက ပြောသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၄ တွင် ထုတ်ပြန် ခဲ့သည့် Country Risk and Industry Research အစီရင်ခံစာအရမြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အထည်ချုပ်လုပ်ငန်းများတွင် လွှမ်းမိုးထားနိုင်ကြောင်းသိရသည်။

ကမ္ဘာကျော်တံဆိပ်များဖြစ်ကြသည့် Adidas ၊ Gap ၊ H&M နှင့် Marks & Spencer အစ ရှိသည် တို့သည်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိကာသာလွန်သော အလုပ်အကိုင် အခြေ အနေများနှင့် လုပ်ခလစာသက်သာမှုများကြောင့်များပြားလှစွာသော လုပ်ငန်းရှင်များက မြန်မာနိုင်ငံကို ရွေးချယ်လာမည်ဟု လည်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာ့အထည်ချုပ်သည် ပြည်ပသို့ ယခင်ထက် ၁၀ဆ ကျော်တိုးပို့လာနိုင်သည့် အနေအထားတွင်ရှိနေသည်။

လက်ရှိ အစိုးရတာဝန်စယူချိန်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ ထုတ်လုပ် မှုတန်ဖိုးမှာအမေရိကန် ဒေါ်လာသန်း ၅၀၀ နှင့် ယင်းကဏ္ဍအတွက် အလုပ်အကိုင် ၄ သိန်းခန့်ဖန်တီးပေးထားမှုမှနောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်းများ တိုးတက်လာသည့်အတွက်အလုပ်သမား ၆ သိန်းခန့်အထိဖန်တီးပေးလာနိုင်သည့်အပြင်အထည်ချုပ် လုပ်ငန်း(CMP)၏ ထုတ်လုပ်မှုတန်ဖိုးမှာလည်း ၄ နှစ်အတွင်း ဆယ်ဆတိုးလာကာယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်အထိ တိုးတက် လာမယ့် အခြေအနေတွင် ရှိနေကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောဆို ထားသည်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးကလည်း မြန်မာ့ အထည်ချုပ်ကဏ္ဍ အဆင့်ပိုမြင့်ရေးအပြည့်အ၀ ကူညီပေးမည်ဟု ဇူလိုင်လက ကတိပြုကြေညာ ထားပြီးဖြစ်သည်။

နောင်နောင်/Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *

3 × four =