သူများ ဓာတ်ပုံကို ဖျက်ပြီး ဟားတိုက်တာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ စိတ်ဆိုးစွာပြော လာတဲ့ စိုင်းစိုင်းခမ်းလှိုင်

သူများ ဓာတ်ပုံကို ဖျက်ပြီး ဟားတိုက်တာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ စိတ်ဆိုးစွာပြော လာတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောက မှာ ဆယ်စုနှစ်နှစ်စုကျော်တိုင် အောင်မြင်မှုတွေ ဆွတ်ခူးရရှိထားသူပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူ ပရိသတ် အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေရဲ့ စနောက်ကျီစယ်ခြင်းကို အခံရဆူံးသူ တစ်ယောက်ပါပဲ။ စိုင်းစိုင်းခမ်းလှိုင်က သူ့ကိုနောက်ပြောင်သူတွေ ကို တော်ရုံပြောလေ့မရှိပဲ ဒီနေ့မှာတော့ စိတ်ဆိုးဒေါသဖြစ်စွာနဲ့ အခုလိုပဲ ပြောလာပါတယ်။

“ဘယ်ဘက်ပုံ အတွက် – ငယ်တုန်းက pose ပေးတာ ပုံစံ မကျတဲ့ အတွက် ဘာမှ ရှက်စရာမရှိပါဘူး ကြိုက်သလို share လို့ရပါတယ်။ ညာဘက်ပုံ အတွက် – ကျနော့်ပုံမှ မဟုတ်ဘူး တခြားယောက်ကျားလေး မိန်းကလေး ဘယ်သူ့ပုံပဲဖြစ်ဖြစ် သူများပုံကို ဖျက်ပြီးတော့ ဟားတာဟာ အောက်တန်း ကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံက မူရင်းပုံဖြစ်ပြီးတော့ ညာဘက်ပုံက ပြင်ထား တာဖြစ်တယ်။” ဆိုပြီး ပြောထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ကိုနောက်ပြောင်သူတွေ ကို တော်ရုံတန်ရုံပြောလေ့ မရှိပေမယ့် ဒီနေ့မှာတော့ သူ့ပုံကိုမှ ရွေးပြီးပြုပြင် ဖျက်ဆီးထားတာ​ကြောင့် ပြောထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။

Source: Sai Sai Khan Leng’s fb
Credit – Cele Connections