လူငယ်တစ်ယောက်လို လှသွေးကြွယ်မှုမျိုး နဲ့ အရွယ် တင်နုပျိုနေတဲ့ ခိုင်သင်းကြည်

မပွတ်ကျွတ်ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ် တွေရင်ထဲ နေရာယူထားနိုင်ခဲ့တဲ့ အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့ အားလုံးအသည်းကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးအဖြစ် အခိုင်အမာရပ်တည်နေသလို ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်း နေသူလည်း ဖြစ်ပါတယ်နော်..။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင် မှုတွေကို ထိန်းထားနိုင်သလို ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှတရားတွေနဲ့ အရွယ်တင်နုပျိုမှုလေးတွေကလည်း ပရိသတ်တွေကို အားကျအချစ်ပိုစေတာပါ..။ မခိုင်လေးကတော့ သူမရဲ့ပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဆယ်ကျော်သက်လူငယ်လေး တစ်ယောက်လို လှသွေးကြွယ်မှုတွေနဲ့ နုပျိုနေ တဲ့ ပုံရိပ်လေးတွေ ကိုလည်း မခိုင်လေးက ထပ်မံဝေမျှထားပါသေးတယ်..။

“ပျော်ရွှင်ဖွယ် တနင်္ဂနွေလေး ဖြစ်ပါစေရှင့်..” ဆိုပြီး သူမ ရဲ့ Page လေးမှာ မျှဝေထားသလို “ချစ်ဖို့ပဲ လိုပါတယ် ပုံတွေများလို့ KHINE THIN KYI Pageနဲ့ FB မှာ ခွဲတင်လိုက်ပါတယ် လက်တွေညောင်းသွားရင်တော့ ခွင့်လွှတ်ကြပါနော်” ဆိုပြီးတော့ ကိုယ်ပိုင် Account လေးမှာလည်း ဝေမျှထားတာ
ဖြစ်ပါတယ်..။ ချစ်စရာ ကောင်းသလို ပွင့်လင်းလွန်းတဲ့ မခိုင်လေး ရဲ့ အရွယ်တင်လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြပါတယ်နော်..။

Source – Khine Thin Kyi’s Fb Account & Page

Photo Credit – Oak Kar Lay

Add a Comment

Your email address will not be published. Required fields are marked *

15 − seven =