



Source: AYE MYA PHYU

unicode

အဆိုပိုင်းတင်သာမက မြန်မာအကကိုလည်း ကျွမ်းကျင်စွာ ကတက်ဖို့ အကလေးလေ့ကျင့်နေတဲ့ မိုးသိုလေး

အေးမြဖြူကတော့ Myanmar Idol season -4ကနေ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့ပြီး ယခုနောက်ပိုင်း မှာတော့ အနုပညာ အလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ကြော်ငြာ တွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာပါ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

ပရိသတ်အချစ်တော် အေးမြဖြူကတော့ အဆိုပိုင်တင်သာမက မြန်မာအကကိုလည်း ကျွမ်းကျင်စွာ ကတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ သူဟာ မကတာ တော်တော်ကြာပြီဖြစ်တဲ့ မြန်မာအကလေးလေ့ကျင့်နေတဲ့အကြောင်းကို “မြန်မာအက မကတာ တော်တော်ကြာပြီ Ps: အကသင်ပြီးကျင့်နေတာမို့လို့ မြန်မာဝတ်စုံမဝတ်ထားတာပါ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အကလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှထားပါတယ်

ပရိသတ်တွေကတော့ မိုးသိုလေးရဲ့အရာရာ မှာ စိတ်ဝင်တစားကြီုးစားမှုတွေကြောင့် အချစ်ပိုနေကြပါတယ်။ပရိသတ်ကြီးရေ အဆိုတော်အေးမြဖြူရဲ့ ပရိသတ်တွေသဘောကျနှစ်သက်နေတဲ့ မြန်မာအကလေးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်းဝေမျှလိုက်ပါတယ်နော်။

Source: AYE MYA PHYU

Add a Comment

Your email address will not be published. Required fields are marked *

eight − 3 =