အိဒ် ပွဲတော်အား ထိန်းချုပ် ကျင်းပလျှက်ရှိသည့် ဘင်္ဂလားဒက်ရှ် တွင် (၂၄) နာရီအတွင်း (၂၁) ဦးသေဆုံး

အိဒ် ပွဲတော်အား ထိန်းချုပ် ကျင်းပလျှက်ရှိသည့် ဘင်္ဂလားဒက်ရှ် တွင် (၂၄) နာရီအတွင်း (၂၁) ဦးသေဆုံး

ကိုဗစ်ကပ်ရောဂါကာလ အိဒ်ပွဲတော် အား ရိုးရှင်းစွာ ထိန်းချုပ်ကျင်းပလျှက်ရှိသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် မေလ ၂၅ ရက်နေ့နံနက်ပိုင်းထိ ၂၄-နာရီအတွင်း ၂၁-ဦး ထပ်မံသေဆုံးသဖြင့် Covid-19 ရောဂါကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း ၅၀၁-ဦး ဖြစ်လာသည်။

အိဒ်ရက်မြတ်၌ ၁-ရက် အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စွဲကပ်လျှက်ရှိသူ ၁,၉၇၅-ဦးကို ထပ်မံအတည်ပြုခဲ့ရာ နိုင်ငံအတွင်း SARS-CoV-2 ရောဂါပိုးကူးစက်မှုတွေ့ရှိပြီးနောက်ပိုင်း ၂၄-ရီအတွင်း အများဆုံးအရေအတွက် ဖြစ်သည်ဆို၏။ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ယခုနောက်ဆုံး အချက်အလက်များအရ ကိုရိုနာ ဗိုင်းရပ်စွဲကပ် လျှက်ရှိသူ စုစုပေါင်း မှာ ၃၅,၅၈၅ -ဦးဖြစ်ပြီး၊ ရောဂါကူးစက်ခံရသူနှင့် သေဆုံးမှု အချိုးအစားမှာ ၁.၄၂ ရာနှုန်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ကျန်းမာရေး ၀န်ဆောင်မှု ဦးစီးဌာနအထွေထွေ ညွှန်ကြားရေးမှူးချုပ် (အုပ်ချုပ်) ပါမောက္ခ၏ မွန်းလွဲပိုင်း နေ့စဉ် အွန်လိုင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံ ၌ တစ်ရက်အတွင်းသေဆုံးမှု အများဆုံးအဖြစ် ၂၈-ဦးကို မတ်လ ၂၄-ရက်နေ့တွင် တွေ့ရှိရသည်။ ယခုနောက်ဆုံးရက် သေဆုံးသူများတွင် အမျိုးသား ၁၆-ဦး၊ အမျိုးသမီး ၅-ဦးတို့ဖြစ်ကြောင်း၊ အသက်အရွယ်အလိုက် ၁၁ နှစ်မှ ၂၀ ကြား (၁-ဦး)၊ ၄၁ မှ ၅၀ နှစ်ကြား (၃-ဦး) ၊ ၅၁ မှ ၆၀ နှစ်ကြား (၉-ဦး) ၆၁ မှ ၇၀ ကြား (၄-ဦး)၊ ၇၁ မှ ၈၀ ကြား (၂-ဦး) ၊ ၈၁ မှ ၉၀ ကြား (၂-ဦး) တို့ ဖြစ်ကြသည်။

နောက်အကျဆုံး ၂၄-နာရီအတွင်း စမ်းသပ်မှု တွင် လူပေါင်း ၁၁,၅၄၁-ဦးကို စမ်းသပ်ပေးနိုင်ခဲ့ရာ ဒါကာ မြို့တော်တွင် ဓါတ်ခွဲခန်းဋ္ဌာနခွဲ ၂၅-ခုနှင့် နိုင်ငံအ၀ှမ်း အခြားဋ္ဌာနခွဲ ၄၈-ခုတို့မှ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ စမ်းသပ်စစ်ဆေးမှု အကြိမ်ပေါင်း ၂-သိန်း ၅-သောင်းကျော် ပြုလုပ်ပေး ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြ ထားသည်။

Covid-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက် ၍ အချိန်နှင့် တစ်ပြေး ညီဖော်ပြလျှက်ရှိသော ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ အဆင့် ၂၄-တွင် တွေ့ရှိရသည်။

Htay Oung (Oung Marine)

Add a Comment

Your email address will not be published. Required fields are marked *

4 + three =