ရခိုင္ ပိုးေတြ႕လူနာေတြ ထဲက ‌ေရာဂါျပင္းထန္ လာတဲ့ လူနာ (၃) ဦးနဲ႔ ပတ္သက္ၿပီး ေဒါက္တာခင္ခင္ႀကီး ေျပာၿပီ

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ ကိုဗစ္၁၉ ေရာဂါဟာ မျပင္းထန္ တာေၾကာင့္ စိုးရိမ္စရာမလိုဘူးလို႔ ေျပာေနၾကတာဟာ လုံးဝမွားယြင္းတယ္လို႔ ျပည္သူ႔က်န္းမာေရးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားလိုက္ပါတယ္

ေရာဂါပိုးေတြ႕လူနာေတြထဲမွာ ၃ ဦးဟာ ေရာဂါျပင္းထန္ လာတာကို ေတြ႕ရွိတာေၾကာင့္လို႔ ေဒါက္တာခင္ခင္ႀကီး က ေျပာထားတာပါ။ အဲဒီလူနာ ၃ ဦးဟာ အသက္ ၆၀ ေက်ာ္အ႐ြယ္ေတြ ျဖစ္ၿပီး ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြ ရွိေနသူေတြ ျဖစ္တယ္လို႔လည္း သိရပါတယ္

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္မွာ ကူးစက္မႈ ျဖစ္ေနၿပီး ကူးစက္ခံရသူေတြထဲမွာ က်န္းမာေရးဝန္ထမ္းေတြက ၁၀ ရာခိုင္ႏႈန္းေက်ာ္ပါေနတယ္ လို႔လည္း ဆိုပါတယ္

ဒါေၾကာင့္ ေရာဂါကူးစက္ခံရသူမ်ားေနတဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္မွာ က်ပန္းဓာတ္ခြဲနမူနာ ရယူစစ္ေဆးတဲ့ လုပ္ငန္းကို ၾသဂုတ္ ၃၁ ကေန စက္တင္ဘာ ၅ အထိ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒီေန႔ညေနမွာပဲ သတင္းထုတ္ျပန္လိုက္ပါတယ္

အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ ေနရာေတြျဖစ္ၾကတဲ့ ေဆး႐ုံ၊ ဘဏ္ ေလဆိပ္၊ ကယ္ဆယ္ေရးစခန္း နဲ႔ ရပ္ကြက္ေတြမွာ ေနထိုင္တဲ့ ျပည္သူ႔ဝန္ထမ္းျပည္သူ တစ္ေထာင္ခန႔္ကို ပထမအဆင့္ ေသြးနမူနာရယူ စစ္ေဆးသြားမွာလို႔ သိရပါတယ္

ေသြးနမူနာ ဓာတ္ခြဲအေျဖေတြမွာ positive ျဖစ္ရင္ စစ္ေဆးခံမယ္သူရဲ႕ ခြင့္ျပဳခ်က္နဲ႔ ႏွာေခါင္း တို႔ဖတ္နမူနာကို ရယူစစ္ေဆးသြားမွာျဖစ္ပါတယ္။ ဓာတ္ခြဲနမူနာမွာ ေရာဂါပိုးေတြ႕ရွိေၾကာင္း အတည္ျပဳရင္ေတာ့ ေဆး႐ုံမွာ သီးျခားထားရွိၿပီး အခမဲ့ေဆးကုသမႈေတြ ေဆာင္႐ြက္ေပးမယ္လို႔ ထုတ္ျပန္ထားတာပါ

ရခိုင္ျပည္နယ္မွာ ကူးစက္ျဖစ္ပြားမႈအေျခအေနေတြကို သိရွိႏိုင္ဖို႔အတြက္ ဓာတ္ခြဲနမူနာရယူစစ္ေဆးတာေတြကို ပူးေပါင္းပါဝင္ၾကဖို႔ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တိုက္တြန္းလိုက္ပါတယ္ crd

unicode

ရခိုင် ပိုးတွေ့လူနာတွေ ထဲက ‌ရောဂါပြင်းထန် လာတဲ့ လူနာ (၃) ဦးနဲ့ ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီး ပြောပြီ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ ရောဂါဟာ မပြင်းထန် တာကြောင့် စိုးရိမ်စရာမလိုဘူးလို့ ပြောနေကြတာဟာ လုံးဝမှားယွင်းတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်

ရောဂါပိုးတွေ့လူနာတွေထဲမှာ ၃ ဦးဟာ ရောဂါပြင်းထန် လာတာကို တွေ့ရှိတာကြောင့်လို့ ဒေါက်တာခင်ခင်ကြီး က ပြောထားတာပါ။ အဲဒီလူနာ ၃ ဦးဟာ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ရှိနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်

ရခိုင်ပြည်နယ် မြို့နယ် ၁၅ မြို့နယ်မှာ ကူးစက်မှု ဖြစ်နေပြီး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ၁၀ ရာခိုင်နှုန်းကျော်ပါနေတယ် လို့လည်း ဆိုပါတယ်

ဒါကြောင့် ရောဂါကူးစက်ခံရသူများနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ကျပန်းဓာတ်ခွဲနမူနာ ရယူစစ်ဆေးတဲ့ လုပ်ငန်းကို သြဂုတ် ၃၁ ကနေ စက်တင်ဘာ ၅ အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ညနေမှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်

အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေဖြစ်ကြတဲ့ ဆေးရုံ၊ ဘဏ် လေဆိပ်၊ ကယ်ဆယ်ရေးစခန်း နဲ့ ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူ့ဝန်ထမ်းပြည်သူ တစ်ထောင်ခန့်ကို ပထမအဆင့် သွေးနမူနာရယူ စစ်ဆေးသွားမှာလို့ သိရပါတယ်

သွေးနမူနာ ဓာတ်ခွဲအဖြေတွေမှာ positive ဖြစ်ရင် စစ်ဆေးခံမယ်သူရဲ့ ခွင့်ပြုချက်နဲ့ နှာခေါင်း တို့ဖတ်နမူနာကို ရယူစစ်ဆေးသွားမှာဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုရင်တော့ ဆေးရုံမှာ သီးခြားထားရှိပြီး အခမဲ့ဆေးကုသမှုတွေ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ

ရခိုင်ပြည်နယ်မှာ ကူးစက်ဖြစ်ပွားမှုအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ဓာတ်ခွဲနမူနာရယူစစ်ဆေးတာတွေကို ပူးပေါင်းပါဝင်ကြဖို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ် crd

Add a Comment

Your email address will not be published. Required fields are marked *

two × 2 =